သိကြားမင်းလျှောက်ထားတောင်း ပန်
သည့်အတွက် မြတ်စွာဘုရားက
အကျဉ်းချုပ် သုတမယဉာဏ်ပြည့်စုံ
ပုံကို----
" ဣဓ ဒေဝါနမိန္ဒ ဘိက္ခုနော
သုတံ ဟောတိ သဗ္ဗေ ဓမ္မာ နာလံ
အဘိနိဝေသာယာ တိ။
ဒေဝါနမိန္ဒ နတ်တို့အရှင် သိကြားမင်း
ဣဓ ဤသာသနာတော်၌ ဘိက္ခုနော
အရဟတ္တဖိုလ် ပေါက် အားထုတ် လိုသော ရဟန်းသည် သဗ္ဗေ ဓမ္မာ
နာလံ အဘိနိဝေသာယာတိ
အလုံးစုံသော တရားတို့သည် မြဲ
သည် ချမ်းသာသည် အတ္တကောင်
ဟု နှလုံးသွင်း စွဲလမ်းရန် မထိုက်တန်
မသင့်လျော်ကုန်ဟူ၍ သုတံ ကြားနာ မှတ်သားဖူးသည် ဟောတိ ဖြစ်၏။
ဆိုလိုသည်မှာ မိမိသန္တာန် သူတစ်ပါး
သန္တာန်မှာရှိကြတဲ့ တရားအလုံစုံဟာ
မြဲတယ် ချမ်းသာတယ် အတ္တကောင်
ဘဲလို့ မစွဲလမ်းထိုက်ဘူး အနိစ္စ ဒုက္ခ
အနတ္တသဘောတရား ချည်းပဲလို့
ဒါလောက် ကြားနာ မှတ်သားဘူးရင်
ဝိပဿနာ ရှူ့ဖို့အတွက် သုတမယ
ဉာဏ် ပြည့်စုံပြီ လို့ဆိုပါ တယ်။်
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, August 29, 2015
သုတမယဥာဏ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment