❦ ကိလေညစ်မဲ စိတ်၌စွဲ ရုပ်လဲမကြည်လင်
❦ ကိလေညစ်မဲ စိတ်မစွဲ ရုပ်လည်းအေးကြည်ရွှင်
❦ စိတ်ညစ်မဲခးလျှင် ဆင်းရဲပင် ဖြူလျှင်ချမ်းသာသည်။
❦ ချမ်းသာရလို များလူဗိုလ် စိတ်ကိုသိရမည်။
❦ စိတ်ကိုသိချင် များလူရှင် နေ့စဉ်စစ်ရမည်။
❦ နေ့စဉ်စစ်ဆေး စိတ်ညစ်ကြေး လျှော်ဆေးပစ်ရမည်။
(သံ-၂၊ နှာ-၁၂၃-ဒုတိယ ဂဒ္ဒုလဗဒ္ဓသုတ်)
ကောင်းခြင်း..မကောင်းခြင်း.. ချမ်းသာခြင်း.. ဆင်းရဲခြင်း.. အရာအားလုံး ဖြစ်နေတာ #စိတ်ကြောင့်ဆိုတာ သိချင်ရင် နေ့စဉ်ဆန်းစစ်ရပါမယ်။
ကိစ္စတစ်ခု ကြံစည်တာနဲ့ .. စကားတစ်ခွန်းပြောတာနဲ့. အလုပ်တစ်ခု လုပ်တာနဲ့ စစ်ဆေးလိုက်ပါ..။
စစ်ဆေးလို့ မကောင်းမှန်းသိရုံနဲ့ ရပ်မနေပါနဲ့ ။
လျှော်ဆေးပစ်ဖို့ ကြိုးစားပါ။
စိတ်မကောင်းမှန်းကို စိတ်ကသိတယ်။ သိလျှင်သိချင်း ငါလုပ်ကိုမလုပ်ဘူးလို့ စိတ်ကသန္ဒိဋ္ဌာန်ချလိုက်ရင် အောင်မြင်ပါလိမ့်မယ်။
မိမိရဲ့ စိတ်အစဉ်ကို ထိန်းသိမ်းရတာ အဆင်ပြေလာမှ ဗုဒ္ဓဘာသာတို့ ပန်းတိုင်နိဗ္ဗာန်ကို ပို့ဆောင်တတ်တဲ့ ဘာဝနာကို အားထုတ်နိုင်မှာပါ..။
✏ အရှင်အဇဋာ
( ရွှေ ဥ ယု )
No comments:
Post a Comment