*** ဒါနကိုနိုင်ချင်လို့ ပြိုင်ချင်လို့ မလုပ်ပါနဲ့***
သဒ္ဓါအရင်းတည်ပြီးမှတော့ ဒါနကို နိုင်ချင်လို့ .. ပြိုင်ချင်လို့ မလုပ်ပါနဲ့..။ စေတနာထက်သန်စွာပြုလုပ်ပါ..။
နိုင်ချင်လို့.. ပြိုင်ချင်လို့ ဆိုရင်ကိုယ့်မှာရှိနေတဲ့ ပစ္စည်းဥစ္စာ ကြောင့်ပဲ မစ္ဆေရ ဖြစ်ရပါတော့တယ်..။
သဒ္ဓါတရားက လှူတာတော့ မဟုတ်ပါဘူး..။ သဒ္ဓါရှိမှ သဒ္ဓါတရားအရင်းတည်ပြီး စေတနာဆိုတဲ့ စေ့ဆော်တတ်တဲ့ စေတသိက်က လှူရ ပြုလုပ်ရတာမို့. စေတနာက ပဓာနကျပေမယ့် စေတနာရဲ့ အရင်းအမြစ်ကို ရှာတဲ့အခါမှာ သဒ္ဓါတရားအားကောင်းမှသာ စေတနာ ဖြစ်ပေါ်လာရတဲ့အတွက် သဒ္ဓါတရား အားကောင်းဖို့ အဓိကလိုပါတယ်..။
★ အလှူဒါန. ပြုကြကိုယ်တိုင်
လူချင်းနတ်ချင်း ဘဝခြင်းယှဉ်ပြိုင်
အောက်ကျနောက်ကျ မရောက်ရပါနိုင်
သက်ရှည်ခြင်း ပြိုင်ရင်း ကိုယ်ကနိုင်
ရုပ်ရည်ချင်း ပြိုင်ရင်း ကိုယ်ကနိုင်
ဥစ္စာချင်း ပြိုင်ရင်း ကိုယ်ကနိုင်
ခြွေရံချင်း ပြိုင်ရင်း ကိုယ်ကနိုင်
ပြိုင်နေရင်း ပြိုင်ရင်း ကိုယ်ကနိုင်..။
✏ အရှင်အဇဋာ
( ရွှေ ဥ ယု )
No comments:
Post a Comment