#သိထားသင့်သောဘုရားစေတီသမိုင်း( 10 )
ဆံတော်ရှင်ကျိုက်ခေါက်နှင့်သန်လျင်
ကျိုက်ခေါက်သမိုင်းအကြောင်းကို ကထိကဦးသက်တင်၏ အဆိုကိုပဲ လက်ခံလာကြသည်။ (ပြည်တော်သာဦးထွန်းရီကတော့ ကျိုက်ခေါက်ဆံတော်ရှင်ကို သာသနာတော်သက္ကရာဇ် ၃၅ မှာ ပါဒဘုရင် သမိန်စက္ကဝတ်ဘွဲ့ခံ သုခမုခနန်းစောရှင် လက်ထက်မှာ တည်ထားကိုးကွယ်သည်ဟု ဆိုသည်။) ခုတော့ ကထိကဦးသက်တင်၏မူနှင့်ပဲ တွေးကြည့်လိုက်သည်။
ကျွန်တော် သန်လျင် မြို့သက်တမ်းကို စဉ်းစားတုန်းက တစ်ချို့က အကြံပေးကြသည်။ ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ ဇာတ်နှင့် ချိန်ကြည့်ဖို့ အကြံပေးကြသည်။ ကျေးဇူးတင်ရပါမည်။ ထိုအကြံပေးမှုကြောင့်ပဲ ကျွန်တော် တွေးတောစဉ်းစားရတော့သည်။ မင်းနန္ဒာသည် ဥက္ကလာပ မင်းကြီးရဲ့ သားလား။ ဒါမှမဟုတ် ဒဂုံမြို့စား သားလား။ တကယ်လို့ ဥက္ကလာပမင်းကြီးသားဆိုလျှင်တော့ ကျိုက်ခေါက်သမိုင်းနှင့် လွဲပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ဥက္ကလာပမင်းကြီးသည် ရွှေတိဂုံဘုရားကို တည်သောမင်းဖြစ်သည်။ ရွှေတိဂုံဘုရားနှင့် ကျိုက်ခေါက်ဘုရားသည် နှစ်ပေါင်း (၂၄၁)နှစ်ကွာသည်။ ထို့ပြင် ကျိုက်ခေါက်ဘုရားသမိုင်း၌ ရှင်မွေ့နွန်းသည် အလှူပြုခဲ့သည်၊ ကန်တူးခဲ့သည်ဟု ဆိုလေသည်။ ထိုအချက်များကြောင့် ဥက္ကလာပမင်းကြီးသားသည် ဘယ်နည်းနှင်မျှ နှစ်ပေါင်း (၂၀၀)ကျော် အသက်မရှည်နိုင်ပါ။ ထိုအချက်နှင့်ပင် မင်းနန္ဒာတို့ ဇာတ်လမ်းနှင့် သန်လျင်သမိုင်းကို ချိန်ထိုး၍ မရတော့ပါ။ ကထိကဦးသက်တင်ကတော့ ဒဂုံမြို့စားသားဟု ဆိုပါသည်။ (အမှန်တော့ ဥက္ကလာပမင်းကြီးနှင့် မောင်သန်လျင်သည် နှစ်ပေါင်း(၁၁၇၃)နှစ် ကွာခြားပါသည်။)
ကျိုက်ခေါက်စေတီကို သာသနာသက္ကရာဇ် ၂၄၁ ခုနှစ်တွင် အရှင်ခေါလကရသေ့သည် သထုံမင်း စူဠသီရိမာသောကမင်းထံမှ ဆံတော်ခြောက်ဆူဖြင့် တိုက်စေတီ တည်ထားခဲ့လေသည်။ ကျိုက်ခေါက်ဘုရားတွင်လည်း ခေါလကရသေ့ကြီးနှင့် စူဠသီရိမာသောကမင်းပုံကို ထုလုပ်ထားသည်။ ယခု သာသနာနှစ် ၂၅၅၉ ခုနှစ်ဆိုတော့ ကျိုက်ခေါက်ဘုရား၏ သက်တမ်းမှာ နှစ်ပေါင်း ၂၃၁၈ နှစ်ရှိနေပေပြီ။
သန်လျင်မင်းဆက်၏ အစဖြစ်သော မောင်သန်လျင်သည် သာသနာနှစ် ၁၁၇၃ နှစ်တွင် ပါဒနောက်ဆုံးမင်းဖြစ်သော အရိန္ဒမင်းကို စီးချင်းထိုးပြီး သိမ်းပိုက်လိုက်သည်။ စကားမြို့ကိုလည်း သန်လျင်မြို့အဖြစ် အမည်မှည့်ခဲ့သည်။ ယခု သာသနာနှစ် ၂၅၅၉နှစ် ဖြင့်ဆိုလျှင် သန်လျင်၏ သက်တမ်းသည် နှစ်ပေါင်း ၁၃၈၆ နှစ် ရှိနေပါသည်။
ထို့ကြောင့် ကျိုက်ခေါက်ဆံတော်ရှင်နှင့် သန်လျင်မြို့ သည်နှစ်ပေါင်း ၉၃၂ နှစ် ကွာလှပေသည်။
(ကိုးကား ပြည်တော်သာဦးထွန်းရီ၏ ပါဒနိုင်ငံတော်ရာဇဝင်၊ ကျိုက်ခေါက်စေတီတော်သမိုင်း၊ အင်တာနက်မှရသော သက္ကရာဇ်လေးမျိုးတွက်ချက်ပုံ)
ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)၏post ကို
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage ပြန်လည်တင်ဆက်သည်
https://www.facebook.com/Dhamma Sarpay
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Friday, November 25, 2016
ဆံတော်ရှင်ကျိုက်ခေါက်စေတီသမိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment