စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, August 31, 2015
ဘုရားရှင်ပင်ခံခဲ့ရသော ဝစီကံအပြစ်ငါးဘဝ (ဃ)
•°•°•°•°•°•°•°•°•°•°•°•°^^^^^^^^^°•°•°•°•°•°•°•°•
တိတ္ထိတို့သည် သုန္ဒရီ ပရဗိုဇ်မငယ်ကို ဘုရားရှင်နှင့် ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ပြီးနောက် လူမိုက်များကို ငှါးကာ သုန္ဒရီပရဗိုဇ်မကို သတ်စေသည်.
သတ်ပြီးနောက် ဇေတဝန်ကျောင်းအနီး အမှိုပ်ပုံ၌ ပစ်ထားစေသည်..။
ဘုရားရှင်ပင်ခံခဲ့ရသောဝစီကံအပြစ်ငါးဘဝ(ဂ)
` ` ` ` ` ` ` ` ` ` ` ` *****************´´´´´´ ´´´´´´´´´´´´
သုန္ဒရီပရဗိုဇ်မကလည်း ပန်းနံ့သာလိမ်းပြီး ညနေလူများ တရားနာကအပြန် ဇေတဝန်ကျောင်းဘက်သို့ သွားသည်..။
Sunday, August 30, 2015
ဘုရားရှင်၏ဝစီကံအပြစ်
ပြောတော့တစ်ခဏ ခံရတော့ အဆက်ဆက်ဘဝ
×××××××××××××°´°´°´°´°´°´°´°×××××××××
Saturday, August 29, 2015
သုတမယဥာဏ်
သိကြားမင်းလျှောက်ထားတောင်း ပန်
သည့်အတွက် မြတ်စွာဘုရားက
အကျဉ်းချုပ် သုတမယဉာဏ်ပြည့်စုံ
ပုံကို----
" ဣဓ ဒေဝါနမိန္ဒ ဘိက္ခုနော
သုတံ ဟောတိ သဗ္ဗေ ဓမ္မာ နာလံ
အဘိနိဝေသာယာ တိ။
ဒေဝါနမိန္ဒ နတ်တို့အရှင် သိကြားမင်း
ဣဓ ဤသာသနာတော်၌ ဘိက္ခုနော
အရဟတ္တဖိုလ် ပေါက် အားထုတ် လိုသော ရဟန်းသည် သဗ္ဗေ ဓမ္မာ
နာလံ အဘိနိဝေသာယာတိ
အလုံးစုံသော တရားတို့သည် မြဲ
သည် ချမ်းသာသည် အတ္တကောင်
ဟု နှလုံးသွင်း စွဲလမ်းရန် မထိုက်တန်
မသင့်လျော်ကုန်ဟူ၍ သုတံ ကြားနာ မှတ်သားဖူးသည် ဟောတိ ဖြစ်၏။
ဆိုလိုသည်မှာ မိမိသန္တာန် သူတစ်ပါး
သန္တာန်မှာရှိကြတဲ့ တရားအလုံစုံဟာ
မြဲတယ် ချမ်းသာတယ် အတ္တကောင်
ဘဲလို့ မစွဲလမ်းထိုက်ဘူး အနိစ္စ ဒုက္ခ
အနတ္တသဘောတရား ချည်းပဲလို့
ဒါလောက် ကြားနာ မှတ်သားဘူးရင်
ဝိပဿနာ ရှူ့ဖို့အတွက် သုတမယ
ဉာဏ် ပြည့်စုံပြီ လို့ဆိုပါ တယ်။်
ဝစီကံအပြစ်..
°•°•°•°•°•°•°•°•°•°•`´`´`´`´`´`°•°•°•°•°•°•°•°•°•°•
(က) ဒုက္ကရစရိယ( ၆ )နှစ်ကျော် ကျင့်ခဲ့ရခြင်း၏ အတိတ်ဝစီကံ**
Friday, August 28, 2015
လူမဆန်သောဘေး
#အမနုဿ .(လူမဆန်သော)ဘေး
=======================
ယနေ့ကမ္ဘာပေါ်၌လူအပေါင်းတို့သည်-*အနာရောဂါဘေး *လူမဆန်သော သူအမျိုးမျိုးတို့၏ဘေး *ငတ်မွတ်ခေါင်းပါးခြင်းဘေး တည်းဟူသော ဘေးသုံးမျိုးတို့ကြောင့် ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းတို့ကိုအမြဲတစေ ခံစားနေကြရပါသည် ငြိမ်းချမ်းမှုကိုမရနိုင်ဘဲ ရှိနေကြပါသည်။ ထို့ကြောင်ထိုဘေးသုံးမျိုးတို့မှ လူအပေါင်းတို့ကိုကယ်တင်ရန်ကမ္ဘာသမိုင်းတွင်ထင်းရှားသောခေါင်းဆောင်များပေါ်ပေါက်ခဲ့ကြပါသည်။
ထိုခေါင်းဆောင်များသည်ပုထုဇဉ်များဖြစ်ကြသည်အာလျော်စွာအတ္တဒိဋ္ဌှိအမြင့်ဖြစ်တွေးခေါပြုစုထားသောဘက်လိုက်သောဝါဒများ၏လမ်းညွန်မှအရလူအပေါင်တို့၏ကိုယ်ချမ်းသာမှစိတ်ချမ်းသာမှုငြိမ်းချမ်းမူတို့ကိုဆောင်ရွက်ခြင်းဖြစ်လေရာမိမိတို့အနေဖြင်မည်မျှပင်စိတ်ကောင်စေတနာကောင်းထားပြီဆောင်ရွတ်စေကာမူငါငါဟူသောမန်မာနကိုရှေတန်းတင်ထားမိသဖြင့်ခေါ်င်းဆောင်များကိုယ်တိုင်တစ်ခါတစ်ရံလူမဆန်သောလူအချို့အမနုဿ သဘောသို့သက်ရောက်မမှန်းမသိသက်ရောက်သွားတတ်ပါသည်
Credit-ဆရာကြီးဦးရွှေအောင်၏်
"ဗုဒ္ဓလောကသားတို့၏်
အနှိုင်းမဲ့ကျေးဇူးရှင်
ကိုယ်ကျင့်ဗုဒ္ဓဝင်ု
အသိမှား
မိစ္ဆာဒိဋ္ဌိ အယူရှိသူတွေက ကံ ကံ၏
အကျိုးမရှိဘူး လို့ ဘယ်လိုပဲ
ဟောပြောနေစေကာမူ ငါတို့ကတော့
ကံ ကံ၏ အကျိုးရှိတယ်ဆိုတဲ့ အယူမှန်
ရှိစေမယ်လို့ ဒီလို ခိုင်ခိုင်မြဲမြဲ နှလုံးသွင်း
ဖို့လိုပါတယ်။ တစ်ချို့မှာ ခိုင်ခိုင်မြဲမြဲ
နှလုံးမသွင်းနိုင်တဲ့အတွက် မိစ္ဆာ
အယူအားပေးသော စာအုပ်တွေ
ဖတ်ပီး အယူဖောက်ပြန်သွား
တာလဲရှိတယ်။
Thursday, August 27, 2015
ပဋ္ဌာန်းလေးမျိုး အမှတ် ၁၃
ဝိပဿနာကျင့်ရာ၌
တစ်ရာအသက်ရှည်သည်ထက်လည်း
ဖြစ်ပျက်လေဟန် ရုပ်နဲ့နာမ်ကို
အမှန်မြင်လျှက် ဥာဏ်စဉ်တက်၍
တစ်ရက်တာမျှ သက်ရှည်ရလည်း
လောကလူ့ရွာ မြတ်ကြောင်းသာတည်း
ဗုဒ္ဓမြတ်စွာ မိန့် ခွန်းတည်း......။
Wednesday, August 26, 2015
ပဋ္ဌာန်းလေးမျိုး အမှတ် ၁၂ ( ခ )
Tuesday, August 25, 2015
ပဋ္ဌာန်းလေးမျိုး အမှတ်၁၂
တရားအစစ် သတ္တဝါတိုင်းမှာ ဖြစ်နေကြတာကို စာမတတ်သူပါ သိအောင်ဖေါ်ပြချက်
Monday, August 24, 2015
ပဋ္ဌာန်းလေးမျိုး အမှတ် ၁၀ ( ခ )
ဘုန်းကံပါရမီပြည့်စုံသူရဲ့ ဥစ္စာပစ္စည်းကို..
Sunday, August 23, 2015
လောကဓံကြံ့ကြံ့ ခိုင်နည်း
၁။ ငါသည် အိုခြင်းသဘောရှိ၏ အို ခြင်းသဘောကိုမလွန်ဆန် နိုင်
၂။ ငါသည် နာခြင်းသဘောရှိ၏ နာခြင်းသဘော ကိုမလွန်ဆန် နိုင်
၃။ ငါသည် သေခြင်း သဘောရှိ၏ သေခြင်းသဘောကို မလွန်ဆန် နိုင်
၎။ ငါ ၏ချစ်မြတ်နိုးရာဟူသရွေ့ သည် ရှင်ကွဲ သေကွဲ ဖြစ်ရပေ မည်
၅။ ငါသည် ကံ သာလျင် မိမိ ဥစ္စာ ရှိ၏။ ကံ သာလျင် အမွေခံ ဖြစ် အကြောင်းဖြစ် အဆွေ အမျိုးဖြစ် ကိုးကွယ်မှီခိုရာဖြစ် ငါ ပြုသော အမှုကို ငါ သာလျင် ပြန်ရမည်။
မြတ်ဗုဒ္ဓ ၏ အင်္ဂုတ္တိုရ် ပါဋ္ဌိ
ပဉ္စကနိပါတ်တော် ဌာန သုတ်
ပစ္စုပ္ပန်ကြီးပွားချမ်းသာကြောင်းတရား ၄ ပါး
၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွ လုံ့လ ဝီရိယဖြင့် ဥစ္စာစည်းစိမ် တို့ကိုရှာဖွေသည်။
၂။ အာရက္ခသမ္ပဒါ = မကုန်သင့်တာ မကုန်ရအောင်ထိန်း သိမ်းစောင့်ရှောက်မှုဖြင့်ပြည့်စုံသည်။
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိခြင်း။
၎။ သမဇီဝိတသမ္ပဒါ = အဝင် အထွက် မျှတအောင်လုပ် တတ်ခြင်း။
ပဋ္ဌာန်းလေးမျိုး အမှတ် ၁၀
အကျဉ်းမျှပြချက်
ပစ္စယနိဒ္ဒေသကို
အခြားမဲ့၌
ရှစ်စားတို့တွင်
ဟောတော်မူ၏ ။
ပဋ္ဌာန်းလေးမျိုး အမှတ် ၉
အထံက
တွေ့ မြင်သမျှတိုင်း
တို့မှာ
ရှုလိုပါမူ ကောင်းတာတွေ
သမျှတို့လဲပျက် ၊
သမျှတို့လဲပျက် ၊
မြင်သိသမျှတို့လဲပျက် ၊
ကို ပါဠိလို အနိစ္စုခေါ်၏ ။
Saturday, August 22, 2015
အပ္ပမာဒေန သမ္ပာဒေထ..
မင်္ဂလာပါ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့..
❆ မမေ့မလျော့ မပေါ့မဆနဲ့ ❆
ရှိနေသည်..။
အိုခြင်းတရား လွန်ဆိုးဝါး ရှောင်ရှားမရပြီ...။
အိုမူပိုင်ရှင် မအိုခင် ကြိုတင်တရားရှာရမည်။
ရှိနေသည်..။
နာခြင်းတရားလွန်ဆိုးဝါး ရှောင်ရှားမရပြီ။
နာမူပိုင်ရှင် မနာခင် ကြိုတင်တရား ရှာရမည်။
ရှိနေသည်..။
သေခြင်းတရား လွန်ဆိုးဝါး ရှောင်ရှားမရပြီ...။
သေမူပိုင်ရှင် မသေခင် ကြိုတင်တရား ရှာရမည်..။
သူရဲကောင်း
"ငါ"ပါသောသူရဲကောင်း
"ငါ"ပါသောသူရဲကောင်း
================
နိုင်ငံတိုင်း၌ သူရဲကောင်းများ ရှိကြ၏။
သူတို့ သည် နိုင်ငံနှင့် လူမျိုးအတွက် အနစ်နာခံ
ကြသည်။
ပစ္စည်း ဥစ္စာများကိုလည်း စွန့် ကြ၏။ ခြေလက်
အင်္ဂါများကိုလည်း စွန့် ကြ၏။ အသက်ကိုပင်
စွန့် ကြ၏။ သို့ ရာတွင် မိမိအနစ်နာခံမှုကြောင့်
အကျိုးတရားများ ဖြစ်ထွန်းလာသောအခါ "တ
ကယ်တမ်းအနစ်နာခံခဲ့သူ ထို့ ကြောင့် ဖြစ်ပေါ်
လာသောအကျိုးတရားကို ခံစားခြင်းခံစားလျှင်
ငါသာလျှင် ခံစားထိုက်သည်" ဟု ခံယူသော သူ
ရဲကောင်းများလည်း ရှိကြ၏။ ထိုသူရဲကောင်း
များကား "ငါ" မှ မလွတ်မြောက်သော စွန့် လွတ်
မှုဖြင့် စွန့် လွတ်သော သူရဲကောင်းများဖြစ်ကြ၏။
ထို့ ကြောင့် ထိုသူရဲကောင်းများကို "ငါ"ပါသော
သူရဲကောင်းများဟူ၍ ဆိုရ၏။
Friday, August 21, 2015
အကျင့်
သစ္စာတရားသိဖိွုှ့န်အတွက် အကျင့်မြတ်ကိုကျင့်ရာတွင်
ဆင်းရဲသောအကျင့် လည်းရှိ၏။
ချမ်းသာသော အကျင့်လည်းရှိ၏။
မိမိတို့၏ ပါရမီ အလိုက် ကျင့်ရသည်
ပင်ဖြစ်၏။ ဆင်းရဲခြင်း ချမ်းသာခြင်း
သည်ပဓာနမဟုတ်။ မဇ္ဈိမပဋိပဒါ ဟု
ဆိုသော မဂ္ဂင် ၈ ပါး ပါဝင်သော
ကျင့်စဉ်ဖြစ်ဖို့သာ ပဓာန ဖြစ်သည်။
မဂ္ဂင် ၈ ပါး ပါဝင်သော ချမ်းသာသည့်
အကျင့်ကို သုခပဋိပဒါ ဆင်းရဲသော
အကျင့်ကို ဒုက္ခပဋိပဒါ ဟုခေါ်သည်။
Thursday, August 20, 2015
ကောင်းမြင့်မြတ်သူ..
**><**><**><**
စိတ်ထားဆိုး လူဆိုးဖြစ်လိမ့်မယ်..။
စိတ်ထားနိမ့် လူနိမ့်ဖြစ်လိမ့်မယ်..။
စိတ်ထားယုတ် လူယုတ်ဖြစ်လိမ့်မယ်။
( ရွှေ ဥ ယု )
Wednesday, August 19, 2015
ပဋ္ဌာန်းလေးမျိုး အမှတ် ၈
(((၁၀)))8အလုပ်ပေး
ဟေတုပစ္စည်း
အတိုချုပ်
ဝိပဿနာအလုပ်ပေးရန်
ဤဟေတုပစ္စည်းကို
ရှေးက ကုသိုလ်၊အကုသိုလ်၊
အဗျာကတသုံးစားတို့နှင့်
ပြခဲ့သည်များကို
အကျဉ်းချုပ်၍ ပြဆိုရမူ
ခြောက်ဒွာရ တို့ဖြင့်
ခြောက် အာရုံတို့ကို
သိသမျှ ဇောစိတ်
တို့ကား
ကုသိုလ်ဖြစ်
လောက်အောင်
အသင့် အတင့်
နှစ်လုံးသွင်းခြင်း
(ဝါ)ကောင်းကောင်း
စဉ်းစါးခြင်း
ယောနိသောမနသီကာ
ရနှင့်
စောင့်စီးခြင်း သံဝရ
စသော
သူတော်ကောင်း အလေ့
မရှိသူတို့
ကောင်းတာတွေကို
မြင်လျင်
ဘာဟိတ်
်ဖြစ်မလဲ ၊
လောဘ ဟိတ် ၊ မောဟ ဟိတ်
ဖြစ်ပါသည် ။
မတရား
လိုခြင်စိတ် ၊
ငေးငိုင်ကာစိတ်နှင့်ကိုယ်နှင့်
မကပ်ဖူးဟူသောအခြေအနေမျိုး ၊
တနည်း-အလှကောင်မကို
အလှ-ကောင်ထီးကို
အလှ-ပစ္စည်း ကို
အလှ-ကာမဂုဏ်
တွေ့ကိုမြင်လျင်
ဘာဟိတ်ဖြစ်မလဲ
(ဝါ)ဘာစိတ်
ဖြစ်မလဲ ဟု
ဤလောကမှာ
ရှိသည့်
အကောင်းတွေကို
ခွဲစိတ်၍
မေးသမျှတို့ကို လောဘဟိတ် ၊
မောဟဟိတ်တို့ဖြစ်ပါသည်
ဟုဖြေလေ ။
တဖန် မကောင်းတာကို
တွေ့ကို မြင်လျင်
ဘာဟိတ်ဖြစ်မလဲ၊
ဒေါသဟိတ်၊မောဟဟိတ်
တို့ဖြစ်ပါမည် ။
တနည်း-ရန်သူမကို
ရန်သူထီးကို မစင်ကို
ခွေးကောင်ပုပ်
စသည်တို့ကို
မြင်လျင်
ဘာဟိတ်ဖြစ်မလဲ
မကောင်း
တဲ့အာရုံတွေကို
ခွဲစိတ်၍မေးသမျှ
တို့ကို
ဒေါသဟိတ်၊မောဟိတ်တို့
ဖြစ်ပါမည်ဟု ဖြေလေ ။
တစ်ဖန် သာမည
ဝတ္ထုတွေကိုမြင်လျင်
ဘာဟိတ်ဖြစ်မလဲ၊
မောဟဟိတ်ဖြစ်ပါမည် ။
တနည်း -
သာမညဖြစ်ကြသည့်
မြေကို မျက်ကို တောကို တောင်
စသည်တို့ကိုမြင်လျှင်
ဘာဟိတ်ဖြစ်မလဲဟု
ခွဲစိတ်၍ မေးသမျှတို့ကို
မောဟိတ်တို့ဖြစ်ပါသည်
ဟု ဖြေလေ ။
ဤကား
အကုသိုလ်ဇောဖြစ်ပုံ အမေးအဖြေတည်း ။
********
----=----
အကြောင်းအရာ
တစ်ခုခြင်း
ဆစ်ပိုင်းကာ
အကြိမ်ကြိမ်
ဖတ်တော်ကြ
ပါရန်တိုက်တွန်း
အပ်ပါသည်
ဓမ္မဆွေတို့
@@@@@
@@@@@
=*=*=*=*=
=*=*=*=*=
နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင် အမှတ် ၇
နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝင် အမှတ် ၆
ပဋ္ဌာန်းလေးမျိုး အမှတ် ၇
(((9)))(7)
အကယ်၍ ၄င်းဒွိဟိတ်ဇောတို့၏
ရှေ့နောက်အဖို့တို့မှာ
လောဘ ၊ ဒေါသ ၊ မောဟ
တို့ ခြံရံပါမူ
ဒွိဟိတ်သြမက
ကုသိုလ်တို့
(ဝါ) အလောဘ
အဒေါသတို့
အကြောင်းခံသော
ကုသိုလ်အညံ့စါး
ဖြစ်ကြပါ၍
ဝိပါက်အကျိုးများ
ဖြစ်ပွားကြသောအခါ
လူဖြစ်ပါလျက်
စက္ခုသောတ စသည်
(ဝါ)
မျက်စိမမြင်သော
နားမကြားသော
ချို့တဲ့သော
သုဂတိ
အဟိတ် ပဋိသန္ဓေ ၊
အဟိတ် ဘဝင် ၊
အဟိတ် စုတိ တို့
(ဝါ) အသိဥာဏ်မရှိသော
မိခင်ဝမ်းတွင်းက ကလေး
အသိဥာဏ်မရှိသော
စိတ်နှင့် လူ
အသိဥာဏ် မဲ့သော
သေခြင်း
ဘဝကူး
မကောင်းနှိုင်သော
သေခြင်း
စသည်တို့ချည်းသာ
ဖြစ်ကြကုန်ရာ၏
ဟု ပဋိသန္ဓေ ၊
ဘဝင် ၊
စုတိ ၊ တို့
အကျိုးဖြစ်ပုံများကို
လည်း သိ ကြား
နားလည်ကြပါလေ ။
ဤသို့ တိဟိတ်ဥက္ကဋ္ဌ
ကုသိုလ် အကြောင်းပြုမှ
တိဟိတ် ပဋိသန္ဓေ
အကျိုးရမည်ကို
မသိရှိသူတို့က
ဆုတောင်းရမည်ဟု
ထင်မြင်ကြ၍
ဤကုသိုလ်ကြောင့်
တိဟိတ် ပဋိသန္ဓေ
ဘဝဆက်တိုင်း
နေကြရပါလို၏
ဟု ဆုတောင်းခြင်းက
ုငါတို့
မိုးညှင်းတောရအနီး
ကူတောဘုန်ကြီး
တပည့်တို့က
ဆုတောင်းကြ
သည်၌
၎င်းကူတောဘုန်းကြီးက
"ဟဲ့ အမိုက်မသားတို့
တိဟိတ်ဆိုတာ
ဆုတောင်း၍
ရတာမျိုးမဟုတ်
ရှေ့ကပြခဲ့သည့်အတိုင်း
တိဟိတ်ဥက္ကဋ္ဌ
ကုသိုလ်တို့ကို
ိုပြုမှ
တိဟိတ်
ပဋိသန္ဓေအကျိုးကို
ပေးနှိုင်ကြသော
ကြောင့်
ယခုကာလ ခေတ်ကောင်း
တုန်းအခါမှာ
မဆိုထားနှင့်ဦး ၊
ခေတ်ဆိုးခေတ်ဝါး
ကမ်ဘာ ပျက်သော
အခါကြီးများမှာပင်
ဖြစ်ပျက်သမျှ
သတ္တဝါအစားစားတို့
တိဟိတ် ချည်း
ဖြစ်ပွားကြ၍
ဗြဟ္မာ့ပြည်သို့ချည်း
လားရသည်ကို
ထောက်ထား၍
တိဟိတ်ဆိုတာ
ခွေးပေါဝက်ပေါ
ပေါသည်"
ဟု
ကူတောဘုန်းကြီးက
ဟောပြလေသတည်း ။
ဤသည်တို့ကား ကုသိုလ်အဗျာ
ကတတို့မှာ
ဟိတ်သုံးပါး ၊
နှစ်ပါးတို့ က
အတူတကွဖြစ်သော
စိတ် ၊ စေတသိက် နှင့်
ကိုယ်အမူအရာ စိတ္တဇရုပ်တို့အား
ဟေတုသတ္တိဖြင့်
ကျေးဇူးပြုပုံ
အကျဉ်း
ချုပ်မျှ ပြအပ်ပါသတည်း
