ယနေ့ ဦးဇင်း ရဲ့ ဓမ္မမိတ်ဆွေ များ ကို ဘုရားများ ကျောင်း ပေါက်ဝ မုခ်ဦး များတွင် များသော အား ဖြင့် တွေ့ မြင် ရတတ်သော ခြင်္သေ့ရုပ် ထုများ ရဲ့ အကြောင်း ကို ပြော ပြ မှာ ပါ။ မသိ သူများ မေးလာ ခဲ့ ရင် ဖြေ နိုင်စေရန် နှင့် ခြသေ့င်္ ရုပ်ထု ထားခြင်း ၏ အဓိပ္ပါယ် ကို တိတိ ကျကျ သိ စေ ရန် အတွက် ရည် ရွယ် ပြီး ရေး ရ ခြင်း ဖြစ် ပါ တယ် ။
ဟိုး ရှေ့အခါ က ....ဒက္ခိဏ တိုင်း ၌ ဝင်္ဂရာဇ် မင်းကြီး အုပ်ချုပ်တော်မူပါ တယ် ။ မင်းကြီး ၌ အလွန်လှပ တဲ့ သမီးတော် တစ်ဦး ရှိပါ တယ် ။ သမီးတော် လေး ၏ ဖွားဇာတာ ကို ပုဏ္ဏား ပညာရှိ ကြီးတွေ ကြည့်ပြီး ဤ မင်းသမီး လေး ဟာ အရွယ်ရောက် ရင် ခြင်္သေ့မင်း နဲ့ လက်ထပ်ရ လိမ့်မယ် လို့ ဟော ခဲ့ ပါ တယ် ။ မင်းသမီးလေး ရဲ့ အမည်ကို လဲ ကေသရီ လို့ ပေးခဲ့ ကြပါ တယ် ။
မင်းကြီးဟာ သူ့ သမီးတော် လေး ကို ချစ် ရှာ လွန်းလို့ ဘယ်တောရိုင်း တိရစ္ဆာန် မှ ကပ် မရအောင် အစောင့် ရှောက်တွေ နဲ့ ထား တော်မူပါ တယ် ။ သမီးတော် လေး ကို လဲ တိရစ္ဆာန် ဆိုလို့ ကြောင်တောင် မွေးခွင့် မပြုပါ ဘူး ။ မင်းသမီးလေး ကို ဘုရင့်သားတော် တစ်ပါးပါး နဲ့ လက်ဆက်ပေးမယ် လို့ မင်းကြီး က စီမံကိန်းကြီး ချ ထား တာ ပေါ့ ။
မင်းသမီးလေး ကေသရီ ဟာ အရွယ်ရောက် တဲ့ အခါ မှာ တံခါးမူး အစောင့် တစ်ရောက် နဲ့ ချစ်ကြိုက် မိကြသွား တယ် ။ ဒါကို ဘုရင် ကြီး သိ သွား တဲ့ အခါ မှာ သူ့ စီမံကိန်း ကြီ ပျက် စီးသွာတာ ရယ် သူသဘော မတူ နိုင်တဲ့ သူ ကို ချစ်ကြိုက် နေတာ ရယ် ကြောင့် အလွန်း ဒေါသထွက် သွားတာပေါ့ ။ အချစ်ကြီး တော့ အမျက်ကြီး တာမျိုး လေ ။ အဲဒိတော့ မင်း သမီးလေး ကို တိုင်း ပြည် ကနေ ထွက်ခွာသွား ဖို့ ပြည်နှင်ဒဏ် ချမှတ် လိုက်ပါတယ် ။
မင်းသမီးလေး ဟာ သူ့ အခြံရံတစ်ချို့ကို ခေါ်ပြီး ဒက္ခိဏ တိုင်း က ထွက် ခွာခဲ့ ပါတယ် ။ တော အထပ်ထပ် တောင် အထပ်ထပ် ကို ဖြတ်ကျော် ရင် ကေသရာဇာ ခြင်္သေ့မင်း ကြီး ကျက်စား တဲ့ တော တစ်ခု ကို ဖြတ်ကျော် ဖို့ အကြောင်း ဖန် လာ ကြပါ တယ် ။
ကေသရာဇာ ခြင်္သေ့မင်း ကြီး သည် အစာ ရှာ ထွက် ခါး နီး မှာ ဟိန်းဟောက်လေ့ ရှိပါတယ် ။ အဲဒိ လို ဟိန်း တဲ့ အသံ ကို ခြင်္သေ့မင်း ပိုင်နက်တော အုပ် ကြီး ကို ဖြတ်သန်း နေကြတဲ့ သမီးလေး ရဲ့ အခြွေရံတွေ ကြား သွား တဲ့ အခါ ဆောင်တည်ရာ မရ ခြေ ဦးတည့် ရာ ထွက်ပြေး ကြတာ ပေါ့။
မင်းသမီးလေ လဲ ကြောက်လန့် ပြီး ထွက် ပြေးပါ တယ် ။ အဲဒိလို လူတွေ အော် ဟစ်ပြေး လွား သံတွေ ကြားတဲ့ အခါ မှာ ခြင်္သေ့ကြီး က သူ့ သားကောင် တွေ အသံ ကြား ရာ ဘက် ကို ထွက်လာ ခဲ့ ပါ တယ် ။ အဲဒိ အခါ မှာ ဘုရင့် သမီးတော် လေး ကို မြင်သွား ပါ တယ် ။ မင်း သမီးလေး လဲ ကြောက်လန့် ထွက်ပြေး ရင်း ချော် လဲ ပြိး မေ့မျောသွား ခဲ့ ပါတယ်။
ခြင်္သေ့မင်းကြိး သည် မင်းသမီးလေ ထံ ပြေးလား ပြီး မင်းသမီးလေး မျက် နှာ မြင်တဲ့ အခါ မှာ တော့ မစား ရက် တော့ပါဘူး ။ ရှေ့ဘဝ အဆက်ဆက် ကပေါင်း ဖက်ခဲ့ ဖူးတဲ့ မေတ္တာရေစက် အဟုန်တွေကြောင့် မင်း သမီး လေး ကို မြင်တာနဲ့ ချစ်ကြိုက် စိတ်တွေ ဖြစ်ပေါ် ပေါက် ဖွား လာ ခဲ့ပါတယ် ။
ခြင်္သေ့မင်းကြိး ဟာ မင်းသမီးလေး ရဲ့ အင်္ကျီကို ကိုက်ချိပြီး မင်းသမီးလေး ကို အသာ အယာ သူနေတဲ့ ဂူထဲ ချီသွင်းလာ ပါတယ် ။ မင်းသမီး မျက်နှာ လေး ကို တစိမ့်စိမ့်ကြည့်ပြီး မင်း သမီးလေး သတိမရ မချင်း အနား က မခွာပါဘူး ။ သတိပြန်ရ တဲ့ အထိ မင်း သမီးလေး ပါး ကို လျှာနဲ့ ရက်ပေး ရင်း မင်း သမီးလေး ကို စောင့်ရှောက်ပေး နေတာ ပေါ့ ။
သတိပြန်ရ လာ တဲ့ မင်း သမီးလေး ကတော့ ခြင်္သေ့ကြီး ကို ကြည့်ပြီးလန့် နေပါတယ် ။ ဒါပင်မဲ့ ခြင်္သေ့ကြီး ထံက ရန်မူမဲ့ သဏ္ဍာန် မတွေ့ရ ရှာပါ ဘူး ။ မင်း သမီးလေး လဲ ကြောက်ကြောက်နဲ့ ခြသေ့င်္ကြီးရဲ့ အလိုက် အထိုက်ကို ကြည့် နေရတာ ပေါ့ ။
ခြင်္သေ့မင်းကြီး နဲ့ မင်းသမီး လေး ဟာ ဂူထဲ မှာ အတူနေကြပါတယ် ။ ခြင်္သေ့ကြီးက မင်းသမီးလေး အတွက် အစာတွေ ရှာလာ သလို သူလဲ မင်းသမီး လေး ကို တွေ့ တဲ့ အချိန် က စပြီ လူသားတွေ မစား တော့ ပါ ဘူး ။ ဘုရင့်သမီးတော် လေး ခဗျာ မှာတော့ ကယ်သူဝေး နေ တဲ့ တောကြီး ထဲ မှာ ခြသေ့င်္ ကြီး နဲ့ တစ်ဂူထဲ အတူနေရင်း သူနေ ဖူးခဲ့တဲ့ နေပြည်တော် ကြီး ကို သာ နေ့တိုင်း လွမ်းနေရ ရှာ တာပေါ့ ။
အနေကြာလာ တော့ ခြင်္သေ့မင်း ကြီးနဲ့ ဘုရင့် သမီးတော် လေး ဟာ ပေါင်းဖက်ရင်း သား လေး တစ်ယောက် တောင် ရခဲ့ ကြပါတယ် ။ အဲဒိ ကလေး လေး ဟာ သူ့ အဖေ ခြင်္သေ့ မင်းကြီးလို ခွန်အား ဗလတွေ နဲ့ ပြည့်စုံပြီ ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံပါတယ် ။ ဘုရင့် သမီးတော်လေး က သူ့တို့ရဲ့ သားတော်လေး အမည်ကို သီဟဗာဟု လို့ အမည့် ပေးလိုက် ပါတယ် ။ သီဟ = ခြသေ့င်္, ဗာဟု = လက်ရုံး ။ ခြင်္သေ့မင်း ကြီးရဲ့ လက်ရုံးနဲ့ တူတဲ့ သားလေးပေါ့ ။
ခြင်္သေ့မင်း ကြီးဟာ အစာရှာ ထွက်တဲ့ အခါမှာ သားနဲ့ ဇနီး ကို ကျောက်ဂူးကြီး အတွင် မှာ ထည့်ပြီး ကြီးမားတဲ့ ကျောက်တုံးကြီး နဲ့  ဂူအဝ ကို ပိတ် ထား ခဲ့ လေ့ ရှိပါ တယ် ။ အကြောင်း က တော့ ရန်သူတွေ မတွေ့ စေရန် နဲ့ သူ့ ရဲ့ ချစ်လှ စွာသော သား နဲ့ ဇနီး ထွက်မပြေး စေရန် အတွက်ပါ ။
မင်း သာ လေး က လူစကား ကို မိခင်ထံမှ သင်ယူတတ်မြောက် သလို ဖခင်ထံ မှ ခြသေ့င်္ စကား ကို လဲ တတ်မြောက်ခဲ့ ပါတယ် ။ အနေနီးတော့ နား လည်သွား တဲ့ သဘော မျိုးပေါ့ ။ မင်းသာလေး သီဟဗာဟု ကို သူ့ မိခင် က အမြဲ ပဲ ရွေနန်းတော်ကြီး ရဲ့ သာယာ ပုံတွေ ကို ပြော ပြ လေ့ ရှိ ပါ တယ် ။ မင်းသားလေး သီဟဗာဟု ဟာ ငယ်ငယ် လေး ကထဲ က ရွေ နန်းတော်ကြီး ကို အရမ်း ရောက် ခြင်နေ တာပေါ့။
ဖခင် ကေသရာဇာ ခြသေ့င်္ မင်းကြီး က လဲ သူ့သားလေး သီဟဗာဟု ကို သူလို တောတောင် ကို အုပ် စိုး တဲ့ သူကြီး ဖြစ်စေချင်တယ် ။ သူ့ ရဲ့ အရိုင်းရာ ကို ဆက် ခံ တဲ့ သားလေး ဖြစ်စေခြင် တာ ပေါ့ ။ အဲ ဒိ အတွက် သူ့သားလေး ကို တောတောင် အကြောင်း ၊ သားကောင် တွေ အကြောင်း အစ ရှိ သဖြင့် ဖခင်ခြင်္သေ့ကြီး တတ်တဲ့ ပညာတွေ ကို သင်ပေး ရှာ ပါတယ် ။
မင်းသားလေး သီဟ ဗာဟု ဟာ လူတွေ နေ တဲ့ အရပ်ဒေသ တွေ ကို မိခင်ထံ မှ ကြား သိ ပြီး လူငယ်ပီပီ သွားရောက် လို စိတ်များ ဖြစ်ပေါ်နေ ပါ တယ် ။ ဖခင် ခြင်္သေ့မင်း ကြီး တော လည် ထွက် တဲ့ အခါ မိခင်ထံ ကပ်ပြီး လူတွေ နေတဲ့ ရပ်ရွာ တွေ ကို သွား ကြ ဖို့ အကြိမ်ကြိမ် ပူဆာ ပါ တယ် ။
မိခင် ကြီး က လဲ သားလေး ပူဆာ လွန်းတာ က တစ်ကြောင်း ၊ ကိုယ်တိုင် တောကြီး ထဲ မှာ နေရတာ ငြီးငွေ့နေတာ ရယ် ၊ နေပြည်တော် ကြီး နဲ့ ဆွေမျိုး တွေကို ကြာရှည်ခွဲနေ ရ လို့ ပြန်လည် တွေ့ ဆုံ ခြင်တာ ရယ် ၊ လင်သား ဟာ အဟိတ် တိရိစ္ဆာန် ဖြစ်တော့ အချိန်မရွေးဖောက်ပြန် ပြီး ရန်ရှာမှာ ကြောက်တာ ရယ် ကြောင့် သားလေး နဲ့ အတူ ထွက်ပြေး ကြ ဖို့ သဘော တူခဲ့ ပါ တယ် ။
