((((၈)))(6))
ဤဥာဏ သမ္ပယုတ်
တိဟိတ် ကုသိုလ်တို့က
တိဟိတ် ပဋိသန္ဓေ
အကျိုးကို ရအောင်ကား
ကုသိုလ်ပြုဆဲ အခါ
အကုသိုလ် စိတ်တွေ မခြံရံပါဘဲ
ကုသိုလ်တွေကို
သာဝမ်းမြောက်ဝမ်းသာ
ကုသိုလ်စိတ်တွေ
ခြံရံ၍ပြုခြင်း ၊
ကုသိုလ်ပြုပြီးသော
အခါတို့မှာလည်း
၎င်းပြုပြီး ကုသိုလ်တို့ကို အဖန်ဖန် လေ့လာပွားများ
နှလုံးထားခြင်း
အမှုတို့ကိုပြုက
ဥာဏသမ္ပယုတ်
တိဟိတ်ဥက္ကဋ္ဌဖြစ်၏ ။
ထိုမှတပါး
ကုသိုလ်ပြုဆဲအခါ
ရှေနောက်အဖို့တို့မှာ အကုသိုလ်စိတ်တွေ
ခြံရံ၍ပြုခြင်း
ကုသိုလ်ပြုပြီးသော
အခါတို့မှာလည်း
၎င်းတို့ကို
နှလုံးမသာငြား
ဒေါမနဿပွားခြင်း
စသည်တို့ပြုပါက
ဥာဏသမ္ပယုတ်
တိဟိသြမကသာ
ဖြစ်ကြောင်းကို-
ဥက္ကဋ္ဌန္တိ ကုသလပရိဝါရ
လာဘတော ပစ္ဆာ
အာသေဝနပ္ပဝတ္တိယာ
ဝါ သေဋ္ဌံ ။
ယံဟိ ကမ္မံ အတ္တနော ပဝတ္တိကာလေ
ပုရိမပစ္ဆာဘာဂပဝတ္တေဟိ ကုသလ-ကမ္မေဟိ
ပရိဝါရိတံ ပစ္ဆာ ဝါ
အာသေဝနလာဘေန
သမုဒါ စိဏ္ဏံ ဥက္ကဋ္ဌံ ။
ဥက္ကဋ္ဌာန်တိ - ဥက္ကဋ္ဌဟူသည်ကား ၊
ကုသလပရိဝါရ
လာဘတော -
ကုသိုလ်ခြံရံခြင်းကို
ရသောကြောင် ၊့
ဝိသဋ္ဌံဝါ -ထူးမြတ်သောကုသိုလ်
သည်လည်းကောင်း ၊
ပစ္ဆာ-နောက်မှ ၊
အာသေဝနပဝတ္တိယာ
-အဖန်ဖန်လွန်စွာ မှီဝဲထုံးခြင်း၏ ။
(ဝါ)
ဖြစ်ခြင်းကြောင့်
ဝိသိဋ္ဌံဝါ-
ထူးမြတ်သော
ကုသိုလ်လည်းကောင်း၊
ဥက္ကဋ္ဌံ -
ဥက္ကဋ္ဌကုသိုလ်မည်၏ ။
ဟိ -မှန်၏ ။
ယံကမ္မံ - အကြင်ကုသိုလ်
ကံကို၊ အတ္တနော-မိမိ၏ ၊
ပဝတ္တ-ကာလေ-
ဖြစ်ဆဲအခါ၌ ၊
ပုရိမပစ္ဆာဘာ ဂပဝတ္တေဟ
ိ-ရှေအဖို့ နောက်အဖို့၌
ဖြစ်ကုန်သော ၊
ကုသလကမ္မေဟိ-ကုသိုလ်ကံတို့ဖြင့်
(ဝါ) ကုသိုလ်ကံသည် ၊
ပရိဝါတံ -
ထက်ဝန်းကျင်ခြံရံအပ်၏ ။
(ဝါ) တနည်းကား ၊
ပစ္ဆာ-နောက်မှ ၊
(ဝါ) နောက်၌ ၊
အာသေဝန လာဘာန
-အာသေဝန ပစ္စည်း ပဋ္ဌာန်းနည်းကို ရသဖြင့် ၊
(ဝါ) အဖန်ဖန် လွန်စွာမှီဝဲ
ထုံခြင်းကိုရသဖြင့် ၊
(ဝါ)ခဏခဏ စဉ်းစါး
ကြံစီ တွေးတော
နေခြင်းဖြင်၊့
သမုဒါစိဏ္ဏံ -
ပြုအပ်ကျင့်အပ် လေ့လာဆည်းပူး
အပ်၏ ။
(ဝါ)စဉ်းစါးနေသင့်၏ ။
တံ-ထိုကုသိုလ်နှစ်ပါးသည် ၊
ဥက္ကဋ္ဌံ- မြတ်သော
ဥက္ကဋ္ဌ ကုသိုလ်
မည်၏ ။
(ဝါ)အကြီးစါး ကုသိုလ်
မည်၏ ။
ယံပန ကရဏကာလေ
အကုသလ ကမ္မေဟိ ပရိဝါရိတံ
ပစ္ဆာဝါ ဒုက္ကဋမေတံ
မယာတိ ဝိပ္ပဋိသာရုပ္ပာ
ဒနေန ပရိဘာဝိတံ။
တံသြမကန္တိ
ဒဋ္ဌဗ္ဗံ ။
ယံပန-အကြင်ကုသိုလ်ကိုကား ၊
ကရနကာလေ-
ပြုဆဲအခါ၌ ၊
အကုသလကမ္မေဟိ-အကုသိုလ်ကံတို့ဖြင့် ၊
(ဝါ) အကုသိုလ်စိတ်
တို့ဖြင့် ၊
ပရိဝါရိတံ-ရှေနောက်ခြံရံ
ဝိုင်းဝန်းအပ်၏ ။
(ဝါ) တနည်းတဖုံတစ်ပါးတုံ၊
ပစ္ဆာ-ပြုပြီးသည်နောက်မှ ၊
(ဝါ) မနော၌ ၊
(ဝါ)စိတ်ထည်းတွင် ၊
မယာ-ငါသည် ၊
ဧတံ-ထိုကုသိုလ်ကို ၊
ဒုက္ကတံ-မကောင်း
သဖြင့်ပြုအပ်၏ ။
ဣတိ-ဤသို့ ၊
ဝိပ္ပဋိသာ ရုပ္ပာဒနေန-
သဒ္ဒာကင်းပျက်
မနှစ်သက်ခြင်းဖြစ်သော
ဒေါမနဿ
စိတ်သည် ၊
(ဝါ)မကြေနပ်သော
စိတ်သည် ၊
ပရိဘာဝိတံ-ထုံအပ်၏ ။
(ဝါ)အချိန်ပြည့်ဖြစ်နေ၏ ။
တံ-ထိုနှစ်ပါးကို၊
သြမကန္တိ-ယုတ်ညံ့
သောကြောင့်
သြမက ကုသိုလ်မည်၏
(ဝါ)မကောင်းသော
ကုသိုလ်မည်၏ ။
(ဝါ)ညံ့ဖြင့်
ဟူ၍ ၊
ဒဋ္ဌဗ္ဗံ-မှတ်အပ်၏ ။
ဆောင်ပုဒ်
(၁) ကုသိုလ်ခြံရံ ၊
အဖန်ဖန်ပွား ၊
မှတ်သားဥက္ကဋ္ဌ ၊
(၁) အကုခြံရံ ၊
ဒေါသမာန်ပွား ၊
ဤနှစ်ပါး ၊
မှတ်သားသြမက ၊
ဟု ဘာဝနီဋီကာ မိန့်မှာတော်မူသည်အရ
တိဟိတ်ဥက္ကဋ္ဌကုသိုလ် ၊
တိဟိတ်သြမက
ကုသိုလ်များ ဖြစ်ပွား
ကြောင်းကို
သိရှိရသည့်အတိုင်း
ဤတိဟိတ်ကုသိုလ်