။နောက်မှ ကုသိုလ် ၊
အကုသိုလ် ၊ အဗျာကတ
တရားတို့
ဤလောကကြီးတို့မှာ
သူငါ အစားစားတို့ ဖြစ်ပွားနေကြပုံနှင့်
ပဋ္ဌာန်းပစ္စည်း
အနည်းနည်းတို့
ကျေးဇူးပြုနေကြပုံများကို
အကျယ်တဝင့် ဖွင့်၍ ပြလ္တံ
့ပါသတည်း ။
*** *** ***
--*--*--*--
=*=*=*=*=
(မြတ်ပဋ္ဌာန်း ၏ အဓိပ္ပါယ် အကျဉ်း)'
အကယ် ၍ ဓမ္မမိတ်ဆွေ လူကြီး လူငယ် အားလုံး စိတ်ဝင်တစား ရှိရင်တော့ ကျန်တာတွေ ဆက်ရေးပြ ပါ မယ် ။ ပဋ္ဌာန်း က နက်နဲ တော့ စိတ်ဝင်စား မူ့ အား နည်းကြ လိမ့် မယ် ။ အများ စိတ် မဝင်စား ရင် ဆက်မရေးတော့ ပါ အခြား ဇာတ်လမ်းလေးတွေ ပဲ ရေးပေးပြီး နောက် ကျ မှ အေးအေးဆေးဆေးပဲ ရေး ပါ တော့မယ် ။
အားလုံးသော ဓမ္မမိတ်ဆွေ အပေါင်း ကျန်းမာ ချမ်းသာ ကြပါ စေ။ ဗုဒ္ဓ ဟောတော် မူခဲ့ သော ခက်ခဲ နက်နဲ လှသည့် ပဋ္ဌာန်း ဒေသနာကြီး ကို လွယ်ကူ စွာ သဘော ပေါက် နားလည် သူ များ ဖြစ်ကြပါ စေ။
အရှင် ဗုဒ္ဓ သိဿ
Zawgyi Font
........................................................................
မြတ်ပဋ္ဌာန်း ၏ အဓိပ္ပါယ် အကျဉ်း'
ဓမ္မမိတ်ဆွေ များ ရဲ့ တောင်းဆို မူ့ကြောင့် ပဋ္ဌာန်း ၂၄ ပစ္စည်း ကို အဓိပ္ပါယ် အကျဉ်းလေး သိသာ ရုံ ဦးဇင်းနားလည် သလောက်လေး ရေးပြ ပါ မယ် ။ တစ်ခါ တည်း အပြီးရေး ဖို့ ကြ များ တယ် နည်းနည်း စီရေး ပြ ပါမယ် ။
မြတ်ဗုဒ္ဓ ၏ ပဋ္ဌာန်း ဒေသနာတော်ကြီး သည် အင်မတန် ခက်ခဲ နက်နဲ လှပါ တယ် ။ မြတ်ဗုဒ္ဓ ကိုယ်တော် တိုင် ဤကြီးကျယ် ခန်းနား လှ တ့ဲ ပဋ္ဌာန်း ဒေသနာ.ကြီးကို ဆင်ခြင်မှ ရောင်တော်တွေ ကွန့်မြူး လာ တာ ပါ ။ ထိုပဋ္ဌာန်း ဒေသနာကြီးကို လေ့လာသူ ၊ ကြံတွေး သူ ၊ ရွတ်ဖတ်သူ များ မှာ လဲ ကုသိုလ် တရားတွေ ဖြစ်ပွား ပါ တယ် ။ အခြား အကျိုးထူး များ လဲ ခံစား ပါ လိမ့်မယ် လက်တွေ့ သာဓကတွေ လဲ အများကြီး ပါ စာရှည်နေမှာ စိုးလို့ မရေးပြတော့ ပါဘူး ။
ဦးဇင်းတို့ ပဋ္ဌာန်း ဒေသနာကြီး ကို လေ့လာကြရ အောင် ။ ပထမ ဆုံး ဟေတု ပစ္စည်း ကို ရှင်းပြ ပါ မယ် ။ ဟေတု ပစ္စယော ဆို တာ ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလို့ ဆို လို ပါ တယ် ။ ဟိတ် ဆို တာ လောဘ ၊ ဒေါသ ၊ မောဟ ၊ အလောဘ ၊ အဒေါသ ၊ အမောဟ ဒီ ဟိတ် ၆ ပါး ပါ။ ရှေ့ ၃ ပါး က မကောင်းတ့ဲ ဟိတ် , နောက် ၃ ပါး ကတော့ ကောင်းတ့ဲ ဟိတ်တွေပေါ့ ။ ဒီ ၆ ပါး အရင်းခံပြီး ကုသိုလ် အကုသိုလ် စတာ တွေ ဖြစ်တတ်ပါ တယ် ။
လောဘဟိတ် ကြောင့် ခိုးမယ် ဝှက်မယ် စတာ တွေ ဖြစ်ပါ တယ် ။ ဒါကို လောဘ ဟိတ် ဆို တ့ဲ အကြောင်း ကြောင့် အကုသိုလ် အကျိုးတွေ ဖြစ်တာပေါ့ ။ ဒေါသ ဟိတ် အကြောင်းခံ လို့ သတ်မယ် ဖျက်မယ် စတာတွေ ဖြစ်ပါ တယ် ။ ဒါဆို ဒေါသကြောင့် ပါဏာတိပါ တာ စတ့ဲ အကုသိုလ်တွေ ဖြစ်တယ် ခေါ်တာပေါ့။ ကျန်တာတွေ လဲ အတူပါ ပဲ ။ မကောင်းတ့ဲ လောဘ ဒေါသ မောဟ ဟိတ်တွေ ကြောင့် အကုသိုလ်တွေ ဖြစ်တယ် ။ ကောင်းတ့ဲ အလောဘ အဒေါသ အမောဟ ဟိတ်တွေကြောင့် ကုသိုလ်တွေ ဖြစ်ပါ တယ် ။ ဒိလို ဟိတ်တွေ ကြောင့် နာမ်တွေရုပ်တွေ ဖြစ်တာ ကို ဟောတု ပစ္စယော ပေါ့။
သစ်ပင် တစ်ပင် ရဲ့ ရေသောက် မြစ်တွေ ကြောင့် အပင်ဟာ အကိုင်း အခက် စတာ တွေ ထွားကြိုင်းလာ တာ ပါ။ ရေသောက်မြစ် က အကိုင်း အခက်စတာတွေ ကို ကျေးဇူးပြုတာပေါ့။
Tuesday, August 18, 2015
တူသောအကျိုး
ဗုဒ္ဓဒေသနာတော်အရ ကောင်းမှုကို လုပ်သည် ဖြစ်စေ မကောင်းမှုကို
လုပ်သည်ဖြစ်စေ ထိုအလုပ်ကြောင့်
တစ်ခုသောနေ့တွင် တူသောအကျိုး
ကို ရပေလိမ့်မည်ဟု သိရ၏။ ထိုအသိကို " ကရဏာနုမာန " ဟု
ခေါ်သော အကြောင်းမှ အကျိုးကို
ဆင်ခြင်၍ သိသောအသိဖြစ်သည်။
ထို့အပြင် လက်ရှိ အခြေအနေတွင်
ကျေနပ်ဖွယ်ရာပိုဖြစ်စေ မကျေနပ်
ဖွယ်ရာကိုဖြစ်စေ တွေ့ကြုံခံစားနေရ
လျှင်လည်း မိမိသည် အတိတ်က တူ
သော အလုပ်ကို လုပ်ခဲ့ ခြင်းကြောင့်
ယခုကဲ့သို့ တွေ့ကြုံ ခံစားနေရသည်
ဟု သိသောအသိကို " ဖလာနုမာန"
ဟု ခေါ်သည့် အကျိုးမှ အကြောင်းကို
ဆင်ခြင်၍ သိသော အသိဖြစ်၏။
" အတ္တာဟိ အတ္တနော နာထော " အရ
လူဟူသည် မိမိ၏ ကြမ္မာ ကို မိမိကပင်
ဖန်တီးခြင်းဖြစ်လေရာ အနာဂါတ် အတွက် ကောင်းသော ကြမ္မာကို
ဖန်တီးမိအောင် သတိရှိသင့်ပါ၏။
်
နေ့တစ်ဝက် မကျိုးမပျက်တဲ့သီလအကျိုးပေး..
