စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, August 27, 2015

ပဋ္ဌာန်းလေးမျိုး အမှတ် ၁၃

(((12)))((13))

မနောပေါက်က တသက်လုံး ကြံသိ ဖြစ်နေသမျှသော စိတ် စေတသိက် သဘော တရားတို့ သည် ကြံစရာရူပါရုံကို သော်လည်းကောင်း ! သဒ္ဒါရုံကိုသော်လည်းကောင်း  l ဂန္ဓာရုံကိုသော် လည်းကောင်း l ရသာရုံကိုသော်လည်းကောင်း l ဖောဋ္ဌဗ္ဗာရုံကို သော်လည်းကောင်း l ထိုအာရုံ ငါးပါးတည်းဟူသော l ဂေါစရာရုပ် ခုနှစ်ပါးမှကြွင်းသော ရုပ်တဆယ့် နှစ်ပါး နှင့် l စေတသိက်တရား များနှင့်တကွ ထိုထိုပညတ် အစားစားတည်းဟူသော ဓမ္မာရုံကိုသော်လည်းကောင်း အာရုံပြုစရာ ဓမ္မာရုံကိုသော်လည်းကောင်း အာရုံပြုစရာ အာရမ္မဏပစ္စည်း ရှိမှသာလျှင် ကြံသိလုံး ဖြစ်နှိင်ကြသည်ကို မည်သည့်ဘာသာကမျှ မငြင်းဆန် နှိုင်ကြသည်လည်း တစ်ချက် ။ ဤအာရုံ အကြောင်းနှင့် စိတ် စေ တသိက် အကျိုးတရားပေါင်း ခြောက်ပါး
အာရမ္မဏပစ္စည်း l ပစ္စုပ္ပန် ငါပဋ္ဌာန်း တရားတို့က လူ နတ်ကျွဲ နွား သတ္တဝါ အစားစားတို့မှာ ဖြစ်နေကြတာကို မည်သည့် ဘာသာကမျှ မဟုတ်ဘူး မဖြစ်ဘူးလို့မငြင်း ဆန်နှိုင်ကြ ထိုအာရုံခြောက်ပါးတို့ အကြောင်းကြောင့် သိလုံး ခြောက်ပါးတို့ သူငါတိုင်း တို့မှာ စိတ်သိဥာဏ်မြင် အထင်အရှားဖြစ်နေငြားသောကြောင့် စာတတ်သူ မတတ်သူအားလုံးတို့က ဟုတ်လှ ပါပေတယ် မှန်လှပါပေတယ် ဟူ၍သာ ဝန်ခံနှိုင်ကြ ကုန်ရာ၏ (ဝါ) ဝန်မခံ ဘဲမနေနှိုင်ရာ။ ဤသည်တို့ကား သတ္တဝါတိုင်းတို့မှာ နေ့စဉ်ထာဝရ မဖြစ်ချင်ပေမဲ့ မနေရအောင် အတင်း အဓမ္မ အာရုံ l အာရမ္မဏိက ငါပဋ္ဌာန်းတရားတွေဖြစ်နေကြတာကို ဤပဋ္ဌာန်းတရားများက လွတ်အောင်ရှောင်ရှားနှိုင်ကြပါမူ ဆုငွေ အမျာအပြားပေးကြမည်ဆိုရင်တောင်မှ လွတ်အောင်မရှောင်ရှားသော မြို့ပြ   ပြည်ရွာ အိမ်တကာနှင့် ဤကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာလောကကြီးများ အတွင်း ဖြစ်ပျက်ခြင်း ရှိနေကြသော စာတတ်သူ စာမတတ်သူ သတ္တဝါတိုင်းတို့မှာ ငါပဋ္ဌာန်း တရားကြီးများ ထင်ထင်ရှားရှား ပေါပေါများများကြီး ဖြစ်နေကြချက် နည်းအမြွက်တို့ကို သိစေလို၍ " "ရူပါယတနံ စက္ခုဝိညာဏ ဓာတုယာ တံသမ္ပယတ္တကာနစ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော" စသည်ဖြင့် ဤပဋ္ဌာန်းပါဠိတော်ကြီးမှာ ဘုရားရှင် ဟောတော်မူအပ်သည်ကို အလွယ်နည်း နှင့်သိစေလိုပြန်၍ "အာရုံငါးထွေ l ငါးဝိညေ l မှတ်လေ အာရမ္မဏ l ကြောင်းကျိုးရ " စသည်ဖြင့် ဆောင်ပုဒ်ကို ရေးထုတ်လိုက်ပါ သတည်း ။

No comments:

Post a Comment