စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 11, 2015

တရား​တော်​ကိုကြည်​ညိုရင်​.

တရားတော်ကိုကြည်ညိုရင်
^^^^^^`````^^^^^^^

    ဘုရားဟောထက် ဗေဒင် ကို ယုံသူတွေ မန္တာန်ကျမ်းကို ယုံသူတွေကများပြားပါတယ် ။တစ်နှစ်တစ်ခါထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို နတ်သမီးများ တစ်ယောက်လက်ကို တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား ။

မြတ်စွာဘုရား က ``နတ်. ဗြဟ္မာတို့၏ ခန္ဓာကိုယ် သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ်တတ်တယ်လို့ ဟောတော်မူတယ်.။

     ဗေဒင် ကအခုထိ ခေါင်းပြတ်ကြီးက မပုပ်သေးဘူး ။ မြန်မာပြည်က ယုံကြည်လက်ခံနေသေးသမျှ ပုပ်မှာ မဟုတ်ဘူးကွဲ့..

ဗေဒင် ကရက်ရာဇာ ပြဿ ဒါးကို ပဓာန ထားသကွဲ့ ..
မြတ်စွာဘုရားက ကုသိုလ် နဲ့ အကုသိုလ် ကိုအဓိကထားသကွဲ့. ။

ဗေဒင်ကမဟာဘုတ်ကို ပဓာနထားပြီး ထူသကွဲ့..
မြတ်ဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့.. ။

    ကဲ   မဆန့်ကျင်ပါလား ။
မြတ်စွာဘုရား နဲ့ဆန့်ကျင်တာကို ယုံလျှင် ဘုရား တရား သံဃာ ကို မယုံကြည်ရာကျမှာပေါ့ .. မြတ်စွာဘုရား ဟောထားတာက...
#သဗ္ဗေ သတ္တာ ကမ္မဿ     ကာ.
  ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ...´´´ တဲ့.
ကယ်.. ဘယ်မှာလဲကွယ် နင်္ဂါးခံတွင်းကျရင် ပျက်စီး တတ်တယ် ဆိုတာလည်းမပါ... 
မသာကို စုံချရင် တစ်လောင်းနဲ့ မပြီးတတ်ဘူး လို့လည်းမပါ ။

    အိမ်တိုင်ထူတာ နက္ခတ် မကောင်းရင် ပျက်စီးတတ်တယ် လို့လည်းမပါ ။

     မင်္ဂလာဆောင်တာ ရက်မရွေးရလို့ ပျက်စီးတတ်တယ် ဆိုတာလဲမပါ..

     ဓမ္မာ သောက အင်းဝ ရာဇာ ကျလို့ ပျက်စီးတတ်တယ်ဆိုတာလဲ မပါ ။
   
     #သားဦးစနေ မီးလိုမွှေ လို့လဲမပါ.။
      တနင်္ဂနွေ..  တနင်္လာ အင်္ဂါ ဆိုတာတွေဟာ ပညတ် သင်္ကေတတွေပဲ.. လူကိုကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး ။

    ကုသိုလ်ကံကသာ ကောင်းအောင်လုပ်နိုင်ပြီး..
     အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ် ။

အကုသိုလ်ဆိုရင် မြွေဆိုး ကင်းဆိုးကဲ့သို့်  ကြောက်လန့်ပြီး ကုသိုလ် ကံကို ဣစ္ဆာသယ ပတ္တမြား ကဲ့သို သဘောထားကာ အားကိုးကြမှ ..
#ဓမ္မံသရဏံဂစ္ဆာမိ..  ဖြစ်မှာ မဟုတ်လား ။ ..

✉ ကချင်ပြည်နယ် နမ္မားမြို့ မင်္ဂလာရာမကျောင်း ဆရာတော်ဦးဥာဏ ၏ တရားစစ်တမ်း ဆွေးနွေးခန်း စာအုပ်မှ..

No comments:

Post a Comment