သားအမိ နစ်ယောက် ဟာ ခြင်္သေ့မင်း ကြီး မရှိ တဲ့ အချိန် မှာ ဂူထဲ က ထွက် လာ ခဲ့ပါတယ် ။ သား လေး သီဟ ဗာဟုက ခွန်အား ကြီး တဲ့သူ ဖြစ်တော့ ဂူဝ မှာ ခြသေ ပိတ်ထား တဲ့ ကျောက်တုံး ကြီး ကို လွယ်လွယ် ပဲ ဖယ်ရှား နိုင် ခဲ့ တယ်လေ ။ သားအမိ နှစ်ယောက် ဂူထဲ က နေပြီး ထွက်ပြေး ကြ ပင်မဲ့ လမ်းတွေ သေခြာ မသိတော့ ခရီး မပေါက် လှပါ ဘူး ။
ခြင်္သေ့ကြီးဟာ တောလည်ရာ က ပြန် လာ တဲ့ အခါ ဂူဝ ကြီး ပွင့်နေပြီး သားနဲ့ ဇနီး ကို မတွေ့ ရ ရှာပါ ဘူး ။ ခြသေ့င်္ ကြီး လဲ သား နဲ့ ဇနီးကို ရန်သူ တွေများ တိုက်ခိုက် ဖမ်းယူသွား လေ လား ဆိုတဲ့ စိုးရိမ် စိတ်နဲ့ အပူတပြင်း လိုက် ရှာ ပါ တော့ တယ် ။ ခြင်္သေ့မင်း က တောကျွမ်းသူဖြစ်တော့ မကြာ မိမှာပဲ သားနဲ့ ဇနီး ကို ပြန်တွေ့ သွား ပါတယ် ။
ခြင်္သေ့မင်းကြီး က သား နဲ့ ဇနီးကို တွေ့တော့ တောတောင် ဆို တာ အန္တရာယ် များ တဲ့ အကြောင်း နောင် ခု လို အလည် အပတ် မထွက်သင့် ကြောင်း ဖြောင်းဖျ ပြီး ပြန်ခေါ်လာ ခဲ့ ပါ တယ် ။ သူခဗျာ သူ့ကို ထား ပြီး ထွက်ပြေး မှန်း မသိရှာပါ ဘူး ။ ချစ်လွန်းတော့ လဲ အပြစ် မမြင်ပါ ဘူး " သူတို့ သားအမိ လဲ ဂူထဲ မှာ ပဲ နေရတော့ ပြင်း နေ လို့ ထွက် လည် ရင်း လမ်းမှား သွား တာ" လို့ ပဲ ထင်နေရှာပါ တယ် ။ သီဟဗာဟု တို့ သား အမိ လည်း မလွက်သာ တော့ ခြင်္သေ့မင်းကြီး နဲ့ အတူ ဂူထဲ ပြန် လိုက် ခဲ့ ကြရ တာ ပေါ့ ။
ခြင်္သေ့ ကြီး အစာ ရှာက ပြန်လာ တဲ့ အခါ မှာ တော့ သီဟ ဗာဟု မင်း သားလေး က နောက်နေ့ တွေ ကြရင် ဖခင် နဲ့ အတူ တော ထဲ ကို လိုက် ခြင်း ကြောင်း အတင်းပူဆာ ပါ တယ် ။ သား နဲ့ ဇနီးရဲ့ အကြံကို မသိရှာတဲ့ ဖခင် ခြင်္သေ့မင်းကြီး ဟာ သူ့ရဲ့ အသက် ထက် မက ချစ်ရတဲ့ သားတော်လေး ဂူထဲ မှာ အမြဲနေရတာ ပျင်း နေ မှာ စိုး တဲ့ အတွက် လိုက် ခွင့် ပြု လိုက်ပါ တယ် ။
သီဟဗာဟု မင်းသားလေး ဟာ ဖခင် နဲ့ တော လည် ထွက် တိုင်း လမ်းတွေ ကို အမြဲ မှတ်သား ခဲ့ ပါ တယ် ။ ဒိလို နဲ့ လမ်းကျွမ်း သွား တဲ့ အခါ ဖခင် ကြီး နဲ့ အတူ တော မလည် တော့ ပဲ မိခင်း နဲ့ အတူ ဂူ ထဲ မှာ နေခဲ့ မယ် လို့ ခြသေ့င်္ကြီး ကို ပြော ပြီး ခြသေ့င်္ကြီး မရှိ တဲ့ အချိန် မှာ သားအမိ နှစ်ယောက် ထွက် ပြေး ကြ ပါ တယ် ။
ယ္ခု ဒုတိယ အကြိမ် ထွက်ပြေးတာ မှာ တော့ သီဟဗာဟု က လမ်း ကျွမ်း နေပြီ ဖြစ် လို့ လွတ်မြောက် သွားပါတော့တယ် ။ လူတွေ နေ တဲ့ နေ ရာ ကို ရောက် တဲ့ အခါ မိခင် ကြီး က သားတော်လေး ကို ဘိုးတော် ဝင်္ဂရာဇ် မင်း ကြီး ထံ ခေါ်သွား ပါ တယ် ။ ဘိုးတော် မင်းကြီး က လဲ နစ်ပေါင်း များ စွာ ဝေး ကွာ နေတဲ့ သမီးတော် လေး နဲ့ မြေး တော် လေး ကို တွေ့ ရတော့ အရမ်း ဝမ်း သာ သွား တော့ ပေါ့ ။ သမီးလေး ရော မြေးတော် လေး ကို ရော အဆောင် အယောင် တွေ နဲ့ ချီးမြင့် မြောက်စား တော် မူ ပါ တယ်။
မင်းသားလေး သီဟဗာဟု ကို မိခင်ကြီးက သူတစ်ပါးတွေ ကဲ့ရဲ့ မှာ စိုးလို့ ခြသေ့င်္ သားလို့ မပြော ရန် တား မြစ်ထား ပါ တယ် ။ ဖခင် ခြင်္သေ့ကြီး မှာ တော့ သားနဲ့ ဇနီး ကို ရန်သူတွေ ဖမ်းသွားပြီ အထင်နဲ့ တော အထပ်ထပ် တောင် အလျှိုလျှို ရှာဖွေနေ ပါတယ် ။ ခြသေ့င်္ကြိး ဟာ သား မယား သောက အပူမီးတွေ ဟုန်းဟုန်းတောက် ပြီး တောတောင်တွေ ထဲ မှာ သာ မက လူ တွေနေ တဲ့ ဇနပုဒ် တွေ ကို တောင် ဝင်ပြီး ရှာလေ့ ရှိပါ တယ် ။
ခြင်္သေ့မင်း ကြီး က သီဟဗာဟု တို့ သား အမိ ကို မတွေ့ တွေ့အောင် ရှာရင်း လူ နေ တဲ့ ဇနပုဒ် တွေ ရောက် တဲ့ အခါ လူ တွေ က ခြောက်လှန့် ထုက်ကြတာ ပေါ့ ။ ခြသေ့င်္ ကြီး က သူ့အသက် အန္တရာယ် ကို ကာကွယ်ရင်း နဲ့ တစ်ခါ တစ်လေ လူ တွေ ကို တိုက်ခိုက် ပါ တော့ တယ် ။ သူ အစား စာ တဲ့ အခါ လူတွေ မွေးထား တဲ့ သတ္တ၀ါ တွေ ကို ဖမ်းယူ စားသောက် တာ ပေါ့ ။
ခြသေ့င်္ ကြီး သောင်းကျန်း နေတဲ့ သတင်း က တဖြည်းဖြည်း ကြီးလာ ပြီး ဘုရင့် နား တော် ကို ပေါက်ကြား သွား ပါ တယ် ။ ဒိအခါ မှာ ဘုရင် ကြီး က ခြသေ့င်္ ရန် က ရှင် နိုင် မဲ့ သူရဲကောင်း ကို မြောက်စား မယ် လို ကြေငြာမောင်း ခတ် ပါ တော့ တယ် ။
ဒီသတင်းကို သီဟဗာဟု တို့ သားအမိ ကြားသွား ပါ တော့ ခေါင်းချင်းဆိုင် ပြီး တိုင်ပင် ကြပါ တယ် ။ "သာတော် သီဟဗာဟု... မင်း အဖေ ခြသေ့င်္ ကြီးတော့ လိုက် လာပြီ မယ်တော် တို့ တစ်ခု ခု လုပ် မှ ဖြစ်တော့ မယ် အကုန် ပေါ်ကုန် ရင် အားလုံး က ကဲ့ရဲ့ ကြလိမ့် မယ် " ပြော ပါတယ် ။ ဒိအခါ သီဟဗာဟု မင်း သာ လေး က " မယ် တော်....ခမည်း တော် ခြသေ့င်္ကြီး ကို သား တော် တို့ တနည်းနည်း နဲ့ တောထဲ ပြန်ရောက် အောင် လုပ်မှ ဖြစ်မယ် ။ ဒိထက် သောင်း ကျန်း ပြီး တိုင်ပြည်ဖရို ဖရဲ ဖြစ်လိမ့် မယ် ။ လူတွေ တိရစ္ဆာန် တွေ သေ ရလိမ့် မယ် ။ အားလုံး ဒုက္ခ ရောက် လိမ့် မယ် " လို့ ပြော ပါတယ် ။
အဲဒိ အချိန် မှာ မမျော်လင့်ပဲ ဘိုးတော် ဘုရင် မင်းကြီး ကြွချီ လာပါတယ် ။ မင်းကြီးလာတော့ သားအမိ နစ်ယောက် စကား ရပ် သွား ပါ တယ် ။ မင်းကြီး က မေး တဲ့ အခါ မှာ သီဟဗာဟု မင်းသား က ခြသေ့င်္ ကြီး ရန်က ရှင်း မဲ့ အကြောင်း ဆွေးနွေးနေတာ ပါ လို့ လျှောက် တင် လိုက်ပါ တော့ တယ် ။ ဒိအခါ အစ အဆုံး မသိ ရှာ တဲ့ မင်းကြီး က အားရ ဝမ်းသာနဲ့ ကဲ ဒါဆို မြေးတော် လေး စစ်သည်တော် တွေ နှင့် အတူ ခြသေ့င်္ ရန်ကို နိမ်နှင်းစေ ။ အရေး တော် အောင် ခဲ့ ရင် တိုင်ပြည် ကို လွဲ မယ် လို့ အမိန့်ချ လိုက် ပါ တယ် ။
ဘုရင် မင်းကြီး အမိန့် ကို မလွန်ဆန် နိုင် တော့ သီဟ ဗာဟု မင်းသား ဟာ ရဲ မတ် တွေ ကို ခေါ်ပြီး ခြင်္သေ့မင်း ကို နှိမ်နင်း ဖို့ ထွက် သွား ပါတယ် ။ ဇနပုဒ် ရောက် တဲ့ အခါ ခြင်္သေ့ ကြီး နဲ့ တန်းတွေ့ ပါ တယ် ။ အခြား ပရိတ်သတ်တွေ ရဲမတ်တွေ က ကြည့် နေ ကြတာ ပေါ့ ။ မင်းသား လဲ အခြေ နေ အရ မြား ကို တင် လိုက် ပါ တော့ တယ် ။
ကေသရာဇာ ခြင်္သေ့မင်း ကြီး ဟာ သာတော် သီဟဗာဟု မင်းသား ကို တွေ့ မြင် နော့ အရမ်း ဝမ်းသာ သွားပါ တယ် ။ သူပင်ပန်း ကြီး စွာ ရှာ ဖွေနေတဲ့ သူသား လေး ကျန်ကျန်း မာမာ သပ်သပ် ရပ်ရပ်လေး တွေ့ တော့ ပီတီ တွေ အရမ်း ဖြစ်ပြီး သား လေး ရှိ ကို တစ် လှမ်းခြင်း လှမ်းလာ ပါ တယ် ။ သီဟ ဗာဟု မင်း သား က လဲ မင်းကြီး ရဲ့ အမိန့်တော် အတိုင်း ရက်ရက် စက်စက် ကျေးဇူး ရှင် ဖခင်ကြီးကို မြား နဲ့ ခွင်း လိုက် ပါ တော့ တယ် ။
ဖခင်ကြီး ရဲ့ သားအပေါ်ထား တဲ့ မေတ္တာ အစွမ်းသတ္တိ တန်ခိုးကြောင့် သီဟဗာဟု ရဲ့ မြားတွေ က ခြသေ့င်္ ကြီး ရဲ့ ခန္ဓာကိုယ် ကို မဖောက် ထွင်း နိုင် ပါ ဘူး ။( အချို့ သမိုင်း ဆရာတို့ က မြားတွေ ဟာ ပန်းအသွင် ပြောင်းကုန် တယ် လို့ ဆို့ ကြ ပါ သေးတယ် ) ။ မေတ္တာ တရား ရဲ့ တန်ခိုးကြ ကြီး မား လှ ပါ တယ် ။ သား ကို မြင်မြင် ချင်း ဖခင်ကြီး ရဲ့ ပို့လွတ်နေတဲ့ မေတ္တာ ကြောင့် ခြင်္သေ့ကြီး ကို ဘယ်လို မှ မြား နဲ့ ပြစ် မရ ပါ ဘူး ။
