ခေတ်အလှူ အကြောင်းကံနှင့်တူသောအကျိုးပေး
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
၁.. မယုံမကြည် ပေးလှူမှု့ကြောင့် ဖြစ်လေရာ
ဘဝမှာ စည်းစိမ်ဥစ္စာပြည့်စုံနိုင်သော်လည်း
အဆင်းမလှဖြစ်တတ်သည်..။
၂.. မရိုမသေပေးလှူမှု့ကြောင့် ဖြစ်လေရာဘဝမှာ
စည်းစိမ်ဥစ္စာ ပြည့်စုံနိုင်သော်လည်း
သြဇာအာဏာမရှိဖြစ်တတ်သည်၊။
၃.. အခါမဲ့ပေးလှူမှု့ကြောင့် ဖြစ်လေရာဘဝမှာ
စည်းစိမ်ဥစ္စာ ပြည့်စုံနိုင်သော်လည်း အရွယ်
လွန်မှ အကျိုးပေးတတ်သည်။
၎.. လွယ်လွယ်မပေးလှူမှု့ကြောင့် ဖြစ်လေရာ
ဘဝမှာ စည်းစိမ်ဥစ္စာ ပြည့်စုံနိုင်သော်လည်း
ကာမဂုဏ်ငါးပါးကို အောက်ကျပြီးမှ
နောက်ကျပြီးမှ အကျိုးပေးတတ်သည်။
၅.. ဂုဏ်ဝါပလွှား ပေးလှူမှု့ကြောင့် ဖြစ်လေရာ
ဘဝမှာ စည်းစိမ်ဥစ္စာ ပြည့်စုံနိုင်သော်လည်း
ရရှိတဲ့ပစ္စည်း ဥစ္စာ တွေဟာ မကြာမရှည်
မတည်မတန့် နည်းအမျိုးမျိုးနဲ့ ရန်သူမျိုးငါးပါး
တို့ ဖျက်စီးခံရတတ်သည်..။
ဒါကြောင့်...
၁.. ယုံယုံကြည်ကြည်ပေးလှူပါ။
၂.. ရိုရိုသေသေလှူရပါ..။
၃.. အချိန်အခါအားလျှော်စွာ ပေးလှူပါ။
၎.. လွယ်လွယ်စွန့်ပြီးလှူပါ..။
၅.. ဂုဏ်ပကာသန မလိုလား ဝါကြွားပလွှား
သူတစ်ပါးကို မထိပါးပဲ လှူပါ...။
✏ အရှင်အဇဋာ
(ရွှေ ဥ ယု )
No comments:
Post a Comment