နေ့တစ်ဝက် မကျိုးမပျက်တဲ့ သီလအကျိုးပေး
^^^°°°^^^°°°^^^°°°^^^°°°^^^°°°
သုံးလောကထွဋ်ထား မြတ်စွာဘုရားသခင် ပွင့်ပေါ်စကာလမှာ ရသေ့ငါးရာဟာ ရာဇဂြိုလ်သူဌေးသုံးဦးတို့ စုပေါင်းလှူဒါန်းတဲ့ ကမ္မဌာန်းကျောင်းလေးတွေမှာ ဝါဆိုကြ ဝါကပ်ကြ... မိုးလကုန်တော့ ဟိမဝန္တာ အရပ်မှာပြန်ပြီးအားထုတ်ကြနဲ့ နေကြတယ်..။
တစ်နေ့သောအခါမှာ... ရသေ့ငါးရာဟာ မိုးလရောက်ခါနီး ဝါဆိုခါနီးလို့ ဟိမဝန္တာတောက ထွက်လာပြီး ရာဇဂြိုလ်မြို့သို့ ဝါဆို ဝါကပ်ဖို့အလာ...
မွန်းတည့်ချိန် နေပူကြမ်းကြမ်းနဲ့ ဝမ်းဗိုက်ကဆာ..
မနေသာတဲ့ဒဏ်ကို ရသေ့ငါးရာတို့ ခံကြရတယ်။
တောလမ်းခရီး ရေကပ်.. ဆွမ်းကပ်မည်သူတစ်ဦးတစ်ယောက်မှလဲ မရှိလေတော့ အနားယူဖို့ အရိပ်အာဝါသ ရှာကြတယ်..။
မကြာခင်ပဲ ရသေ့ငါးရာလုံး အနားယူနိုင်လောက်တဲ့ အရိပ်ကောင်း ညောင်ပင်ကြီးကို တွေ့လို့ အနားယူကြစဉ် ရသေ့ငါးရာထဲက အကြီးဆုံးဖြစ်တဲ့ ရသေ့ကြီးက စဉ်းစားခန်းဝင်တယ်..။
""" သြော်..ဒီညောင်ပင်ကြီး ဒီလောက်ကောင်းတာ အရိပ်အခက် ဝေဝေဆာဆာနဲ့. ဒီလိုညောင်ပင်ကြီးမှာ နေခွင့်ရတဲ့ နတ်ဟာလည်း သာမာန်တန်ခိုးနဲ့တော့ နေနိုင်မှာမဟုတ်ဘူး..။ တန်ခိုးကြီးမားတဲ့ နတ်ပဲ ဖြစ်ရမယ်.."""
ဆက်ပြီးတော့တွေးတာကာ. ...""" ဒီလိုတန်ခိုးကြီးတဲ့ နတ်သာဆိုရင် အခုရသေ့ငါးရာ ရေဆာနေကြတာ သောက်တော်ရေလေးများ ကပ်လှူရင် သိပ်ကောင်းမှာပဲ...""" လို့ အတွေးရှိနေတာကို ညောင်ပင်မှာနေတဲ့ ရုက္ခစိုးနတ်သားကလဲ သိတော့ သောက်တော်ရေကို တန်ခိုးနဲ့ စီစဉ်ပေးတယ်..။
ရသေ့ငါးရာ ရေသောက်ပြီးတော့ အကြီးဆုံးရသေ့ကြီးက ဒီလိုတွေးပါတယ်.."" ငါ့အတွေးတွေကို နတ်မင်းကြီး သိနေတာပဲ .. ရေတော့သောက်ပြီးပြီ... ဒီအချိန်မှာ ရေချိုးရရင်တော့ ကောင်းမှာပဲ... .. လို့ တောင့်တလိုက်တော့ ရုက္ခစိုးနတ်သားက ရသေ့ငါးရာ အတွက် ချိုးရေစီစဉ်ပေးလို့ အားလုံးရေချိုးပြီး နောက်မှာတော့ ရသေ့ကြီးက စဉ်းစားပြန်တယ်..။
နေကိုကြည့်ပြီး..""" နေမွန်းကလည်း တည့်နေပြီ .. ရသေ့ငါးရာလည်း ဆာကြရောပေါ့.. ဒီအချိန် ဆွမ်းကပ်တဲ့ သူများရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ... လို့. တောင့်တပြန်တော့ ရုက္ခစိုးနတ်သားက ရသေ့ငါးရာရဲ့ သပိတ်ထဲသို့ တန်ခိုးနဲ့ ဆွမ်းထည့်ပြီး ကပ်လှူပါတယ်..။
ရသေ့ငါးရာ ဆွမ်းစားအပြီးမှာတော့ ရသေ့အားလုံးက စဉ်းစားကြတယ်..။
""" ငါတို့ တောင့်တတိုင်း လိုအပ်တိုင်းကို တန်ခိုးနဲ့ ဖန်ဆင်းပေးနိုင်တဲ့ ဒီညောင်ပင်စောင့် နတ်ဟာ သိပ်တန်ခိုးကြီးတာပဲ.. ငါတို့တွေ့ဖူးရင် သိပ်ကောင်းမှာပဲ.. ဒီအချိန် ညောင်ပင်စောင့်နတ် ကိုယ်ထင်ပြလာရင် သိပ်ကောင်းမှာပဲ....""" လို့ တောင့်တကြပြန်တယ်..။
ဒါနဲ့ ရုက္ခစိုးနတ်သားဟာ လက်အုပ်ကလေးချီလို့ ကိုယ်ထင်ပြလာတော့ ရသေ့ကြီးက ဝမ်းသာအားရနဲ့ မေးလိုက်တယ်..။
➳ ➳ နတ်မင်းကြီး ဒီလို ကြီးမားလှတဲ့ တန်ခိုးတွေနဲ့ ပြည့်စုံအောင် အတိတ်က ဘယ်လိုကုသိုလ်များ လုပ်ခဲ့သလဲ..""" လို့ မေးတော့..
နတ်သားက.. ""တပည့်တော် ဒါကိုတော့ဖြင့် ရှက်လွန်းလို့ မပြောပါရနဲ့...""" လို့ တောင်းပန်တယ်။
ဒါပေမယ့် မလွှဲသာတဲ့အဆုံးမှာ နတ်သားဟာ ဖြေကြားရှာပါတယ်..။
တပည့်တော်ရုက္ခစိုးနတ်သားရဲ့ အတိတ်ဘဝက သာဝတ္ထိပြည်မှာ လူ့ဘဝ ရခဲ့ပါတယ်ဘုရား..။ လူ့ဘဝဆိုသော်လည်း ချမ်းသာတဲ့ လှူနိုင် တန်းနိုင်တဲ့ ဘဝမျိုးတော့ မဟုတ်ခဲ့ပါဘူး..ဘုရား..
