((၄))(2))
ဟေတုပစ္စယောတိ
ဟေတူ ဟေတု
သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာ
နဉ္စ ရူပါနံ
ဟေတုပစ္စယေန
ပစ္စယော။
ဤကား
စာပဋ္ဌာန်းအရတည်း။
ရွာပဋ္ဌာန်း အရ တို့ကို မြန်မာဘာသာနှင့်
ပြန်ဆို၍ ပြရန်ကား-
ဟေတုပစ္စယောတိ-
ဟေတုပစ္စည်း
ဟူသည်ကား၊
(ဝါ)
လောဘ
ဒေါသ
မောဟ
အလောဘ
အဒေါသ
အမောဟ
တည်းဟူသော အကြောင်းတရားတို့
သည်၊
ဟေတု
သမ္ပယုတ္တကာနံ -
လောဘ
ဒေါသ
မောဟ
အလောဘ
အဒေါသ
အမောဟ
တည်းဟူသော
ဟိတ်တို့နှင့် ယှဉ်ကုန်၊
ဓမ္မာနဉ္စ -
စိတ်၊ စေတသိက်
တရားတို့အား
လည်းကောင်း၊
တံသမုဋ္ဌာနာနံ-
ထိုလောဘ
ဒေါသ
မောဟ
အလောဘ
အဒေါသ
အမောဟ
တည်းဟူသော
ဟိတ်တို့ကြောင့်
ဖြစ်ကုန်သော၊
ရူပါနဉ္စ -
စိတ်တ္တဇရုပ် ၊
ပဋိသန္ဓေကမ္မဇရုပ်တို့
အား၎င်း
ဟေတုပစ္စယေန-
အကြောင်းအရင်း
ဖြစ်သော ဟေတုပစ္စယ
သတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော -
ခပ်သိမ်းကိစ္စ ခိုင်မြဲကြမှု ကြေးဇူးပြုသည် ၊
ဟောတိ - ဖြစ်၏ ။
ဆောင်ပုဒ်
(၁)လော ဒေါ မောဟေ၊ မိုက်မှားနေ ၊
မှတ်လေဟေတု
ကြေင်းရင်းစု ၊
(၂)အလော အဒေါ ၊ အမောသုံးထွေ ၊
ကောင်းမြတ်နေ ၊
မှတ်လေဟေတု
ကြောင်းရင်းစု ။
(၃)ဟေတုပစ္စယ
ဖြစ်ပျက်ကြ ၊
အနိစ္စစု
မြင်အောင်ရှု ။
ဟူသော
ဤမြန်မာစကားကို
အကျဉ်း
ချုပ်ပြဆိုသော်
ထိုဟိတ်ခြောက်ပါးတို့
အရကား ၊
လောဘဟိတ် ၊
ဒေါသဟိတ် ၊
မောဟဟိတ် ၊
အလောဘဟိတ် ၊ အဒေါသဟိတ် ၊
အမောဟဟိတ်
အားဖြင့်
ခြောက်ပါးတို့တည်း
။(ဝါ)လိုခြင်သည့် ၊
အကြောင်း
၊ ပြစ်မှားသည့်
အကြောင်း ၊
၊ တွေဝေသည့် အကြောင်းအားဖြင့် ၊
၊ မလိုခြင်သည့်
အကြောင်း ၊
၊မပြစ်မှားသည့်
အကြောင်း ၊
၊ မတွေဝေသည့်-
အကြောင်းအားဖြင့် ၊
ခြောက်ပါးတို့တည်း ။
ဤခြောက်ပါးတို့ကား
ရွာပဋ္ဌာန်း
စကားတို့တည်း ။
ဤစာပဋ္ဌာန်း၊ ရွာပဋ္ဌာန်းအရတို့ကို
သူငါတို့အတွင်းမှာ အချင်းခပ်သိမ်း
များသောအားဖြင့် ဖြစ်ပျက်လျက်ရှိ
ရှိနေကြပါသော
ငါပဋ္ဌာန်းအရတို့ကို
သိရှိလိုကြပါမူ
ခြောက်ဒွာရတို့ဖြင့်
(ဝါ) မျက်စိပေါက် ၊
နားပေါက် ၊
နှာခေါင်းပေါက် ၊
လျာပေါက် ၊
ကိုယ်ပေါက် ၊
မနောပေါက်တို့ဖြင့်
အာရုံခြောက်ပါးတို့ကို
(ဝါ) အဆင်းဟူသမျှ ၊
အသံဟူသမျှ ၊
အနံ့ဟူသမျှ
အရသာဟူသမျှ ၊
အတွေ့ဟူသမျှ ၊
သဘောဟူသမျှ
တို့ ကို
သတ္တဝါသိ ၊ ပုဂ္ဂိုလ်သိ ၊
သူသိ ၊ ငါသိတို့
ဖြစ်ပေါ်သမျှ
သိလုံး တို့ကား
(ဝါ) သိစိတ် တို့ကား
ဇောစိတ်နှင့်
သိလုံးတို့ချည်းပဲဟူ၍
(ဝါ)သိစိတ်တို့
ချည်းပဲဟူ၍
ဇောစိတ်တို့နှင့်
သိရှိကြ
ကုန်ရာ၏ ။
ဤဇောကလည်း
ကုသိုလ်ဇော ၊
အကုသိုလ်ဇော ၊
ကြိယာဇောဟူ၍
သုံးပါးရှိကြရာတွင်
ကြိယာဇော
သည်ကား
(ဝါ)
ကုသိုလ်
အကုသိုလ်တို့မှ
လွတ်သော
ဘုရား
ရဟန္တာတို့သည်
အကုသိုလ်လုံးဝ
မပြုတော့
ကုသိုလ်မလိုတော့
ကုသိုလ်အမှုတို့ကို
အစဉ်ပြုသော်လည်း
ကုသိုလ်မမြောက်တော့
မဖြစ်တော့ဟုသိရသည်
ထိုအကုသိုလ်မပြုတော့
ကုသိုလ်မဖြစ်တော့သော
ထူးခြားဖြစ်စဉ်ကို
အဗျာကတ ဟုခေါ်သည်
သည်ထက်ပို၍
ကျွနုပ်လည်းမသိ
တော့
ဘုရားရဟန္တာတို့ 
မှာသာကြ၏ ။
ကြွင်းနှစ်ပါး
ဖြစ်သော
ကောင်းသော
ပြုလုပ်ခြင်းနှင့်
မကောင်းသော
ပြုလုပ်ခြင်းတို့ကား
ပုထုဇဉ် ၊ သေက္ခ
ပုဂ္ဂိုလ်တို့မှာ
ဖြစ်ကြရာဝယ်
အထက်သို့
အတက်သဘော ၊
အဆန်သဘော
အလင်းသဘောသို့ ရောက်အောင်ကား
ကြံဆောင်အားထုတ်
ယူကြရတာလို
ကုသလာ ဓမ္မာ
ဆိုတဲ့
ကောင်းတဲ့
သဘောဖြစ်ကြအောင်
ယောနိသော
မနသီကာရ ၊
(ဝါ)
ကောင်းမြတ်သော
အကြောင်းတို့ကို
စဉ်းစါးခြင်း
သံဝရ
မကောင်းသော
အလုပ်တို့ကို
မလုပ်မိအောင်
ကိုယ်နှုပ်စိတ် တို့ကို
ထိမ်းချုပ်ခြင်း
ကလျာဏမိတ္တ
စသည်
အကြောင်း
တရားများနှင့်
ညီညွတ်အောင် ပြုပြင်
အားပေးမှ ဖြစ်နှိုင်ကြ၏ ။
၎င်းနှင့်ပြု
ပြင်မပေးကြက အလိုလို အနိမ့်သို့ ကျခြင်း ၊
အောက်သိုစုံခြင်း ၊
အမိုက်မှောင်ခြင်းတို့ တွေ့ ကြုံကြရတာလို
သတ္တဝါအစားစားတို့မှာ ဓမ္မတာတရား
များသောအားဖြင့်
ကောင်းတာတို့ကို
တွေ့ကြုံလျင်
လောဘဟိတ် ၊
မောဟဟိတ်
၊မကောင်းတာကိုတွေ့ ကြလျင် ဒေါသဟိတ် ၊
၊ သာမည တို့ကို
တွေ့ကြလျင်
မောဟဟိတ် ၊ တို့
အသီးသီးဖြစ်တတ်
ကြသည်ဟု သိရှိကြပြီးမှ
အကုသိုလ်
ဖြစ်ရန်
မသင့်မတင့်
နှစ်လုံးသွင်းခြင်း
အယောနိသော
မနသီကာရနှင့်
မစောင့်စီးချင်း
အသံဝရ စသည်
ဖြစ်ကြသူတို့သည်
အလိုရှိအပ်
နှစ်သက်အပ်သော
အာရုံ ခြောက်ဝ ၊
(ဝါ)အဆင်း
အသံ
အနံ့
အရသာ
တွေ့ထိစရာ
ကြံတွေးစရာ
ဣဋ္ဌာရုံဟူသမျှတို့ကို
(၆) ဒွာရတို့မှာ
(ဝါ)
မျက်စိ နား နှာ
လျှာ ကိုယ် စိတ်
ဇောဝီထိ တို့နှင့်
(ဝါ)
မြင်သိ စိတ်
ကြားသိ စိတ်
နံသိ စိတ်
စါးသိ စိတ်
ထိသိ စိတ်
ကြံသိ စိတ်
တို့နှင့် သိရှိကြ
သောအခါ
များသောအားဖြင့်
နှစ်သက်တွယ်တာ
သောလောဘ
ဖြစ်တတ်သမျှ အလုံး
စုံတို့သည်
အပြစ်ကိုမမြင်သည့်
မောဟ
ှနှစ်ပါး သော
ရေသောက်မြစ်ကြီးများ ကြောင့်သာ
(ဝါ)လိုချင်သည့်အကြောင်း
တွေဝေသည့်အကြောင်း
တို့ကြောင့်
ဟေတုပစ္စယ ၏
အကျိုးပစ္စယုပ္ပန္န တရားတို့
(ဝါ) ဒုစ္စရိတ၊ ဒုရာဇီဝ၊
အကုသလ အစားစား
ငါပဋ္ဌာန်းတရားများ
ဖြစ်ပွားကြကုန်ရာ၏
ဟု
အကုသိုလ် ဘက်က
ငါပဋ္ဌာန်းတရားအရကို
သိရှိကြ ပါလေ။
******
--*--*--
No comments:
Post a Comment