စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, August 16, 2015

ပဋ္ဌာန်းလေးမျိုး အမှတ် ၎

(((၆)))(4))
၁၀။ဟေတုကုသလာ
ဗျာကတတို့ကိုလဲ 

စာပဋ္ဌာန်း ရွာပဋ္ဌာန်း
ငါပဋ္ဌာန်းတရားနှင့် 

ထင်ရှားအောင်
    ဖော်ပြချက်

တနည်း-ပုထုဇဉ်၊ သေက္ခရှိသမျှတို့

(၆) ဒွာရတို့မှာ

(ဝါ) အပေါက်
ခြောက်ပေါက်တို့မှာ

(ဝါ) မျက်စိ ၊ နား ၊ နှာ ၊
    ၊ လျှာ ၊ ကိုယ် ၊ စိတ် ၊

အာရုံခြောက်ပါးတို့
ထင်ရှားတွေ့ထိကြ
သောအခါ

ကသိုလ်ဖြစ်
်လောက်အောင်

အသင့်အတင့်
နှလုံးသွင်းခြင်း

ယောနိသော
မနသီကာရနှင့် 

စောင့်စီးခြင်း
သံဝရ တရား

စသည် များတို့
ထင်ရှားရှိသူ
တို့မှာ

အာရုံ  ခြောက်ပါး 
ဣဋ္ဌာရုံ စသည်

တွေ့ကြုံကြငြား
သော်လည်း

ဒါန၊ သီလ၊ သမထ၊
ဝိပဿနာ အစဖြာသော

ကုသလာဓမ္မာဘက်
(ဝါ) ကောင်းတဲ့
သဘောဘက်သို့သာ

စိတ်နှလုံးထား ကူးသွားတတ်ကြရာ
တွင်

အရုပ်ဆုံး
ကံ၊ ကံ၏ အကျိုးကို
ရုံကြည်၍ ပြုကြပါမူ

အလောဘဟိတ်၊
အဒေါသဟိတ် (၂) ပါး

(ဝါ) မလိုခြင်
သည့်အကြောင်း၊

မပြစ်မှားသည့် အကြောင်း

(၂) ပါးသောရေသောက်
မြစ်ကြီးများကြောင့်သာ

ကိုယ်အမူ အရာ၊
နှုပ်အမူ အရာ၊
စိတ်အမူအရာ
အမျိုးမျိုး

ဟေတုပစ္စည်း၏  
အကျိုးပစ္စယုပ္ပန်တရားတို့

(ဝါ) သုစရိတ၊
သုရာဇီဝ 

ကုသလအစားစား
တိဟိတ် 
ငါပဋ္ဌာန်းတရား ၊

ဒွိဟိတ်
ငါပဋ္ဌာန်းတရားတို့
ဖြစ်ပွား ကြကုန်၏ ဟု 

ကုသိုလ်ဘက်က
ငါပဋ္ဌာန်းတရားအရကို  သိရှိကြပါလေ။

ထိုမှတပါး
ဘုရား
ပစ္စေကဗုဒ္ဓာ
ရဟန္တာတို့မှာ
မူကား

ထိုထိုအာရုံတို့ ကို
ခြောက်ဒွာရတို့နှင့် 

တွေ့ ရှိကြ တိုင်းသော
အခါတို့မှာ

ယောနိသော
မနသိကာရနှင့်

စောင့်စည်းခြင်း
သံဝရတရား

စသည်များတို့နှင့်သာ
ကိရိယာဇောတို့ချည်း  ဖြစ်ကြရာ၌

ကုသိုလ် အကုသိုလ်များ
တို့ကဲ့သို့

ကောင်းမကောင်း
အကျိုးကိုလဲ
မပေးတတ်ဘဲ

ပြုကာမတ္တ
အမူအရာ

ဗျာပါရမျှတို့ချည်းဘဲ
ဲဖြစ်ကြသည့်
အထဲမှာ

ဥာဏ်မယှဉ်ပါမူ
အလောဘ ဟိတ်၊
အဒေါသ ဟိတ်
နှစ်ပါး၊

ဥာဏ်ယှဉ်ပါမူ

အလောဘဟိတ်၊

အဒေါသဟိတ်၊

အမောဟဟိတ်သုံးပါး

ရေသောက်မြစ်ကြီးများ
ကြောင့်သာ

ကိုယ်အမူအရာ၊
နှုပ်အမူအရာ၊

စိတ် အမူအရာ အမျိုးမျိုး၊  အကျိုး ပစ္စယုပ္ပန်တရားတို့ ဖြစ်ပွားကြကုန်၏ ဟု

အဗျာကတ ဘက်
ငါပဋ္ဌာန်းတရား ကို
သိရှိကြပါလေ။
 
ဤကား ဘုရား
ပစ္စေကဗုဒ္ဓာ
ရဟန္တာတို့ သိရှိသမျှ

ဆောင်ရွက်သမျှ
အားလုံးတို့မှာ

ကိရိယာဗျာကတဇော
အစားစားတို့နှင့်သာ

ငါပဋ္ဌာန်းတရား
အရကို ပြချက်ပေတည်း။
 
  
တနည်း-

သဟိတ်ကိရိယာ
အဗျာကတဇောတို့သာ 

ဟေတု ပစ္စည်း များ
ငါပဋ္ဌာန်းတရား တို့ ဖြစ်နေကြတာ
မဟုတ်သေး။

သဟိတ် ပဋိသန္ဓေ၊
ဘဝင်  စုတိတို့မှာ
ပါသည့်

ဟိတ်နှစ်ပါး၊
ဟိတ်သုံးပါးတို့ ကလဲ

ဟေတုပစ္စည်းများ ငါပဋ္ဌာန်းတရားတို့
ဖြစ်ကြကုန်၏၊

ဤ ပဋိသန္ဓေ ၊ ဘဝင်
စုတိ တို့ကား

(၆) ဒွာရတို့၌ဖြစ်ကြသော
စိတ်တို့မဟုတ်ကြကုန်။

ထို(၆) ဒွာရတို့မှ လွတ်ကြသော
ဒွာရ ဝိမုတ်စိတ်တို့  ဖြစ်ကြကုန်၏။

ဤသို့
ကုသိုလ၊်
အကုသိုလ်၊
အဗျာကတ
ဟိတ်တို့က

သတ္တဝါတိုင်းတို့မှာ
ငါပဋ္ဌာန်းတရားအစစ်
ဖြစ်နေကြသည်ကို
သိစေလို၍

"ဟေတုပစ္စယောတိ
ဟေတူ
ဟေတုသမ္ပယုတ္တကာနံ
ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတု
ပစ္စယေန ပစ္စေယာ"

ဟု ပဋ္ဌာန်း
ပါဠိတော်ကြီးမှာ

မြတ်ဘုရား
ကိုယ်တော်တိုင်

ဟောကြားတော်မူ
အပ်သည်ကို

အလွယ်နည်းနှင့်
သိစေလို၍ -

။  လော ၊ ဒေါ ၊ မောဟေ ၊
    မိုက်မှားနေ ၊

  မှတ်လေဟေတု          ကြောင်းရင်းစု ၊

အလော ၊ အဒေါ ၊
အမော ၊ သုံးထွေ ၊

ကောင်းမြတ်နေ ၊

မှတ်လေဟေတု
ကြောင်းရင်းစု ။
ဟု 

ဆောင်ပုဒ်၌ 
ရေးထုတ်လိုက်
ပါသတည်း ။

       ********

####

No comments:

Post a Comment