စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

ဂ်ာမနီက မယ္ပဋာ

*ဂ်ာမနီက မယ္ပဋာ*
###########

❀ ၂၀၁၆- ခုႏွစ္ ဂ်ာမနီႏိုင္ငံကို သြားတုန္းက `ဂ်ာမနီက မယ္ပဋာ´ကို ေတြ႔ခဲ့ရေသးတယ္။ သူကေတာ့ သူ႔အမ်ိဳးသားေသလို႔ `မယ္ပဋာ´ျဖစ္သြားတာ။ ဘုန္းႀကီးတို႔ အဲဒီတုန္းက Frunt afurd ၿမိဳ႕ရိွ ဖတ္ေဟြး ဆိုတဲ့ ဗီယက္နမ္ဘုန္းႀကီးေက်ာင္းမွာ ေနတယ္။ အဲဒီမွာေနတုန္း ဂ်ာမန္သီလ႐ွင္တစ္ပါးကတစ္ဆင့္ ဂ်ာမန္အမ်ဳိးသမီးတစ္ေယာက္က ေတြ႔ခ်င္တယ္လို႔ ခြင့္ေတာင္းေတာ့ ေတြ႔ႏိုင္တဲ့ အခ်ိန္ကို သတ္မွတ္ေပးလိုက္တယ္။

❀ အခ်ိန္တန္ေတာ့ သူ ေရာက္လာတယ္၊ လက္ထဲမွာ သူ႔အမ်ိဳးသားရဲ႕ ဓာတ္ပံုေလးရယ္၊ ပန္းျခင္းေလးရယ္၊ ယူၿပီးေရာက္လာတယ္။ မ်က္ရည္စက္လက္ေလးနဲ႔ ဓာတ္ပံုေလးျပတယ္။ လြန္ခဲ့တဲ့ ၃-လ ေလာက္က သူ႔ေယာက္်ား ဆံုးသြားတယ္တဲ့။
သူ႔အေပၚမွာ အင္မတန္ေကာင္းတယ္ေပါ့။ ဒီလိုေယာက္်ားမ်ိဳး ေတြ႔ဖို႔ ဆံုဖို႔ ဆိုတာ အလြန္ခဲယဥ္းတယ္ေပါ့။ သိပ္ေကာင္းတယ္ ဘာညာနဲ႔ ေျပာေျပာၿပီး ငိုတယ္။ သူ႔ခင္ပြန္း ဆံုးသြားတဲ့ေနာက္ ဘယ္လိုမွ ေနလို႔ထိုင္လို႔ မရဘူးတဲ့။ သူ႔ကိုယ္​သူ သတ္ေသဖို႔ အႀကိမ္​ႀကိမ္​ႀကိဳးစားမိတယ္လို႔ ေျပာတယ္။

❀ ဘုန္းႀကီးကလည္း ဘာေျပာရမလဲ စဥ္းစားၿပီး `ကဲ ေနပါဦး မင္းတို႔ Fruntfurd မွာ လူဦးေရ ဘယ္ေလာက္ရိွလဲ ဆိုေတာ့ သန္းခ်ီရိွတယ္။ တစ္ေန႔တစ္ေန႔ လူေတြ ဘယ္ႏွစ္ေယာက္ ေသသလဲ အမ်ားအျပားပဲ ေသၾကတယ္၊ အဲဒီေတာ့ ကမၻာေလာကႀကီးမွာ လူဦးေရ ဘယ္ေလာက္ရိွလဲ။ သန္းေပါင္း ၅-ေထာင္ေက်ာ္ရိွတယ္၊ တစ္ကမၻာလံုးမွာ တစ္ေန႔တစ္ေန႔ လူဘယ္ေလာက္ေသသလဲလို႔ သူ႔ကို ေမးရင္းေမးရင္းကေန အေျဖရေတာ့ ဒါဆို မင္းေယာက္်ားတစ္ေယာက္တည္း ေသတာမွ မဟုတ္တာ၊ လူေတြအမ်ားႀကီး ေသေနၾကတာပဲ´ လို႔ သူ စိတ္သက္သာရာရေအာင္ ေျပာတယ္။