သိပ်ဆင်းရဲလို့ သူများတွေဆီမှာ သူရင်းငှါး အလုပ်သမားဘဝနဲ့ ဝင်လုပ်ပါတယ်။ သူဌေးကြီး အိမ်မှာလဲ အလုပ်သမားကအစ နို့စို့ကလေးငယ်အဆုံး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ရတဲ့ ထုံးတမ်းအစဉ်အလာရှိတယ်..။ ဒီလိုနဲ့ ဥပုသ်စောင့်ကြရတယ်..။ နို့စို့ကလေးငယ်တွေဆို မွန်းလွှဲချိန်ကစပြီး အာခံတွင်းကို အာလုပ်ကျင်းပေးလို့. ညချမ်းအချိန်ရောက်မှ စတုမဓူကို ပါးစပ်ထဲ ထည့်ပေးတယ်လို့ ဆိုပါတယ်..။
ဒါကို မသိသေးတဲ့ သူရင်းငှါး အလုပ်သမားအသစ်ဟာ နံနက်အစောကြီး အိပ်ယာကထပြီး အလုပ်သွားတာပေါ့...။
သီလယူချိန်ရောက်တော့ သူဌေးကြီးက မေးတယ်။ အလုပ်သမားအသစ်ရှိလားလို့ မေးတော့ အသိမပေးရသေးခင် အလုပ်ထွက်သွားလို့ မရှိတော့ဘူးလို့ ..... ကျွန်မကပြောတဲ့အတွက် သူဌေးကြီးက.
""" ဒါဆိုလည်း ရှိပါစေတော့.. ။ ညနေ တစ်ယောက်စာ ထမင်းပြင်ထားပေးလိုက် လို့ ဆိုပြီး ... ကျန်သူအားလုံး သီလယူ ဥပုသ်စောင့်ကြပါတယ်..။
ဒီလိုနဲ့ ညနေ နေဝင် မိုးမှောင်စအချိန်မှာ သူရင်းငှါး အလုပ်သမားအသစ်ကလေးက ပြန်ရောက်လာတော့ ကျွန်မက ထမင်းဝိုင်း ပြင်ပေးလို့ ထမင်းစားဖို့ လုပ်တော့ ခါတိုင်းနဲ့မတူ တမူထူးနေတာကို တွေ့ရတယ်..။
ခါတိုင်းဆိုရင်.. .
"" ဘတ္တံဒေမ "" ထမင်းပေးပါ..
"" ဗျဉ္စနံဒေမ. "" ဟင်းပေးပါ ဆိုပြီး အလုပ်သမားများစွာတို့ရဲ့ ထမင်းဟင်း တောင်းကြတဲ့ အသံတွေဟာ ဆူလို့ညံလို့...။ အခုတော့ တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် ထူးခြားမှု့ကို လှမ်းမေးလိုက်ပါတယ်..။
"" ဒီနေ့ ခါတိုင်းနဲ့မတူ.. အလုပ်သမားတွေမရှိတာ ဘာကြောင့်လဲလို့ မေးတော့ ကျွန်မက➳ ➳ ဒီသူဌေးကြီးရဲ့ အိမ်မှာ ဥပုသ်နေ့ဆို ကလေးကအစ. အလုပ်သမားတွေ အားလုံး ဥပုသ်စောင့်ရတဲ့ အကြောင်း
ပြောပြတော့ ... ဒါဖြင့် အခုကော ဥပုသ်စောင့်လို့. ရသေးလားလို့ မေးတော့ ကျွန်မက သူဌေးကြီးမှ သိပါလိမ့်မယ်ဆိုပြီး သူဌေးကြီးဆီ လမ်းညွှန်ပေးလိုက်တယ်..။
ဒါနဲ့ သူဌေးကြီးဆီရောက်လို့. နံနက်စောစောက မသိလိုက်တဲ့ အတွက် အခုကော ဥပုသ်စောင့်လို့. ရသေးရဲ့လားလို့ မေးတော့ သူဌေးကြီးက. ရတဲ့ အကြောင်း ပြောတာနဲ့. ထမင်းမစားတော့ဘဲ ဥပုသ်စောင့်လိုက်ပါတယ်..။
ဒီလိုနဲ့ ညအခါမှာတော့ တစ်နေကုန် အလုပ်ပင်ပန်းထားပြီး ဗိုက်ထဲမှာ အစာမရှိတဲ့ ဒဏ်တွေကြောင့် ဝမ်းဗိုက်ဆာ လေနာရောဂါ ဖြစ်တဲ့ ဝေဒနာ ပြင်းထန်စွာနဲ့. အိပ်ယာထဲ လူးလွန့်ခံစားနေရရှာတယ်..။
ဒါကို တစ်ခြား အလုပ်သမားတွေက သိတာနဲ့. သူဌေးကြီးကို ခေါ်ပြတော့ သူဌေးကြီးက စတုမဓူယူလို့ စားခိုင်းပါတယ်။
ဒါနဲ့အလုပ်သမားကလဲ ဒီလို စတုမဓူကို သူဌေးကြီးတို့ရော သီလယူတဲ့အခါ စားပါသလားလို့. မေးတော့ ငါတို့တော့ မစာစဘူး..။ နာမကျန်းတဲ့ သူတွေတော့ စားခွင့် ရှိပါတယ် လို့ ပြောတယ်ဆိုရင်ပဲ လေနာရောဂါ ခံစားနေရတဲ့ အလုပ်သမားလေးက. စဉ်းစားတယ်.......
...........
** ငါ ဟိုအတိတ်က ဒါန.. သီလ ဆိုတဲ့ #ကုသိုလ်ပါရမီ မရှိခဲ့လို့. သူများအိမ်မှာ သူရင်းငှါးဘဝနဲ့ အသက်မွေး ရတယ်..။
အခုကျပြန်တော့ ရောဂါဝေဒနာ နှိပ်စက်တာ ခံနေရပြီ ...
တခြားသူတွေလိုလည်း တစ်နေကုန်အောင် သီလစောင့်ခွင့် ရတာမဟုတ်ဘူး...
နေ့တစ်ဝက် စောင့်ရတဲ့ သီလလေးကိုတော့ အသက်ပင် သေစေဦးတော့ ဘယ်နည်းနဲ့မျှ အကျိုးအပေါက် မခံနိုင်ဘူး.....ဆိုပြီး စတုမဓူကို မစားတော့ပါဘူး..။
ဘေးနားက ဘယ်လိုပင် ဖြောင့်ဖြပြောဆိုပေမယ့် မစားတော့တဲ့အတွက် ဒီဝေဒနာနဲ့ပဲ အသက်ဇီဝိန် ကြွေသွားရတယ်။
သူ့ရဲ့ သန္တာန်မှာ ပါသွားတာကတော့ သူ ချွေးနဲ့ သွေးနဲ့ လုပ်ထားရတဲ့ #လုပ်အားခ လေး မဟုတ်ပါဘူး..။
နေ့တစ်ဝက် မကျိုးမပျက်တဲ့ သီလ အကျိုးလေးပါပဲ..။
ဒီအကျိုးလေးက သေးတယ်လို့ ထင်ရပေမယ့် အခုညောင်ပင်ကြီးမှာ နေခွင့်ရပြီး ဖြစ်ချင်တာ အားလုံးကို ဖြစ်နိုင်တဲ့ တောင့်တတိုင်း ရနိုင်တဲ့ တန်ခိုးကြီးမားတဲ့ ရုက္ခစိုးနတ်သား ဖြစ်နေရတာပါ..လို့...
ကိုယ်ပြုလိုက်တဲ့ အနည်းငယ်သော ကုသိုလ်ကောင်းမှု့ကို ရှက်ရှက်နဲ့. ရသေ့ငါးရာအား ပြောပြလိုက်တော့ ရသေ့အားလုံးကလည်း လက်ခါးမောင်းခတ်ကြတယ်။
အံ့သြ ထိုက်ပါပေစွ.. လက်ဖျောက်ခတ်တီး အံ့ချီးထိုက်ပါပေစွ...
နေ့တစ်ဝက် သီလမပျက်ရုံနဲ့. ဒီလိုထူးတဲ့ အကျိုးကို ရနိုင်သတဲ့....;;;;; ဆိုပြီး အံ့သြမဆုံး ဖြစ်ကြရတယ်..။
ဒီနေရာမှာ ပြောလိုတာက တစ်နည်းပြောရရင် ရုက္ခစိုး နတ်သား ဆောက်တည်ခဲ့တဲ့ နေ့တစ်ဝက် သီလထဲမှာ သဒ္ဓါအရင်းခံ ပါနေပါတယ်..။
ကံ...ကံရဲ့အကျိုးကို ယုံကြည်တဲ့ ... တစ်နည်းပြောရရင် နေ့တစ်ဝက် သီလကို မကျိုးမပျက်အောင် ထိန်းနိုင်ရင် သီလရဲ့အကျိုးက ငါ့ကို ပေးစွမ်းနိုင်မယ်။
သံသရာ တစ်နေရာမှာ ရကိုရမယ်လို့. ယုံကြည်တဲ့ သဒ္ဓါရှိနေလို့. ဒီလိုအကျိုးပေး ကောင်းတာပါ..။
နောက်တစ်ခုက ရသေ့ငါးရာရဲ့ ထံမှာလည်း သီလတွေနဲ့ ပြည့်စုံနေလို့သာ သီလရဲ့အကျိုးတွေ ရှိနေလို့သာ ရသေ့ကြီး တောင့်တတိုင်း ရုက္ခစိုး နတ်သားက ဖန်တီးပေးခွင့် ရှိတာပါ ။
အဲ့ဒီညောင်ပင် အောက်မှာ သာမန် သီလမရှိတဲ့ လူတစ်ဦးဦး သွားပြီးတောင့်တရင် တောင့်တရုံမက အော်လို့ပဲပြောပြော ရုက္ခစိုးနတ်သားက ဖန်တီးပေးခွင့် ရှိမှာ မဟုတ်ပါဘူး..။
ရသေ့ငါးရာ တောင့်တတိုင်း ဖြစ်ပေါ်လာတာကလည်း #သီလအကျိုးကြောင့် ရုက္ခစိုးနတ်သားက လိုချင်တာကို ဖန်ဆင်းပေးနိုင်တာလည်း သီလအကျိုးကြောင့်လို့ မှတ်ရပါမယ်..။
❦ ❦ ဒါကြောင့် သီလရှိတဲ့သူ တောင့်တတိုင်း ပြည့်စုံတယ်လို့ ဘုရားကဟောတာ ဖြစ်တယ်..။
ဒါကို သာဓက ပုံဆောင်ထုတ်ပြပြီးပြီမို့. ယုံကြည်စွာနဲ့. သီလတွေကို ဆောက်တည်ပြီး မိမိမှာ ရှိနေတဲ့ သီလတွေကိုလည်း မကျိုးမပေါက်အောင် စောင့်ရှောက်ကြပါလို့. တိုက်တွန်းနှိုးဆော် လိုပါတယ်...။
✏ အရှင်အဇဋာ
(ရွှေ ဥ ယု )
မှားနေသော ပဋ္ဌာန်း အဓိပ္ပါယ် အကျဉ်း စာရွတ်
Monday, August 17, 2015
ပဋ္ဌာန်းလေးမျိုး အမှတ် ၆
((((၈)))(6))
ဤဥာဏ သမ္ပယုတ်
တိဟိတ် ကုသိုလ်တို့က
တိဟိတ် ပဋိသန္ဓေ
အကျိုးကို ရအောင်ကား
ကုသိုလ်ပြုဆဲ အခါ
အကုသိုလ် စိတ်တွေ မခြံရံပါဘဲ
ကုသိုလ်တွေကို
သာဝမ်းမြောက်ဝမ်းသာ
ကုသိုလ်စိတ်တွေ
ခြံရံ၍ပြုခြင်း ၊
ကုသိုလ်ပြုပြီးသော
အခါတို့မှာလည်း
၎င်းပြုပြီး ကုသိုလ်တို့ကို အဖန်ဖန် လေ့လာပွားများ
နှလုံးထားခြင်း
အမှုတို့ကိုပြုက
ဥာဏသမ္ပယုတ်
တိဟိတ်ဥက္ကဋ္ဌဖြစ်၏ ။
ထိုမှတပါး
ကုသိုလ်ပြုဆဲအခါ
ရှေနောက်အဖို့တို့မှာ အကုသိုလ်စိတ်တွေ
ခြံရံ၍ပြုခြင်း
ကုသိုလ်ပြုပြီးသော
အခါတို့မှာလည်း
၎င်းတို့ကို
နှလုံးမသာငြား
ဒေါမနဿပွားခြင်း
စသည်တို့ပြုပါက
ဥာဏသမ္ပယုတ်
တိဟိသြမကသာ
ဖြစ်ကြောင်းကို-
ဥက္ကဋ္ဌန္တိ ကုသလပရိဝါရ
လာဘတော ပစ္ဆာ
အာသေဝနပ္ပဝတ္တိယာ
ဝါ သေဋ္ဌံ ။
ယံဟိ ကမ္မံ အတ္တနော ပဝတ္တိကာလေ
ပုရိမပစ္ဆာဘာဂပဝတ္တေဟိ ကုသလ-ကမ္မေဟိ
ပရိဝါရိတံ ပစ္ဆာ ဝါ
အာသေဝနလာဘေန
သမုဒါ စိဏ္ဏံ ဥက္ကဋ္ဌံ ။
ဥက္ကဋ္ဌာန်တိ - ဥက္ကဋ္ဌဟူသည်ကား ၊
ကုသလပရိဝါရ
လာဘတော -
ကုသိုလ်ခြံရံခြင်းကို
ရသောကြောင် ၊့
ဝိသဋ္ဌံဝါ -ထူးမြတ်သောကုသိုလ်
သည်လည်းကောင်း ၊
ပစ္ဆာ-နောက်မှ ၊
အာသေဝနပဝတ္တိယာ
-အဖန်ဖန်လွန်စွာ မှီဝဲထုံးခြင်း၏ ။
(ဝါ)
ဖြစ်ခြင်းကြောင့်
ဝိသိဋ္ဌံဝါ-
ထူးမြတ်သော
ကုသိုလ်လည်းကောင်း၊
ဥက္ကဋ္ဌံ -
ဥက္ကဋ္ဌကုသိုလ်မည်၏ ။
ဟိ -မှန်၏ ။
ယံကမ္မံ - အကြင်ကုသိုလ်
ကံကို၊ အတ္တနော-မိမိ၏ ၊
ပဝတ္တ-ကာလေ-
ဖြစ်ဆဲအခါ၌ ၊
ပုရိမပစ္ဆာဘာ ဂပဝတ္တေဟ
ိ-ရှေအဖို့ နောက်အဖို့၌
ဖြစ်ကုန်သော ၊
ကုသလကမ္မေဟိ-ကုသိုလ်ကံတို့ဖြင့်
(ဝါ) ကုသိုလ်ကံသည် ၊
ပရိဝါတံ -
ထက်ဝန်းကျင်ခြံရံအပ်၏ ။
(ဝါ) တနည်းကား ၊
ပစ္ဆာ-နောက်မှ ၊
(ဝါ) နောက်၌ ၊
အာသေဝန လာဘာန
-အာသေဝန ပစ္စည်း ပဋ္ဌာန်းနည်းကို ရသဖြင့် ၊
(ဝါ) အဖန်ဖန် လွန်စွာမှီဝဲ
ထုံခြင်းကိုရသဖြင့် ၊
(ဝါ)ခဏခဏ စဉ်းစါး
ကြံစီ တွေးတော
နေခြင်းဖြင်၊့
သမုဒါစိဏ္ဏံ -
ပြုအပ်ကျင့်အပ် လေ့လာဆည်းပူး
အပ်၏ ။
(ဝါ)စဉ်းစါးနေသင့်၏ ။
တံ-ထိုကုသိုလ်နှစ်ပါးသည် ၊
ဥက္ကဋ္ဌံ- မြတ်သော
ဥက္ကဋ္ဌ ကုသိုလ်
မည်၏ ။
(ဝါ)အကြီးစါး ကုသိုလ်
မည်၏ ။
ယံပန ကရဏကာလေ
အကုသလ ကမ္မေဟိ ပရိဝါရိတံ
ပစ္ဆာဝါ ဒုက္ကဋမေတံ
မယာတိ ဝိပ္ပဋိသာရုပ္ပာ
ဒနေန ပရိဘာဝိတံ။
တံသြမကန္တိ
ဒဋ္ဌဗ္ဗံ ။
ယံပန-အကြင်ကုသိုလ်ကိုကား ၊
ကရနကာလေ-
ပြုဆဲအခါ၌ ၊
အကုသလကမ္မေဟိ-အကုသိုလ်ကံတို့ဖြင့် ၊
(ဝါ) အကုသိုလ်စိတ်
တို့ဖြင့် ၊
ပရိဝါရိတံ-ရှေနောက်ခြံရံ
ဝိုင်းဝန်းအပ်၏ ။
(ဝါ) တနည်းတဖုံတစ်ပါးတုံ၊
ပစ္ဆာ-ပြုပြီးသည်နောက်မှ ၊
(ဝါ) မနော၌ ၊
(ဝါ)စိတ်ထည်းတွင် ၊
မယာ-ငါသည် ၊
ဧတံ-ထိုကုသိုလ်ကို ၊
ဒုက္ကတံ-မကောင်း
သဖြင့်ပြုအပ်၏ ။
ဣတိ-ဤသို့ ၊
ဝိပ္ပဋိသာ ရုပ္ပာဒနေန-
သဒ္ဒာကင်းပျက်
မနှစ်သက်ခြင်းဖြစ်သော
ဒေါမနဿ
စိတ်သည် ၊
(ဝါ)မကြေနပ်သော
စိတ်သည် ၊
ပရိဘာဝိတံ-ထုံအပ်၏ ။
(ဝါ)အချိန်ပြည့်ဖြစ်နေ၏ ။
တံ-ထိုနှစ်ပါးကို၊
သြမကန္တိ-ယုတ်ညံ့
သောကြောင့်
သြမက ကုသိုလ်မည်၏
(ဝါ)မကောင်းသော
ကုသိုလ်မည်၏ ။
(ဝါ)ညံ့ဖြင့်
ဟူ၍ ၊
ဒဋ္ဌဗ္ဗံ-မှတ်အပ်၏ ။
ဆောင်ပုဒ်
(၁) ကုသိုလ်ခြံရံ ၊
အဖန်ဖန်ပွား ၊
မှတ်သားဥက္ကဋ္ဌ ၊
(၁) အကုခြံရံ ၊
ဒေါသမာန်ပွား ၊
ဤနှစ်ပါး ၊
မှတ်သားသြမက ၊
ဟု ဘာဝနီဋီကာ မိန့်မှာတော်မူသည်အရ
တိဟိတ်ဥက္ကဋ္ဌကုသိုလ် ၊
တိဟိတ်သြမက
ကုသိုလ်များ ဖြစ်ပွား
ကြောင်းကို
သိရှိရသည့်အတိုင်း
ဤတိဟိတ်ကုသိုလ်
အရာတိုင်းတို့၌
ရှေ့နောက်အဖို့တိုမှာ
လောဘ ၊ဒေါသ ၊
မောဟတို့ ၊ မခြံရံပါမူ
တိဟိတ်ဥက္ကဋ္ဌ
ကုသိုလ်တို့ချည်း
ဖြစ်ကြပါ၍
ဝိဘက်
အကျိုးတို့မှာ ဖြစ်ပွားကြသောအခါ
တိဟိတ်ပဋိသန္ဓေ၊
တိဟိတ်ဘဝင်၊
တိဟိတ်စုတိ
တို့ချည်းသာ ဖြစ်ကြရာ၏ ။
အကယ် ၄င်းတိဟိတ်ဇောတို့၏
ရှေ့ နောက်အဖို့တိုမှာ
လောဘ ၊ဒေါသ၊
မောဟ ၊ တို့ ခြံရံပါမူ
တိဟိတ်သြမက
ကုသိုလ်တို့ချည်းသာ ဖြစ်ကြပါ၍
ဝိဘက်အကျိုးများ ဖြစ်ပွားကြသော
အခါ
ဒွိဟိတ် ပဋိသန္ဓေ၊
ဒွိဟိတ် ဘဝင်၊
ဲဒွဟိတ် စုတိ ၊
တို့ချည်းသာ
ဖြစ်ကြကုန်ရာ၏ ။
အကယ်၍ ဥာဏ်မယှဉ်ဘဲ
ဒွိဟိတ်ဇော ကုသိုလ်တို့၏
ရှေ့နောက်
အဖို့တို့၌
လောဘ၊ဒေါသ၊
မောဟတို့
မခြံရံပါမူ ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်တို့
ချည်းသာ ဖြစ် ကြပါ၍
ဝိပါက်အကျိုး
များ ဖြစ်ပွားကြသောအခါ
ဒွိဟိတ်
ပဋိသန္ဓေ
ဒွိဟိတ် ဘဝင် ၊
ဒွိဟိတ် စုတိ ၊
တို့ချည်းသာ ဖြစ် ကြ
ကုန် ရာ ၏ ။
ဤ
ပဋိသန္ဓေ၊
ဘဝင် ၊
စုတိ ၊
တို့မှာလဲ
တိဟိတ်ဖြစ်မူ
အလောဘ ၊
အဒေါသ ၊
အမောဟ ၊
ဟိတ်သုံးပါး၊
ဒွိဟိတ်ဖြစ်မူ
အလောဘ ၊
အဒေါသ ၊
ဟိတ်နှစ်ပါး
ငါ ပဋ္ဌာန်းဟေတုပစ္စည်း
တရားတို့နှင့်
ပဋိသန္ဓေနေကြ ၊ ဘဝင်စိတ်နှင့်
အိပ်ပျြော်ခင်း
စသည်ဖြစ်ကြ ၊
သေခြင်း စုတိ
ဖြစ်ကြသည် ။
စိတ် ၊ စေတသိက်နှင့်
စိတ်တဇရုပ်
ပဋိသန္ဓေကမ္မဇရုပ်တို့က
ဟေတုပစ္စည်း၏ အကျိုးပစ္စယုပ္ပန်
တရားတို့
ဖြစ်ပွားကြသည်များကို
အကျယ် တဝင့်
ဖွင့်ကာရှုကြည့်
သိရှိနှိုင်ကြ ၊
ပြောဟောနှိုင်ကြ ၊
ပေါက်ရောက်နှိုင် ကြအောင်
မကြာမကြာ အခါခါ
ရှု ကြည့် ကြပါလေ
သူတော်ကောင်းတို့ ။
** ** ** **
=*=*=*=
-*-*-*-