စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 12, 2015

ပုထုဇဉ်တို့၏ သိစိတ်မသိစိတ်

အာရုံကို ယထာဘူတကျကျသိရန်
မိမိ သန္တာန်၌မသိစိတ်များအနေဖြင့်
ကိန်းအောင်းနေသောကိလေသာများကို ကိုယ်ကျင့်သိက္ခါများဖြင့်
ပယ်သတ်နိုင်ရန်အားထုတ်ဖို့ သာ
လိုပါ၏။

ကိလေသာများကိုမပယ်နိုင်သရွေ့ 
မည်မျှပင်ပညာရှိနေပါစေ အမှားကို
လုပ်နိုင်လုပ်နေကြဦးမည်သာဖြစ်၏။

ဒေသနာတော်အလိုအရ ကိလေသါ
တို့ကိုမပယ်သတ်နိုင်​သောပညာ
သည် ပညာအမည်ခံစေကာမူ
ပညာ မဟုတ် သညာသာဖြစ်၏။

သညာ ဟူသည် အမှားကို လုပ်နိုင်
သေး၏ သိရုံသာ သိထားသော
အသိဟူသည် သညာ သာဖြစ်ပါ၏။

သိထားသော အသိ ကို အကျင့်သို့ 
ပြောင်းနိုင်မှသာ ပညာ ဟု ခေါ်ဆို
ထိုက်ပါ၏

No comments:

Post a Comment