အရာတိုင်းတို့၌
ရှေ့နောက်အဖို့တိုမှာ
လောဘ ၊ဒေါသ ၊
မောဟတို့ ၊ မခြံရံပါမူ
တိဟိတ်ဥက္ကဋ္ဌ
ကုသိုလ်တို့ချည်း
ဖြစ်ကြပါ၍
ဝိဘက်
အကျိုးတို့မှာ ဖြစ်ပွားကြသောအခါ
တိဟိတ်ပဋိသန္ဓေ၊
တိဟိတ်ဘဝင်၊
တိဟိတ်စုတိ
တို့ချည်းသာ ဖြစ်ကြရာ၏ ။
အကယ် ၄င်းတိဟိတ်ဇောတို့၏
ရှေ့ နောက်အဖို့တိုမှာ
လောဘ ၊ဒေါသ၊
မောဟ ၊ တို့ ခြံရံပါမူ
တိဟိတ်သြမက
ကုသိုလ်တို့ချည်းသာ ဖြစ်ကြပါ၍
ဝိဘက်အကျိုးများ ဖြစ်ပွားကြသော
အခါ
ဒွိဟိတ် ပဋိသန္ဓေ၊
ဒွိဟိတ် ဘဝင်၊
ဲဒွဟိတ် စုတိ ၊
တို့ချည်းသာ
ဖြစ်ကြကုန်ရာ၏ ။
အကယ်၍ ဥာဏ်မယှဉ်ဘဲ
ဒွိဟိတ်ဇော ကုသိုလ်တို့၏
ရှေ့နောက်
အဖို့တို့၌
လောဘ၊ဒေါသ၊
မောဟတို့
မခြံရံပါမူ ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်တို့
ချည်းသာ ဖြစ် ကြပါ၍
ဝိပါက်အကျိုး
များ ဖြစ်ပွားကြသောအခါ
ဒွိဟိတ်
ပဋိသန္ဓေ
ဒွိဟိတ် ဘဝင် ၊
ဒွိဟိတ် စုတိ ၊
တို့ချည်းသာ ဖြစ် ကြ
ကုန် ရာ ၏ ။
ဤ
ပဋိသန္ဓေ၊
ဘဝင် ၊
စုတိ ၊
တို့မှာလဲ
တိဟိတ်ဖြစ်မူ
အလောဘ ၊
အဒေါသ ၊
အမောဟ ၊
ဟိတ်သုံးပါး၊
ဒွိဟိတ်ဖြစ်မူ
အလောဘ ၊
အဒေါသ ၊
ဟိတ်နှစ်ပါး
ငါ ပဋ္ဌာန်းဟေတုပစ္စည်း
တရားတို့နှင့်
ပဋိသန္ဓေနေကြ ၊ ဘဝင်စိတ်နှင့်
အိပ်ပျြော်ခင်း
စသည်ဖြစ်ကြ ၊
သေခြင်း စုတိ
ဖြစ်ကြသည် ။
စိတ် ၊ စေတသိက်နှင့်
စိတ်တဇရုပ်
ပဋိသန္ဓေကမ္မဇရုပ်တို့က
ဟေတုပစ္စည်း၏ အကျိုးပစ္စယုပ္ပန်
တရားတို့
ဖြစ်ပွားကြသည်များကို
အကျယ် တဝင့်
ဖွင့်ကာရှုကြည့်
သိရှိနှိုင်ကြ ၊
ပြောဟောနှိုင်ကြ ၊
ပေါက်ရောက်နှိုင် ကြအောင်
မကြာမကြာ အခါခါ
ရှု ကြည့် ကြပါလေ
သူတော်ကောင်းတို့ ။
** ** ** **
=*=*=*=
-*-*-*-
No comments:
Post a Comment