ဟီရိသြတ္တပ္ပအကြောင်း
ဟီရိသြတ္တပ္ပအကြောင်း
================
မကောင်းဒုစရိုက်ပြုရမည်ကို ရှက်ခြင်းသ
ဘောသည် 'ဟီရိ'ဖြစ်၍ ကြောက်လန့် ခြင်းသ
ဘောကား 'သြတ္တပ္ပ' ဖြစ်သည်။
ထို့ ကြောင့် 'ဒုစရိကို ဟီရိရှက်စွ လန့် သြတ္တပ္ပ'နှင့်
ဟုဆိုခဲ့၏။
ဤဟီရိသြတ္တပ္ပ နှစ်ပါးတို့ တွင် မိမိဂုဏ်သိက္ခာ
ကို စောင့်ရှောက်လေ့ရှိသူတို့ ၌ ဟီရိတရားထင်
ရှား၏။
ဆရာ မိဘ ဆွေမျိုးနှင့် တခြားသူများကို လေးစား
သူတို့ ၌ သြတ္တပ္ပတရား ထင်ရှားလေသည်။
ချဲ့ဦးအံ့။ ငါသည် မိကောင်းဖခင် သားသမီး
တစိယောက်ဖြစ်သည်။
ငါလို မျိုးရိုးကောင်းသူက မကောင်းမှုပြုနေလျှင်
ရှက်စရာဖြစ်လိမ့်မည်ဟု မိမဖအမျိုးဂုဏ်ကို
စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို
ရှက်၏။
ပညာတတ်သူကလည်း 'ငါ့လို ပညာတတ်တစ်
ယောက်က အောက်ကျသော မကောင်းမှုကိုပြု
နေလျှင် ရှက်စရာဖြစ်တော့မည်' အသက်ကြီးသူ
ကလည်း 'ငါလို အဘိုးကြီးက မိန်းမလိုက်စားနေ
လျှင် ရှက်စရာဖြစ်တော့မယ်' ဤသို့  စသည်ဖြင့်
မိမိမှာ ရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟီ
ရိတရားထင်ရှားလေသည်။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, August 12, 2015
ဟိရိသြတ္တပ္ပ အကြောင်း
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment