( ဃ) သုန္ဒရီပရဗိုဇ်မ အသတ်ခံရမှု့နှင်ြ ပတ်သက်၍ ဘုရားရှင်နှင့် ရဟန်းများ စွပ်စွဲခံရမှု့၏ အတိတ်ဝစီကံ..
•°•°•°•°•°•°•°•°•°•°•°•°^^^^^^^^^°•°•°•°•°•°•°•°•
တိတ္ထိတို့သည် သုန္ဒရီ ပရဗိုဇ်မငယ်ကို ဘုရားရှင်နှင့် ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ပြီးနောက် လူမိုက်များကို ငှါးကာ သုန္ဒရီပရဗိုဇ်မကို သတ်စေသည်.
သတ်ပြီးနောက် ဇေတဝန်ကျောင်းအနီး အမှိုပ်ပုံ၌ ပစ်ထားစေသည်..။

နောက်နေ့နံက်တွင် သုန္ဒရီ ပရဗိုဇ်မ ပျောက်ဆုံးနေကြောင်း ရဟန်းဂေါတမ ကျောင်းသို့ ညနေသွားနေကျဖြစ်ကြောင်း ...... ယခု ရဟန်းဂေါတမ ကျောင်းကနေ ပျောက်နေကြောင်း... ဇေတဝန်ကျောင်းအနီးမှာ ရှာသင့်ကြောင့် သတင်းလွှင့်ပြီး ဘုရင်ကောသလမင်းကြီးကို လျှောက်ထားကြသည်..။
ကောသလဘုရင်က ခွင့်ပြု၍ တိတ္ထိအပေါင်းအသင်း တို့သည် ဇေတဝန်ကျောင်းသို့ သွားကာ အမှိုက်ပုံး၌ ရှာဖွေကြရာ.... သူတို့ ပစ်ထားတာ ဖြစ်၍ အလောင်းကို အဆင်သင့်တွေ့ကြလေသည်..။
အလောင်းကို တွေ့သောအခါ လေးတိုင်စင်ဖြင့် ယူပြီး သာကီနွယ်ဖွား ရဝန်းဂေါတမသည် သုန္ဒရီနှင့် အတူ ကာမဂုဏ်ပျော်ပါးပြီး သုန္ဒရီကို သတ်ကာ အမှိုက်ပုံ၌ ပစ်ထားသည်ဟု စွပ်စွဲကြွေးကြော်ပြီး ဘုရင်ကောသလကို တိုင်တန်းကြသည်..။
သာဝတ္ထိမြို့ထဲသို့ လှည့်လည် ကြွေးကြော်ခွင့်ကိုလည်း တောင်းဆိုကြသည်..။
ကောသလဘုရင်သည် မဆင်ခြင်ဘဲ တိတ္ထိတို့ကို သာဝတ္ထိမြို့ထဲသို့ လှည့်လည် ကြွေးကြော်ခွင့် ပြုခဲ့သည်..။
တိတ္ထိတို့သည် သုန္ဒရီ ပရဗိုဇ်မ အလောင်းကို လေးတိုင်စင်တွင်တင်ပြီး သာကီဝင်နွယ်ဖွား ရဟန်းဂေါတမသည် သုန္ဒရီပရဗိုဇ်မ နှင့် ကာမဂုဏ်ပျော်ပါးပြီး သတ်ပစ်သည်..။
သာကီနွယ်ဖွား ရဟန်းဂေါတမနှင့် သူ့တပည့်တို့၏ ရက်စက်ယုတ်မာမှု့ကို ကြည့်ရှူ့ကြကုန်လော့... ဟု ကြွေးကြော်ပြီး သာဝတ္ထိမြို့ထဲအနှံ လိုက်ပြသည်..။
မြို့သူမြို့သားအချို့သည် ဘုရားနှင့် ရဟန်းသံဃာတွေကအပေါ် အထင်အမြင်လွဲပြီး စွပ်စွဲပြောဆိုကြသည်..။
ရဟန်းတို့က ဆွမ်းခံကအပြန် ထိုကိစ္စကို ဘုရားရှင်အားလျှောက်ထားရာ..
ဘုရားရှင်က...
.....................""" ချစ်သားရဟန်းတို့.. ဤကဲ့ရဲ့သံသည် ကြာရှည်မဖြစ်နိုင်.. ( ၇ ) ရက်သာ ဖြစ်လိမ့်မည်.. ( ၇ ) ရက် ကျော်လျှင် လွန်မြောက်လိမ့်မည်...
ဘုရားရှင်က...
.....................""" ချစ်သားရဟန်းတို့.. ဤကဲ့ရဲ့သံသည် ကြာရှည်မဖြစ်နိုင်.. ( ၇ ) ရက်သာ ဖြစ်လိမ့်မည်.. ( ၇ ) ရက် ကျော်လျှင် လွန်မြောက်လိမ့်မည်...
ရဟန်းတို့... ဤသို့ဖြစ်လျှင် ထိုဆဲရေးကဲ့ရဲ့သူ .. မဟုတ်မမှန်ပြောလေ့ရှိသူသည် ငရဲရောက်ရ၏..
....မကောင်းမှု့ကို ပြုပြီးလျှင် ငါမပြုဟု ပြောလေ့ရှိသူသည်လည်း ငရဲရောက်ရ၏..။
....မကောင်းမှု့ကို ပြုပြီးလျှင် ငါမပြုဟု ပြောလေ့ရှိသူသည်လည်း ငရဲရောက်ရ၏..။
... ယုတ်ညံ့သော အမှု့ရှိသော ထိုသူနှစ်ဦးတို့သည် ဤဘဝမှ စုတေသော် တမလွန်လောကဝယ် ငရဲ၌တူစွာ ဖြစ်ရတတ်ကုန်၏ ........ ဟု ပြောကြပါကုန်လော့..."""" ဟု ဘုရားရှင်က ရဟန်းများကို သက်ကြားပေးခဲ့သည်..။
(၇ ) ရက်စေ့သောနေ့တွင် သုန္ဒရီပရဗိုဇ်မကို သတ်သော လူမိုက်တို့သည် အရက်သောက်ရင်း အမူးလွန်သောအခါ အချင်းချင်း ထုတ်ဖော်ပြောဆိုကြရာမှ အမှုမှန်ပေါ်ခဲ့ပြီး ထိုစွပ်စွဲမှု့ ပပျောက်သွားခဲ့သည်..။
ဘုရားရှင်နှင့် ရဟန်းများ ထိုသုန္ဒရီပရဗိုဇ်မ အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည်မှာ အဘယ်ကြောင့်နည်းဆိုသော်.......
ဂေါတမဘုရားအလောင်းသည် တစ်ခုသောဘဝဝယ် လူအများလေးစား ကော်ရော်ပူဇော်အပ်သော ဗေဒင်သုံးရပ် တစ်ဖက်ကမ်းခပ် တတ်မြောက်သော ပုဏ္ဏား ရသေ့ဆရာကြီးတစ်ဦး ဖြစ်ခဲ့ပြီး မဟာဝုန်တော၌ တပည့်ငါးရာတို့ကို ဗေဒင်ပညာ သင်ကြားပေးလျှက်ရှိသည်..။

တစ်နေ့သောအချိန် တပည့်များကို ဗေဒင် သင်ကြားနေချိန်ဝယ် အဘိညာဉ်ငါးပါး... သမာပါတ်ရှစ်ပါးနှင့် ပြည့်စုံသော တန်ခိုးရှင် ဘီမသေန အမည်ရှိသော ရသေ့သူမြတ်သည် ထိုမဟာဝုန်တောသို့ ကြွလာသည်..။
ထိုရသေ့ကိုမြင်လျှင် ဆရာပုဏ္ဏားရသေ့ကြီးသည် အလိုလိုမနာလိုဝန် တိုစိတ် ဖြစ်ပေါ်လာကာ...... """" ဤရသေ့ကား ကာမဂုဏ်စည်းစိမ်ခံစားသည့် ရသေ့စဉ်းလဲဖြစ်သည်.."""" ဟု စွပ်စွဲဆဲရေးလေသည်..။
ထိုရသေ့ကိုမြင်လျှင် ဆရာပုဏ္ဏားရသေ့ကြီးသည် အလိုလိုမနာလိုဝန် တိုစိတ် ဖြစ်ပေါ်လာကာ...... """" ဤရသေ့ကား ကာမဂုဏ်စည်းစိမ်ခံစားသည့် ရသေ့စဉ်းလဲဖြစ်သည်.."""" ဟု စွပ်စွဲဆဲရေးလေသည်..။
တပည့်များကိုလည်း အလားတူ ဆဧရေးခိုင်းသည်..။ တပည့်များသည် မြို့ရွာများသို့ ဆွမ်းခံသွားသည့်အခါ ဆရာ၏ စကားကို အားရဝမ်းသာ လက်ခံပြီး ထိုရသေ့အကြောင်း မကောင်းသတင်းကို စွပ်စွဲပြောကြသည်..။ မြို့သူမြို့သားများကိုလည်း စွပ်စွဲ ဆဲရေးစေသည်..။
ထိုမကောင်းမှု့ကံကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်း တစ်သောင်းပတ်လုံး ဆင်းရဲဒုက္ခခံပြီးနောက် ယခုနောက်ဆုံး ဘုရားဖြစ်တော်မူသော ကာလဝယ် ထိုတပည့်ငါးရာတို့သည်လည်း တပည့်ငါးရာလာဖြစ်ကြပြီး ဘုရားရှင်ရော ထိုရဟန်းများပါ အစွပ်စွဲခံကြရသည်...။ မြို့သူမြို့သားများကို ပြောစေသော အကုသိုလ်ကံကြောင့် မြို့ထဲ၌ ကြွေးကြော်ခံခဲ့ကြရသည်..။
ထိုအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဝန်ခံပြီး မိန့်ကြားခဲ့သည်..။
❆ ❆ ❆ မိမိပြုခဲ့သော မကောင်းမှု့ကံသည် မိမိထံပြန်လာပြီး ထိုအကုသိုလ်ကြွေးကို ပေးဆပ်ရသည်မှာ ဓမ္မတာဖြစ်သည့်အတွက် ဝစီနှုတ်ကြမ်း နှုတ်ထွက်မရမ်းကြရန် သတိပြု ဆင်ခြင်ကြပါကုန်လော့....။
××××××××××××=======××××××××××××××
No comments:
Post a Comment