ဂေါတမဘုရားရှင်ပင် ခံခဲ့ရသော ဝစီကံအပြစ်ငါးဘဝ..
` ` ` ` ` ` ` ` ` ` ` ` *****************´´´´´´ ´´´´´´´´´´´´
` ` ` ` ` ` ` ` ` ` ` ` *****************´´´´´´ ´´´´´´´´´´´´
( ဂ ) သုန္ဒရီပရဗိုဇ်မ ၏ ထင်ယောင်ထင်မှား စွပ်စွဲခံရမှု့ အတိတ်ဝစီကံ..
တိတ္ထိများသည် လာဘ်လာဘ နည်းလာသည်မှာ ဂေါတမမြတ်စွာဘုရားကြောင့် ဖြစ်သည်.. ဂေါတမဘုရားကို လူအများ အကြည်ညို နည်းစေရန် မဟုတ်မမှန်သော လမ်းကြောင်းဖြင့် တိုက်ခိုက်ရန် ကြံစည်ကြသည်..။
ထိုအချိန်တွင် သာဝတ္ထိပြည်၌ ရုပ်ရေအဆင်း လှပတင့်တယ် ရှုစဖွယ်ရှိသော သုန္ဒရီ အမည်ရှိသော ပရဗိုဇ်မငယ် တစ်ဦးရှိသည်..။
တိတ္ထိဆရာကြီးတို့သည် ထိုပရဗိုဇ်မကို စည်းရံးပြီး ညအချိန်တွင် ဘုရားရှင်နှင့် အတူတူနေ ... အတူတုအိပ်ဟန် ပြုစေသည်..။
သုန္ဒရီပရဗိုဇ်မကလည်း ပန်းနံ့သာလိမ်းပြီး ညနေလူများ တရားနာကအပြန် ဇေတဝန်ကျောင်းဘက်သို့ သွားသည်..။
သုန္ဒရီပရဗိုဇ်မကလည်း ပန်းနံ့သာလိမ်းပြီး ညနေလူများ တရားနာကအပြန် ဇေတဝန်ကျောင်းဘက်သို့ သွားသည်..။
လူများကတွေ့၍ ဘယ်သွားမည်လဲ မေးလျှင် ...."" ဂေါတမဘုရားဆီ သွားရပါမည်..... ငါသည် ရဟန်းဂေါတမနှင့်အတူ ပန္ဓကုဋီတိုက်ထဲမှာ နေရသူဖြစ်ပါသည်....
ဟု ထင်ယောင်ထင်မှား ဖြစ်အောင် ပြောလေသည်..။
ဇေတဝန်ကျောင်းသို့ ရောက်သောအခါ ကျောင်းထဲမဝင်ဘဲ တိတ္ထိကျောင်းတိုက်ထဲ ဝင်အိပ်သည်..။
နံနက်စောစောထပြီး ဇေတဝန်ကျောင်းလမ်းကနေပြန်သည်..။ လမ်းတွေ့သူကမေးလျှင် .... ကျွန်မသည် ရဟန်းဂေါတမနှင့်အတူ ဂန္ဓကုဋီတိုက်ထဲမှာအတူနေသည်..။ ရဟန်းဂေါတမနှင့်ကိလေသာ ပျော်မြူးမွေ့လျော်စေပြီး ပြန်လာခဲ့သည်..... ဟု စွပ်စွဲစကားပြောကြားသည်..။

ထိုသို့ သုန္ဒရီ ပရဗိုဇ်မ စွပ်စွဲခံရမှုသည် အဘယ်ကြောင့်နည်း ဆိုရသော်...........
ဂေါတမဘုရားလောင်းသည် အတိတ်ဘဝတစ်ခုတွင် "" မုနာဠိ "" အမည်ရှိသော အရက်သမားတစ်ဦးဖြစ်ခဲ့သည်..။
သူသည် သူယုတ်မာတို့နှင် ပေါင်းသင်းမှီဝဲလျက် မသင့်သော နှလုံးသွင်းမှု့ မှားသူဖြစ်လာသည်..။
တစ်နေ့သောအချိန်တွင် သုရဘီ အမည်ရှိသော ပစ္စေကဗုဒ္ဓါ သည် မြို့တွင်းဆွမ်းခံဝင်ရန် တစ်နေရာ၌ သင်္ကန်းရုံနေသည်..။
သင်္ကန်းရုံနေသော ဘေးမှ အမျိုးသမီး တစ်ဦးက ဖြတ်သန်းသွားသည်..။
ထိုသည်ကို ရုတ်တရက် အမှတ်မထင် မြင်မိလိုက်သော မုနာဠိ အရက်သမားသည် အထင်အမြင်လွဲကာ မသင့်သော နှလုံးသွင်ဖြင့်... "" ဒုဿီလ "" (သီလမရှိသူ ) ဟု မဟုတ်တရား စွပ်စွဲ ပြောဆိုလေသည်..။

ထိုအဖြစ်အပျက်ကို ဘုရားရှင် ကိုယ်တော်တိုင်ကလည်း အနောတတ္ထအိုင်၌ နေစဉ် .....
"" ချစ်သား ရဟန်းတို့ .. ငါသည် ရှေးက မုနာဠိ အမည်ရှိသော အရက်သမားဖြစ်စဉ် တစ်ခုသော ဘဝ၌ မပြစ်မှားထိုက်သော သုရဘီ အမည်ရှိသော အရှင်ပစ္စေကဗုဒ္ဓါကို စွပ်စွဲမိခဲ့သည်..။
"" ချစ်သား ရဟန်းတို့ .. ငါသည် ရှေးက မုနာဠိ အမည်ရှိသော အရက်သမားဖြစ်စဉ် တစ်ခုသော ဘဝ၌ မပြစ်မှားထိုက်သော သုရဘီ အမည်ရှိသော အရှင်ပစ္စေကဗုဒ္ဓါကို စွပ်စွဲမိခဲ့သည်..။
ထိုစွပ်စွဲမိသော ကံကြောင့် ငါသည် ငရဲ၌ ကြာမြင့်စွာ ကျင်လည်ခဲ့ရသည်..။ ထောင်ပေါင်းများစွာသော နှစ်တို့ပတ်လုံး ဆင်းရဲ ဝေဒနာကို ခံစားခဲ့ရသည်..""
ဟု မိမိ၏ ရှေးမကောင်းမှု့ကို ထုတ်ဖော်မိန့်ကြာစခဲ့ပါသည်..။
ဟု မိမိ၏ ရှေးမကောင်းမှု့ကို ထုတ်ဖော်မိန့်ကြာစခဲ့ပါသည်..။
❆ ❆ သုံးလောကထွဋ်ထား ဘုရားရှင်သော်မှ နှုတ်ထွက်စွပ်စွဲခဲ့သော စကား အကုသိုလ်ကံ ဝဋ်ကြွေးကို ပေးဆပ်ရသေးလျှင် သာမန်လူများအဖို့ အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံနည်း..။
******ဝစီနှုတ်ထွက် သတိဖက်၍ ဆင်ခြင်ကြပါလေ..။
×××××××××××××××========×××××××
No comments:
Post a Comment