ဗုဒ္ဓဒေသနာတော်အရ ကောင်းမှုကို လုပ်သည် ဖြစ်စေ မကောင်းမှုကို
လုပ်သည်ဖြစ်စေ ထိုအလုပ်ကြောင့်
တစ်ခုသောနေ့တွင် တူသောအကျိုး
ကို ရပေလိမ့်မည်ဟု သိရ၏။ ထိုအသိကို " ကရဏာနုမာန " ဟု
ခေါ်သော အကြောင်းမှ အကျိုးကို
ဆင်ခြင်၍ သိသောအသိဖြစ်သည်။
ထို့အပြင် လက်ရှိ အခြေအနေတွင်
ကျေနပ်ဖွယ်ရာပိုဖြစ်စေ မကျေနပ်
ဖွယ်ရာကိုဖြစ်စေ တွေ့ကြုံခံစားနေရ
လျှင်လည်း မိမိသည် အတိတ်က တူ
သော အလုပ်ကို လုပ်ခဲ့ ခြင်းကြောင့်
ယခုကဲ့သို့ တွေ့ကြုံ ခံစားနေရသည်
ဟု သိသောအသိကို " ဖလာနုမာန"
ဟု ခေါ်သည့် အကျိုးမှ အကြောင်းကို
ဆင်ခြင်၍ သိသော အသိဖြစ်၏။
" အတ္တာဟိ အတ္တနော နာထော " အရ
လူဟူသည် မိမိ၏ ကြမ္မာ ကို မိမိကပင်
ဖန်တီးခြင်းဖြစ်လေရာ အနာဂါတ် အတွက် ကောင်းသော ကြမ္မာကို
ဖန်တီးမိအောင် သတိရှိသင့်ပါ၏။
်
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, August 18, 2015
တူသောအကျိုး
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment