အကောင်းမှီရင် အမှီကောင်းပါတယ်
*********************************
လောကမှာ
ချမ်းသာပြည့်စုံနေကြတဲ့သူတွေအားလုံးဟာ
အမှီကောင်း ရကြလို့
ချမ်းသာပြည့်စုံနေကြတာပါ ။
အမှီကောင်းရချင်ရင်
အကောင်းကို မှီရပါမယ် ။
အကောင်းမှီမှ အမှီကောင်းနိုင်ပါတယ် ။
အကောင်းတွေ အားလုံးထဲမှာ
အဆင့်အမြင့်ဆုံး အကောင်းကတော့
မြတ်စွာဘုရားပါပဲ ။
ဂုဏ်တော်ပွားများသောအားဖြင့်
မြတ်စွာဘုရားတည်းဟူသော
အကောင်းကို မှီရင်
ကံပွင့်လာဘ်ဖွင့် ကုသိုလ်ဘုန်းကံ ဆိုတဲ့
အမှီကောင်းရနိုင်ပါတယ် ။
ကုသိုလ်ဘုန်းကံ ဆိုတဲ့
အမှီကောင်းကို
အဆင့်မြင့်မြင့် ရထားမှတော့
လာဘ်မပေါမှာ / စီးပွားမတတ်မှာ
ဘာမှ ပူစရာမလိုတော့ပါဘူး ။
လိုတရစွမ်းရည်ပိုင်ရှင်
မြတ်စွာဘုရားကို
အမြဲမပြတ် သတိရနေမှတော့
ကိုယ့်နှလုံးသားမှာလည်း
လိုတရစွမ်းရည်တွေ
ကိန်းဝပ်နေပြီပေါ့ …။ ။
#ဆရာတော်အရှင်ဆန္ဒာဓိက
https://m.facebook.com/story.php?story_fbid=365577860459943&id=100010231960704
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, November 30, 2016
အကောင်းမှီရင်အမှီကောင်းပါတယ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment