သဒ္ဓါအကြောင်း
သဒ္ဓါအကြောင်း
==========
ယုံကြည်ခြင်းသဘောသည် သဒ္ဓါတည်း။
ထို့ ကြောင့်'ယုံကြည်တတ်လေ့ သဒ္ဓါငွေ့တည်း'
ဟုဆိုခဲ့၏။
'ယုံကြည်'ရာ၌ 'ယုံ'အတွက် အဓိပ္ပာယ်တစ်ရပ်
'ကြည်အတွက်' အဓိပ္ပာယ်တစ်ရပ်ဟု နှစ်မျိုး
ခွဲမှတ်ရပါမည်။
ယုံပုံ - ဒိဋ္ဌိသည် ကံတရားမရှိ ကံ၏
ကောင်းကျိုး ဆိုးကျိုး မရှိ လွန်ခဲ့သောကာလ၌
မိမိတို့ ဖြစ်ခဲ့ရသော ဘဝဟောင်းမရှိ ယခုဘဝ
သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘဝသစ်လည်းမရှိ
ဤဘဝ ထိုဘဝအားလုံးကို သိနိုင်သော ဘုရားမ
ရှိ တရားမရှိ သံဃာမရှိ ဤသို့  စသည်ဖြင့် အယူ
မှား၏။
ထိုကံစသည်တို့ ကိုလုံးဝမယုံကြည်ချေ။
ဝိစိကိစ္ဆာမှာ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံ
မှားသံသယဖြစ်နေ၏။
ဤသဒ္ဓါကား ကံ - ကံ၏အကျိုးစသော တရားစု
ကို ဧကန်ရှိ၏ဟုယုံကြည်သည်။
ဤယုံကြည်သောသဒ္ဓါကို 'သဒ္ဓါဓိမောက္ခ-ယုံ
ကြည်သောအားဖြင့် ဆုံးဖြတ်ခြင်းသဘော' ဟု
ကျမ်းဂန်တို့ ၌ ဆို၏။
ဤသို့  အမှန်ရှိသောအကြောင်းအရာ၌ ယုံ
ကြည်ခြင်းကိုသာ သဒ္ဓါအစစ် ကုသိုလ်ဖြစ်သည်
ဟုမှတ်အပ်၏။
No comments:
Post a Comment