ဘုန်းကံပါရမီပြည့်စုံတဲ့သူရဲ့ ဥစ္စာပစ္စည်းကို ဘယ်လိုဖျက်စီးခြင်းပဲရှိရှိ မပျက်စီးနိုင်.^•^•^•^•^•^•^•^•×××××××^•^•^•^•^•^•^•
သာဝတ္ထိပြည်ကြီးမှာ မြတ်စွာဘုရားရှင် ကိန်းဝပ်စံပျော် နေတော်မူဖို့ အတွက် ငါးဆယ့်လေးကုဋေ အကုန်အကျခံပြီး ဇေတဝန်ရွှေကျောင်းတော်ကြီးကို အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းပူဇော်ခဲ့ပါတယ်..။
မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တွေကို နေ့စဉ် ဆွမ်းကပ်ပါတယ်..။
နံက်တစ်ကြိမ်.. နေ့လည်တစ်ကြိမ်.. ညနေတစ်ကြိမ် ကျောင်းကို နေ့စဉ်မပြတ်သွားပြီး မနက်ကိုဆွမ်း.. နေ့ကို အဖျော်ယမကာ.. ညနေဆေးဝါးတွေနဲ့ ဒါနပျော်.. သီလပျော်.. ဘာဝနာနဲ့ ပျော်လို့ နေခဲ့လေတော့ တစ်ရက်မဟုတ် နေ့စဉ်ဖြစ်လာတဲ့အခါ သူဌေးကြီးရဲ့ စီးပွားဘက် သူငယ်ချင်းတွေဟာ သစ္စာ ဖောက်လာကြတယ်။
တစ်ချို့က စာရင်းလိမ်.. ငွေတွေခိုး..တစ်ချို့က စာချုပ်ဖျောက်ပစ်... စတဲ့ မသမာတဲ့သူတွေ များလာတော့ သူဌေးကြီးရဲ့ စီးပွားရေးဟာ ကျမှန်းမသိ ကျလာခဲ့ပါတယ်..။
သူဌေးကြီး ကျောင်းတွေဆောက် .. ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တွေကို နေအိမ်ကိုပင့် ဆွမ်းကပ် နေချိန်မှာ ဒုက္ခ ရောက်နေသူကတော့ စတုတ္ထမြောက် မုခ်တံခါးမှာ အစောင့် တာဝန်ယူရတဲ့ မိစ္ဆာဒိဌိနတ်သားပါ..။
တခြားတံခါးမုခ်တွေမှာ စောင့်ကြတဲ့ နတ်တွေကတော့ သမ္မာဒိဌိနတ်တွေ ဖြစ်တဲ့အတွက် မြတ်စွာဘုရား အမှူးပြုတဲ့ သံဃာတော်တွေ ကြွလာတိုင်း ဝမ်းမြောက် ဝမ်းသာ ဘုံဗိမ္မာန်ပေါ်ကဆင်း... လက်အုပ်ကလေးချီလို့... ပျော်ရွှင် နေကြတယ်..။
ဒါပေမယ့် စတုတ္ထမြောက် တံခါးမုခ်ကနတ်သားက မိစ္ဆာဒိဋ္ဌိ ဖြစ်တဲ့အတွက် ... ဘုရားကို အလိုမရှိသူ.... တရားသံဃာကို မကိုးကွယ်သူ ဆိုတော့ ဘုရားကြွလာရင် လုံးဝ အောက်ဆင်းမပေးချင်ဘူး..။
ဒါပေမယ့် မြတ်စွာဘုရားရဲ့ အပေါ်မှာလဲ မနေနိုင်ဘူး..။ မြတ်စွာဘုရား မပြန်မချင်း အပေါ်ကို တက်လို့မရတော့ မြတ်စွာဘုရား ပြန်ကြွသွားတဲ့အထိ အောက်ကနေရပ်စောင့် နေရတာကို မကျေနပ်ဘူး ဖြစ်နေတယ်..။
တစ်ခါလဲမဟုတ် အခါပေါင်း မရေနိုင်ဘူး ဖြစ်လာတော့ မိစ္ဆာဒိဋ္ဌိနတ်သားက အကွက်ကောင်းကို စောင့်နေချိန်... သူဌေးကြီး စီးပွားကျချိန်နဲ့ ကွက်တိ ဖြစ်သွားတော့ နတ်သားအတွက် သူဌေးကြီးကို ဆွဲဆောင်ဖို့ အကြံရလာတယ်..။
ဒါနဲ့ပဲ ညအခါ ရောက်တော့ သူဌေးကြီး အိပ်ဆောင်ကို သွားပြီး ကိုယ်ထင်ပြလိုက်တော့.... သူဌေးကြီး အလွန်အံ့သြသွားတယ်။
"" ဘာအကြောင်းကိစ္စများ ရှိနေလို့လဲ အမောင်နတ်သား.."" လို့မေးတော့
""" သူဌေးကြီး စီးပွားရေး ကျနေတာ သိလို့ စီးပွားဖြစ်ကြောင်း အကြံကောင်းလေး ပေးချင်လို့ပါ ခင်ဗျာ..။""" လို့ ဆိုတော့ သူဌေးကြီး ဝမ်းသာစွာနဲ့ စိတ်ထဲမှာလည်း..
➳ ➳ ငါတို့များ ဘုရားတရားနဲ့ နေတော့ စီးပွားပျက်တာတောင် နတ်သားကလာအကြံပေးလာရတယ်...။ဟန်ကျလေခြင်း..လို့ပေါ့...။

"" ဒါနဲ့ အမောင်နတ်သား ပေးချင်တဲ့ အကြံဥာဏ်ကို ပြောသမ်းပါအုံး..။
×××× ဒီလိုပါခင်ဗျာ.. သူဌေးကြီး စီးပွားပျက်ခြင်းရဲ့ အကြောင်း တွေးတောလိုက်တော့ မိမိရဲ့ စီးပွားကို လှည့်မကြည့်ပဲ မြတ်စွာဘုရား အမှူးပြုတဲ့ သံဃာတော်တွေကို နေ့စဉ် နေ့တိုင်း... ထမင်းကြွေး.. ပစ္စည်း ဥစ္စာတွေပေးနေတော့ ငွေတွေကကုန်သနဲ့ ဒါကိုသိတဲ့ အပေါင်းအသင်းတွေက လိမ် ဆိုတော့ မွဲမှာပေါ့ခင်ဗျာ...။
ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စီးပွားရေးကိုသာ ကြိုးစားပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို မပေးပါနဲ့တော့...အိမ်ကိုမပင့်ပါနဲ့တော့... ခင်ဗျာ..""" လို့ နတ်သားကပြောတော့ သူဌေးကြီးက စိတ်အရမ်းဆိုးသွားတာပေါ့..။
ဘာကြောင့်လဲဆိုတော့ သူဌေးကြီးက #သောတပန် ဆိုတဲ့ ဒိဌိနဲ့ ဝိစိကိစ္ဆာ ပယ်တဲ့ အဆင့်ရောက်နေပြီလေ..။
သူဌေးကြီးရဲ့ ရင်ထဲက သဒ္ဓါတရားက ဘုရား...တရား... သံဃာ ရဲ့အပေါ်မှာ ခိုင်မြဲနေပြီ..။ ဘာနဲ့ဖျက်ဖျက် မပျက်နိုင်တော့ဘူး..။ မြင့်မိုရ်တောင်ကို ဖြိုနိုင်ရင်တောင် သူဌေးကြီးရဲ့ ရင်ထဲက သဒ္ဓါတရားကို မဖြိုခွဲနိုင်တော့ပါဘူး..။
သူဌေးကြီးက ဒီနတ်ဟာ မိစ္ဆာဒိဌိနတ်ပဲ.. ကိုယ့်ကို ကောင်းကျိုးမပေးနိုင်ဘူး ဆိုပြီး """ သင်နတ်သား.. အခုချက်ချင်း အချိန်မဆိုင်းပဲ သင့်မိသားစုကိုပါ ခေါ်ပြီး ဒီအိမ်ကနေ ထွက်သွားပါ.. သင့်လို မိစ္ဆာ ဒိဋ္ဌိ နတ်မျိုး ဒီအိမ်မှာ မထားနိုင်ဘူး....""" လို့ နတ်သားကို မောင်းထုတ်တော့တာပေါ့..။
သူဌေးကြီးရဲ့ သတ္တိက အာဂပါ..
