စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 19, 2015

ပဋ္ဌာန်းလေးမျိုး အမှတ် ၇

(((9)))(7)

အကယ်၍ ၄င်းဒွိဟိတ်ဇောတို့၏

ရှေ့နောက်အဖို့တို့မှာ

လောဘ ၊ ဒေါသ ၊ မောဟ
တို့ ခြံရံပါမူ

ဒွိဟိတ်သြမက
ကုသိုလ်တို့

(ဝါ) အလောဘ
အဒေါသတို့

အကြောင်းခံသော
ကုသိုလ်အညံ့စါး
ဖြစ်ကြပါ၍

ဝိပါက်အကျိုးများ
ဖြစ်ပွားကြသောအခါ

လူဖြစ်ပါလျက်
စက္ခုသောတ စသည်

(ဝါ)
မျက်စိမမြင်သော
နားမကြားသော

ချို့တဲ့သော

သုဂတိ
အဟိတ် ပဋိသန္ဓေ ၊

အဟိတ် ဘဝင် ၊

အဟိတ် စုတိ တို့

(ဝါ) အသိဥာဏ်မရှိသော
မိခင်ဝမ်းတွင်းက ကလေး

အသိဥာဏ်မရှိသော
စိတ်နှင့် လူ

အသိဥာဏ် မဲ့သော
သေခြင်း

ဘဝကူး
မကောင်းနှိုင်သော
သေခြင်း

စသည်တို့ချည်းသာ
ဖြစ်ကြကုန်ရာ၏

ဟု ပဋိသန္ဓေ ၊
ဘဝင် ၊
စုတိ ၊ တို့

အကျိုးဖြစ်ပုံများကို
လည်း  သိ ကြား
နားလည်ကြပါလေ ။

ဤသို့ တိဟိတ်ဥက္ကဋ္ဌ
ကုသိုလ် အကြောင်းပြုမှ

တိဟိတ် ပဋိသန္ဓေ
အကျိုးရမည်ကို

မသိရှိသူတို့က
ဆုတောင်းရမည်ဟု

ထင်မြင်ကြ၍
ဤကုသိုလ်ကြောင့်

တိဟိတ် ပဋိသန္ဓေ

ဘဝဆက်တိုင်း
နေကြရပါလို၏
ဟု ဆုတောင်းခြင်းက

ုငါတို့
မိုးညှင်းတောရအနီး

ကူတောဘုန်ကြီး
တပည့်တို့က

ဆုတောင်းကြ
သည်၌

၎င်းကူတောဘုန်းကြီးက
"ဟဲ့ အမိုက်မသားတို့

တိဟိတ်ဆိုတာ
ဆုတောင်း၍
ရတာမျိုးမဟုတ်

ရှေ့ကပြခဲ့သည့်အတိုင်း
တိဟိတ်ဥက္ကဋ္ဌ

ကုသိုလ်တို့ကို
ိုပြုမှ

တိဟိတ်
ပဋိသန္ဓေအကျိုးကို

ပေးနှိုင်ကြသော
ကြောင့်

ယခုကာလ ခေတ်ကောင်း
တုန်းအခါမှာ

မဆိုထားနှင့်ဦး ၊
ခေတ်ဆိုးခေတ်ဝါး

ကမ်ဘာ ပျက်သော
အခါကြီးများမှာပင်

ဖြစ်ပျက်သမျှ
သတ္တဝါအစားစားတို့

တိဟိတ် ချည်း
ဖြစ်ပွားကြ၍

ဗြဟ္မာ့ပြည်သို့ချည်း
လားရသည်ကို

ထောက်ထား၍
တိဟိတ်ဆိုတာ

ခွေးပေါဝက်ပေါ
ပေါသည်" 
ဟု

ကူတောဘုန်းကြီးက
ဟောပြလေသတည်း ။

ဤသည်တို့ကား ကုသိုလ်အဗျာ
ကတတို့မှာ

ဟိတ်သုံးပါး ၊
နှစ်ပါးတို့ က

အတူတကွဖြစ်သော
စိတ် ၊ စေတသိက် နှင့်

ကိုယ်အမူအရာ စိတ္တဇရုပ်တို့အား

ဟေတုသတ္တိဖြင့်
ကျေးဇူးပြုပုံ

အကျဉ်း
ချုပ်မျှ ပြအပ်ပါသတည်း

။နောက်မှ ကုသိုလ် ၊
အကုသိုလ် ၊ အဗျာကတ
တရားတို့

ဤလောကကြီးတို့မှာ
သူငါ အစားစားတို့  ဖြစ်ပွားနေကြပုံနှင့်

ပဋ္ဌာန်းပစ္စည်း
အနည်းနည်းတို့

ကျေးဇူးပြုနေကြပုံများကို
အကျယ်တဝင့် ဖွင့်၍ ပြလ္တံ
့ပါသတည်း ။

***    ***    ***

--*--*--*--
=*=*=*=*=

No comments:

Post a Comment