မင်းသားရဲ့ မြားချက်တွေ က အရာ မထင်ပဲ ခြသေ့င်္ ကြီး မင်း သား ထံ တန်းတန်း မတ်မတ် လာ နေတာ ကို မူးမတ်တွေ တွေ့သွား တော့ " ဟေ့ ....မင်းသား ကို ကာကွယ် ကြ ။ မင်းသား ကို ကာကွယ် ကြ " လို့ အော် ဟစ်ပြီး မင်း သားထံ ဓားတွေ လှံတွေ နဲ့ ဝိုင်း လာ ကြပါ တယ် ။ ဒါကို ခြသေ့င်္ကြီး မြင်တော့ ဒုက္ခပါ ပဲ ငါ ရဲ့ သားလေး ကို လက်နတ် တွေ နဲ့ ဝိုင်း လာ ကြ ပြီ ဆိုပြီး ဒေါသ နဲ့ ဟိန်းဟောက် လိုက် ပါ တယ် ။
ဟိန်းဟောက် လိုက် တဲ့ အချိန် ခြင်္သေ့မင်း ရဲ့ စိတ်ထဲမှာ သားအပေါ် ခု န က ထားနေတဲ့ မေတ္တာ ဓာတ် အစား ရန်းသူ တွေ အပေါ်ဖြစ် ပေါသွား တဲ့ ဒေါသလေး လွှမ်းမိုး သွား ပါ တော့ တယ် ။ အဲဒိ ဒေါသ ကြောင့် သီဟဗာဟု ရဲ့ မြား ချက် က ခြင်္သေ့မင်း အာခေါင် ကို ဖောက်ထွင်း သားပါ တယ် ။ ပြင်ထန် လှတဲ့ အဆိပ်လူးမြားကြောင့် ခြသေ့င်္ ကြီး ပွဲ ခြင်းပြီး သေ ဆုံး သွား ရှာ ပါ တော့ တယ် ။
ဖခင် ခြသေ့င်္ ကြီး ရန်ကို အောင်မြင် တဲ့ အတွက် သီ ဟ ဗာဟု မင်း သား ကို ဘိုးတေ.် မင်း ကြီး က တိုင်းပြည် လွဲ အပ် လိုက်ပါ တယ် ။ သီဟဗာဟု မင်း ဟာ နန်းတတ် တဲ့ အချိန် က စပြီး နန်းတွင်း သမားနော် တွေ ကုသလို့ မရအောင် ခေါင်းကိုက် ဝေဒနာ စွဲ ကပ် ပါ တယ် ။ ပညာရှိ ပရောဟိတ်တွေ ကို မေးတဲ့ ခါ ကျေးဇူး ရှင် ကို စော်ကား မိတဲ့ ကံရှိ လို့ ခု လို ဝေဒနာ ခံရတာ ပဲ ပြန်လည် ရှိခိုးတောင်း ပန် ရ ပါ မယ် မဲ့ ဟော ကိန်းထုက်ကြပါ တယ် ။
သီဟဗာဟု မင်းလဲ ပညာရှိ တွေ ဟောကိန်း အတိုင်း ဖခင် ခြင်္သေ့မင်း ရဲ့ ပုံ ကို စေတီတော်တွေ ရှေ့ မှာ ထုလုပ်ပြီး ပူဇော်မူ ပြု့ ပါတယ် ။ အဲ ဒိ လို ပူဇော် တောင်းပန်မှ ခေါင်းကိုက် ဝေဒနာကြီး သက်သာ သွား ပါ တော့ တယ် ။ အဲ ဒိ အချိန်က စပြီး မင်းကြီး ဟာ ဘုရား နဲ့ ကျေးဇူး ရှင် ကို တစ်ဂိုဏ်ထဲ ထား ပြီး အမြဲ ပူဇော် ခဲ့ ပါ.တယ် ။ ဘုရား များ တွင် လဲ ခြင်္သေ့မင်း ရုပ် ထု ထည်သွင်း ပြုလုပ်စေ ပါ တယ် ။