နတ်သားမှ မဟုတ်ဘူး..။ သိကြားမင်းက ပြောလဲ မောင်းထုတ်မှာပဲ..။
နတ်သားမှ မဟုတ်ဘူး..။ သိကြားမင်းက ပြောလဲ မောင်းထုတ်မှာပဲ..။
ဒီလိုနဲ့ မိစ္ဆာ ဒိဋ္ဌိအယူရှိတဲ့ နတ်သားဟာ မိသားစုပါ ခေါ်ပြီး သူဌေးကြီးရဲ့ အိမ်ပေါ်က ဆင်းခဲ့ရတယ်..။
မိသားစုနဲ့အတူ ယောင်ချာချာနဲ့ နေစရာမရနိုင်လို့ စတုမဟာရာဇ် နတ်မင်းကြီးထံသွားပြီး နေစရာ နေရာတောင်းလဲ နတ်မင်းကြီးက မပေးနိုင်ဘူး..။
မိသားစုနဲ့အတူ ယောင်ချာချာနဲ့ နေစရာမရနိုင်လို့ စတုမဟာရာဇ် နတ်မင်းကြီးထံသွားပြီး နေစရာ နေရာတောင်းလဲ နတ်မင်းကြီးက မပေးနိုင်ဘူး..။
နောက်ဆုံး သိကြားမင်းထံ အရောက်သွားပြီး.. "" အရှင်သိကြားမင်း ကျွန်တော်ဒုက္ခရောက်နေလို့ နေရာလေးစီစဉ်ပေးပါခင်ဗျာ ..."" လို့ တောင်းပန်တော့ သိကြားမင်းက "" အရင်နေရာ ဘာဖြစ်လို့လဲ.."" လို့ မေးတယ်..
မိစ္ဆာဒိဋ္ဌိ နတ်သားလဲ ဖြစ်ကြောင်းကုန်စင် ပြောပြတယ်ဆိုရင်ပဲ သိကြားမင်း မျက်လုံးပြူးတော့တာပေါ့... "" မင်း တယ်မိုက်တဲ့ ကောင်ပါလား.."""
_/|\_ ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ
ဘုရားမှ တစ်ပါး ကိုးကွယ်ရာမရှိ..
_/|\_ ဓမ္မော မေ သရဏံ အညံနတ္ထိ
တရားမှတစ်ပါး ကိုးကွယ်ရာမရှိ..
_/|\_ သံဃော မေ သရဏံ အညံနတ္ထိ
သံဃာမှတစ်ပါး ကိုးကွယ်ရာ မရှိ....
လို့ ယုံကြည်ချက် ခိုင်မြဲနေတဲ့ သူဌေးကြီးကိုမှ မင်း ပြစ်မှားခဲ့တယ်..။

မင်းလောက်မိုက်တဲ့ ကောင်မရှိလို့ ငါမကူညီနိုင်ဘူး..။.
ငါ ကူညီရင် ငါ့ခေါင်းပါ ရှစ်စိတ်ကွဲလိမ့်မယ်..။ လို့ သိကြားမင်းက ငြင်းတယ်..။
ငါ ကူညီရင် ငါ့ခေါင်းပါ ရှစ်စိတ်ကွဲလိမ့်မယ်..။ လို့ သိကြားမင်းက ငြင်းတယ်..။
ဒါပေမယ့် နတ်သားက ဇွဲတော့မလျှော့ဘူး.."" ကျွန်တော် မှားမှန်းသိပါပြီခင်ဗျာ.။ ကျွန်တော် ဘာဆက်လုပ်ရမလဲ .. ကျွန်တော့ကို ဖြစ်နိုင်သလောက်တော့ ကူညီပေးပါ.. ခင်ဗျာ.."" လို့ တောင်းပန်ရှာတယ်..။
သိကြားမင်းလဲ သနားတာနဲ့ ကြံဆလိုက်တော့ နတ်သားရဲ့ တစ်ခုတည်းသော လွတ်လမ်းကို တွေ့သွားတယ်..။
➳ ➳ မင်း .. ဒဏ်ထမ်းတဲ့အနေနဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ ပိုင်ရှင်မဲ့ မြောပါလာတဲ့ ဥစ္စာတွေ တစ်ဆယ်နဲ့ ရှစ်ကုဋေ..