❀ေျပာေပမယ့္ သူက ဘာထပ္ေျပာလာတုန္းဆိုေတာ့  ဒီေလာက္ေကာင္းတဲ့ ေယာက္်ားမ်ိဳးဆိုေတာ့ သူ႔အဖို႔ မလြယ္ဘူးတဲ့။ `ေအး မလြယ္တာေတာ့ ဟုတ္ၿပီ။ မင္း ဒီလိုငိုေနရံုနဲ႔ မင္းေယာက်္ားက ဘယ္လိုမွ ျပန္လာမွာ မဟုတ္ဘူး၊ မင္းကိုယ္မင္း သတ္ေသလို႔လည္း ေနာက္ဘဝ ေတြ႔မွာမဟုတ္ဘူး၊ ဒါေပမယ့္ တို႔ဗုဒၶဘာသာမွာ ျပန္ေတြ႔ႏိုင္တဲ့နည္းလမ္းေတြ ျပထားတာရိွတယ္ ´လို႔ ဆိုေတာ့ အမယ္ သူက သေဘာက်လာတယ္။ သိခ်င္လာတယ္။

❀ ေတြ႔ႏိုင္တဲ့နည္းလမ္း တကယ္ရိွသလားတဲ့။ ေအး တကယ္ရိွတယ္၊ အဲဒီနည္းလမ္းက မင္း ကုသိုလ္​ေကာင္းမႈလုပ္၊ ကုသိုလ္ေကာင္းမႈလုပ္ၿပီး သူ႔ကို အမ်ွေဝ၊ အမ်ွေဝၿပီး ေနာက္ဘဝမွာ သူနဲ႔ ဆံုေတြ႔ပါရေစလို႔ ဆုေတာင္း၊ ဆုေတာင္းရင္ ျဖစ္လာႏိုင္တယ္။ ဒို႔ဆီမွာ လူေတြက ဆုေတာင္းၾကတယ္၊ `ငွက္ျဖစ္ရင္ေတာင္ တစ္ကိုင္းတည္း  နားပါရေစ´ တဲ့။ အဲဒီအေၾကာင္းကို ေျပာျပလိုက္ေတာ့ သူ သေဘာက်သြားတယ္။ ဒာမ်ိဳးက တကယ္ျဖစ္ႏိုင္လားတဲ့၊ ေအး ျဖစ္ႏိုင္တယ္လို႔ ဒို႔ျမတ္စြာဘုရားက ေဟာထားတာရိွ္တယ္လို႔ ေျပာလိုက္တယ္။

❀ ေနာက္ၿပီိး သူ႔ကို ဆက္ေျပာျပတယ္၊ `ဒို႔စာေပမွာ သဒၶါရယ္၊ သီလရယ္၊ စာဂရယ္၊ ပညာရယ္ အဲဒီေလးမ်ိဳးတူညီလို႔ရိွရင္ ျဖစ္ေလရာဘဝမွာ အတူတူျဖစ္ႏိုင္တယ္လို႔ ဆိုထားတယ္။ အဲဒီအရည္အခ်င္းေတြရေအာင္လုပ္ၿပီး ဆုေတာင္းပါ၊ မင္းျဖစ္ခ်င္တာေတြ ျဖစ္လာမွာပါ။တျခားဟာေတြ သြားမလုပ္နဲ႔။ မင္းကိုယ္မင္း သတ္ေသရင္ ေတြ႔မွာမဟုတ္ဘူး´လို႔ဆိုေတာ့ ေက်နပ္သြားၿပီး အဲဒီက်မွ မယ္ပဋာ မ်က္ရည္ေတြဘာေတြသုတ္ၿပီး အဘိဓမၼာသင္တန္းေတာင္ လာတက္တယ္။ တရားလည္း လာနာတယ္။ အဲဒါလည္းပဲ psychotherapy ပဲေလ။ ဒါ ဗုဒၶျမတ္စြာရဲ႕ ဓမၼသယ္ရဖီပဲ၊ ေလာကမွာ ဒီလိုေသာကျဖစ္ေနတဲ့ပုဂၢိဳလ္ေတြ ေျမာက္ျမားစြာရိွတယ္။ ဓမၼသယ္ရဖီဟာ အငိုတိတ္ေစၿပီး စိတ္ၿငိမ္းခ်မ္းမႈကို ရရိွေစႏိုင္္တယ္ေနာ္။

#ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။

Unicode Version
@@@@@@@@

*ဂျာမနီက မယ်ပဋာ*
###########

❀ ၂၀၁၆- ခုနှစ် ဂျာမနီနိုင်ငံကို သွားတုန်းက `ဂျာမနီက မယ်ပဋာ´ကို တွေ့ခဲ့ရသေးတယ်။ သူကတော့ သူ့အမျိုးသားသေလို့ `မယ်ပဋာ´ဖြစ်သွားတာ။ ဘုန်းကြီးတို့ အဲဒီတုန်းက Frunt afurd မြို့ရှိ ဖတ်ဟွေး ဆိုတဲ့ ဗီယက်နမ်ဘုန်းကြီးကျောင်းမှာ နေတယ်။ အဲဒီမှာနေတုန်း ဂျာမန်သီလရှင်တစ်ပါးကတစ်ဆင့် ဂျာမန်အမျိုးသမီးတစ်ယောက်က တွေ့ချင်တယ်လို့ ခွင့်တောင်းတော့ တွေ့နိုင်တဲ့ အချိန်ကို သတ်မှတ်ပေးလိုက်တယ်။

❀ အချိန်တန်တော့ သူ ရောက်လာတယ်၊ လက်ထဲမှာ သူ့အမျိုးသားရဲ့ ဓာတ်ပုံလေးရယ်၊ ပန်းခြင်းလေးရယ်၊ ယူပြီးရောက်လာတယ်။ မျက်ရည်စက်လက်လေးနဲ့ ဓာတ်ပုံလေးပြတယ်။ လွန်ခဲ့တဲ့ ၃-လ လောက်က သူ့ယောက်ျား ဆုံးသွားတယ်တဲ့။
သူ့အပေါ်မှာ အင်မတန်ကောင်းတယ်ပေါ့။ ဒီလိုယောက်ျားမျိုး တွေ့ဖို့ ဆုံဖို့ ဆိုတာ အလွန်ခဲယဉ်းတယ်ပေါ့။ သိပ်ကောင်းတယ် ဘာညာနဲ့ ပြောပြောပြီး ငိုတယ်။ သူ့ခင်ပွန်း ဆုံးသွားတဲ့နောက် ဘယ်လိုမှ နေလို့ထိုင်လို့ မရဘူးတဲ့။ သူ့ကိုယ်​သူ သတ်သေဖို့ အကြိမ်​ကြိမ်​ကြိုးစားမိတယ်လို့ ပြောတယ်။

❀ ဘုန်းကြီးကလည်း ဘာပြောရမလဲ စဉ်းစားပြီး `ကဲ နေပါဦး မင်းတို့ Fruntfurd မှာ လူဦးရေ ဘယ်လောက်ရှိလဲ ဆိုတော့ သန်းချီရှိတယ်။ တစ်နေ့တစ်နေ့ လူတွေ ဘယ်နှစ်ယောက် သေသလဲ အများအပြားပဲ သေကြတယ်၊ အဲဒီတော့ ကမ်ဘာလောကကြီးမှာ လူဦးရေ ဘယ်လောက်ရှိလဲ။ သန်းပေါင်း ၅-ထောင်ကျော်ရှိတယ်၊ တစ်ကမ်ဘာလုံးမှာ တစ်နေ့တစ်နေ့ လူဘယ်လောက်သေသလဲလို့ သူ့ကို မေးရင်းမေးရင်းကနေ အဖြေရတော့ ဒါဆို မင်းယောက်ျားတစ်ယောက်တည်း သေတာမှ မဟုတ်တာ၊ လူတွေအများကြီး သေနေကြတာပဲ´ လို့ သူ စိတ်သက်သာရာရအောင် ပြောတယ်။

❀ပြောပေမယ့် သူက ဘာထပ်ပြောလာတုန်းဆိုတော့  ဒီလောက်ကောင်းတဲ့ ယောက်ျားမျိုးဆိုတော့ သူ့အဖို့ မလွယ်ဘူးတဲ့။ `အေး မလွယ်တာတော့ ဟုတ်ပြီ။ မင်း ဒီလိုငိုနေရုံနဲ့ မင်းယောကျ်ားက ဘယ်လိုမှ ပြန်လာမှာ မဟုတ်ဘူး၊ မင်းကိုယ်မင်း သတ်သေလို့လည်း နောက်ဘဝ တွေ့မှာမဟုတ်ဘူး၊ ဒါပေမယ့် တို့ဗုဒ္ဓဘာသာမှာ ပြန်တွေ့နိုင်တဲ့နည်းလမ်းတွေ ပြထားတာရှိတယ် ´လို့ ဆိုတော့ အမယ် သူက သဘောကျလာတယ်။ သိချင်လာတယ်။

❀ တွေ့နိုင်တဲ့နည်းလမ်း တကယ်ရှိသလားတဲ့။ အေး တကယ်ရှိတယ်၊ အဲဒီနည်းလမ်းက မင်း ကုသိုလ်​ကောင်းမှုလုပ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး သူ့ကို အမျှဝေ၊ အမျှဝေပြီး နောက်ဘဝမှာ သူနဲ့ ဆုံတွေ့ပါရစေလို့ ဆုတောင်း၊ ဆုတောင်းရင် ဖြစ်လာနိုင်တယ်။ ဒို့ဆီမှာ လူတွေက ဆုတောင်းကြတယ်၊ `ငှက်ဖြစ်ရင်တောင် တစ်ကိုင်းတည်း  နားပါရစေ´ တဲ့။ အဲဒီအကြောင်းကို ပြောပြလိုက်တော့ သူ သဘောကျသွားတယ်။ ဒာမျိုးက တကယ်ဖြစ်နိုင်လားတဲ့၊ အေး ဖြစ်နိုင်တယ်လို့ ဒို့မြတ်စွာဘုရားက ဟောထားတာရှိ်တယ်လို့ ပြောလိုက်တယ်။

❀ နောက်ပြီိး သူ့ကို ဆက်ပြောပြတယ်၊ `ဒို့စာပေမှာ သဒ္ဓါရယ်၊ သီလရယ်၊ စာဂရယ်၊ ပညာရယ် အဲဒီလေးမျိုးတူညီလို့ရှိရင် ဖြစ်လေရာဘဝမှာ အတူတူဖြစ်နိုင်တယ်လို့ ဆိုထားတယ်။ အဲဒီအရည်အချင်းတွေရအောင်လုပ်ပြီး ဆုတောင်းပါ၊ မင်းဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။တခြားဟာတွေ သွားမလုပ်နဲ့။ မင်းကိုယ်မင်း သတ်သေရင် တွေ့မှာမဟုတ်ဘူး´လို့ဆိုတော့ ကျေနပ်သွားပြီး အဲဒီကျမှ မယ်ပဋာ မျက်ရည်တွေဘာတွေသုတ်ပြီး အဘိဓမ္မာသင်တန်းတောင် လာတက်တယ်။ တရားလည်း လာနာတယ်။ အဲဒါလည်းပဲ psychotherapy ပဲလေ။ ဒါ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မသယ်ရဖီပဲ၊ လောကမှာ ဒီလိုသောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေ မြောက်မြားစွာရှိတယ်။ ဓမ္မသယ်ရဖီဟာ အငိုတိတ်စေပြီး စိတ်ငြိမ်းချမ်းမှုကို ရရှိစေနိုင််တယ်နော်။

#ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။


No comments:

Post a Comment