သဒ္ဓါအတု
သဒ္ဓါအတု
=======
ဤပြခဲ့သောအချက်များကို သတိထား၍ စဉ်း
စားပါလျှင် သဒ္ဓါတရားအစစ်ဟူသည် အပြစ်
ကင်း၍သန့် သန့် ရှင်းရှင်း ယုံကြည်ခြင်း မှန်ကန်
သောတရားကို ယုံကြည်ခြင်းဖြစ်သည်ဟု နား
လည်လောက်ပါပြီ။
ဘုရားက ရောင်ခြည်တော်မလွှတ်ပါဘဲ ရောင်
ခြည်တော်လွှတ်သည်ဟု ဘုရားမှီစားသူတို့ က
လိမ်ပြောသည်ကို ယုံကြည်မှု ဓာတ်တော်အစစ်
မဟုတ်ဘဲ ဓာတ်တော်အစစ်ဟုပြောသည်ကို ယုံ
ကြည်မှု မိစ္ဆာအယူရှိသူများ၏ အယူဝါဒကိုယုံ
ကြည်မှု စသော လွဲမှားသော ယုံကြည်မှုများ
သည် သဒ္ဓါအစစ်မဟုတ်ချေ။
ရိုး အ ညံ့ ဖျင်း အသိဉာဏ်ကင်းသော မောဟ
အကုသိုလ်သာဖြစ်သည်။
ထို့ ပြင် အပြောကောင်း အသံကောင်း ရုပ်
ကောင်း အကျိုးဆောင်ကောင်း ဆေးကောင်း
ဝါးကောင်း စသော ကောင်းသည့် ရသေ့ရဟန်း
ကို ကြည်ညိုလှပါသည်ဟု ဆိုကြသော မိန်းမများ
နှင့် ယောက်ျားများတို့ ၏ ကြည်ညိုမှုများလည်း
သဒ္ဓါအစစ်မဖြစ်နိုင်။
No comments:
Post a Comment