ပင်လယ်သမုဒ္ဒရာအောက် မျက်မှာပြင်မှာ မြှုပ်နေတာ အဲ့ဒါအားလုံး မင်းရဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ယူပေးရမယ်..။
ပြီးတော့ သူဌေးကြီးရဲ့ ပစ္စည်း ဥစ္စာတွေကိုလိမ်လည်လှည့်စား သစ္စာဖောက်သွားတဲ့ သူငယ်ချင်းအတုတွေဆီက တစ်ဆယ့်ရှစ်ကုဋေ မင်းအစွမ်းနဲ့ ကြွေးတောင်းပေးလိုက်.. မြေကြီးထဲမြုပ်နေတဲ့ ပိုင်ရှင်မဲ့ ပစ္စည်းတွေ တစ်ဆယ့်ရှစ်ကုဋေ.. အားလုံးပေါင်း ငါးဆယ့်လေးကုဋေ.. မင်းယူလို့ သူဌေးကြီးရဲ့ ဘဏ္ဍာတိုက်ထဲ ထည့်ပေးလိုက်.. အဲ့ဒါပြီးရင် သူဌေးကြီး ကို မင်းအသိပေးပြီး တောင်းပန်လိုက်.. """ လို့ ဆိုပြီး ပြန်လွှတ်လိုက်တယ်..။

နတ်သားက အဲ့ဒါတွေအကုန်လုပ်ပေးပြီး သူဌေးကြီးဆီ နောက်တစ်ခေါက် ရောက်လာတယ်..။ """ ဘာကိစ္စများ ပြောအုံးမလို့လဲ အမောင်နတ်သား.."" လို့ မေးတော့ ...
""" သူဌေးကြီး ခင်ဗျာ ကျွန်တော့်အပြစ်တွေကို သိပါပြီ .. ဒါတွေကို သိလို့ မင်းဒဏ်ထမ်းတဲ့အနေနဲ့ သူဌေးကြီးရဲ့ ဘဏ္ဍာတိုက်ထဲကို ငါးဆယ်နဲ့လေးကုဋေ ဥစ္စာတွေ ကို ထည့်ပေးပြီးပါပြီ..။ ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ....."" လို့ဝန်ချ တောင်းပန်တော့ သူဌေးကြီးက ခွင့်လွှတ်လိုက်တယ်..။

ဒီလောက်ဥစ္စာတွေ ရှာပေးပြီးမှ တောင်းပန်တဲ့ နတ်သား.. ထူးဆန်းပါလားဆိုပြီး ဘုရားရှင်ထံ ခေါ်သွားလို့ မြတ်စွာဘုရား ကလည်း တရားတွေကိုဟောကြားလို့ တရားနာရတဲ့ နတ်သားလဲ သောတပန်အဆင့်ကို တက်လှမ်းပြီး..
#ဗုဒ္ဓမာမက ဘုရားကို ကိုးကွယ်မြတ်နိုးတတ်ပြီး..
#ဓမ္မမာမက တရားတော်ကိုလည်း အားထားယုံကြည် မြတ်နိုးတတ်ပြီး..
#သံဃာမာမက သံဃာတော်အရှင်မြတ်တွေကိုလည်း ဆည်းကပ် ကော်ရော် ပူဇော်မြတ်နိုးတတ်ပြီး.. သူဌေးကြီးကလည်း သောတပန်.. နတ်သားကလည်း သောတပန် ဖြစ်လို့ သူတို့နှစ်ဦးဟာ ဓမ္မမိတ်ဆွေ အစစ်တွေ ဖြစ်သွားကြတယ်..။.

ဒါကြောင့် ဒီဝတ္ထု သာဓကကို ကြည့်ပြီး ဘုန်းကံပါရမီ ပြည့်စုံတဲ့ သူရဲ့ ဥစ္စာပစ္စည်း တွေကို ဘယ်လိုပင် ဖျက်စီးခြင်းပဲရှိရှိ မပျက်စီးနိုင်ကြောင်း အထူးသတိပြု မှတ်ယူစေချင်ပါတယ်..။
✏ အရှင်အဇဋာ
(ရွှေ ဥ ယု)
(ရွှေ ဥ ယု)
No comments:
Post a Comment