ယ္ခုတိုင် ဦးဇင်းတို့ တစ်တွေ ခြသေ့င်္ ရုပ်တွေကို စေတီ ပုထိုး များ တွင် တော်တော် များများ တွေ့ ရတတ်ပါ တယ် ။ ခြသေ့င်္ ရုပ်တွေ ပြော ပြတဲ့ အဓိပ္ပါယ် က တော့ ကျေးဇူးရှင် ကို ဘယ်တော့ မှ မပြစ်မှား ရ ဘူး ပြစ်မှား ခဲ့ ရင် ဒုက္ခ ရောက် မယ် ပြင်းထန်တဲ့ ဝေဒနာ တွေ ခံစားရမယ် ။ ကိုယ် အပေါ်ကျေးဇူး ရှိထားသူ ကို လူပင် မဆိုးထား နဲ့ တိရစ္ဆာန် ဖြစ်ရင်တောင် ရိုရို သေသေ ပူဇော် ပသ မူ့ ပြုရမယ် ။ မိဘတွေ ကို ဘုရား နဲ့ တစ်ဂိုဏ်းတည်းထား ရ မယ် ။ စတာ တွေ နဲ့ ဖခင် တိရစ္ဆာန် ကြီး ရဲ့ သားအပေါ်ထား တဲ့ မိဘမေတ္တာ ဖော်ကျူး ထားတာ ပါ ။
ဤ သီဟဗာဟု ဇာတ်လမ်းသည် ဘုရား ဟော မဟုက် ပါ ဒဏ္ဍာရီ ဇာတ်လမ်း သဘော မျိုးဖြစ် ပါ တာ ။ ဦးဇင်း ခု အကြောင်း ကို ရေး ဖို့ စာ အုပ်တွေ ရှာ ဖတ် တဲ့ အခါ မူ ကွဲတွေ များစွာ တွေ ရ ပါ တယ် ။ အတတ်နိုင် ဆုံး ညှိပြီး ရေးပြ ထား တာပါ ။ ဦးဇင်း အထင်တော့ သီဟဗာဟု မင်းသား ဟာ ခြသေ့င်္ နဲ့ ရတဲ့ သား မဖြစ်နိုင် ပါ ဘူး ကေသရီး မင်းသမီး နဲ့ တံခါးစောင့် ရဲ့ ရင်သွေး ဖြစ်နိုင်မယ် လို့ ခန့် မှန်းမိပါ တယ် ။ သို့ သော အများ လက်ခံ ထား တဲ့ အတိုင်း သာ ရေးပြ လိုက်တာ ပါ ။ ဇာတ်လမ်းလေး ထဲ က နေပြီး ယူသင့်တဲ့ ဗဟုသုတ တွေ ယူပါ မကြိုက်တာ တွေ ပယ် ပေါ့ တစ်ဦး နဲ့ တစ်ဦး သူမှန်တယ် ကို မှန်တယ် ငြင်းခုံ နေခြင်း က အကျိုးမရှိပါ။
ဦးဇင်း ရေး ရှာဖွေ ပြီး ရေး သား တဲ့ စာ ပေ တွေ ကို မည်သူမဆို လွတ်လပ်စွာ ကြိုက် သလို ဖြန့်ဖြူးနိုင်ပါ သည် ။ အဓိက ကတော့ လူငယ်တွေ ဗဟုသုတ ရစေဖို့ အတွက် သာ ဖြစ်ပါ သည် ။ ဦးဇင်း ရေးသားတဲ့ စာပေများကို မြတ်ဗုဒ္ဓ ၏ သာသနာ page ( https://m.facebook.com/profile.php?id=1526628857560272) နဲ့ ဓမ္မစာပေပြန့်နှံ့စေမည် ( http://dhammasarpay.blogspot.com/?m=1) blog တို့တွင် သွားရောက် ဖတ်ရှုနိုင်ပါ သေး သည် ။ ထပ်ဆင့် share သူ များ comment နဲ့ အားပေးသူများ စိတ်ဝင်စားစာ ဖတ် ရှု့သူများ အား လုံးကို ကျေးဇူးတင်ပါ တယ် ။ အများ သဘောကြ တာ တွေ့ရ လို့ ကျေနပ် ဝမ်းသာ မိပါ သည် ။ အားလုံးသော ဓမ္မမိတ်ဆွေ အပေါင်း ကျမ်းမာ ချမ်းသာ လန်းဖြာ ကြ သည် ဖြစ်ကြပါစေ။
အရှင် ဗုဒ္ဓ သိဿ
Zawgyi Font
~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:
Post a Comment