်
သတိအကြောင်း
သတိအကြောင်း
============
အောက်မေ့ခြင်း အမှတ်ရခြင်းသဘောသည်
သတိတရားတည်း။
ထို့ ကြောင့် 'အောက်မေ့သတိ'ဟုဆိုခဲ့၏။
ဤအောက်မေ့မှု အမှတ်ရမှုသည် အလွန်များ
ပြား၏။
ရှေးက ကုသိုလ်ကောင်းမှုတစ်ခုခု ပြုခဲ့၍ ယခု
ထိုကုသိုလ်ကို ပြန်လည်အမှတ်ရ၏။
တရားစကား ပြောဟောနေသည့်အခါ ဆုံမသြ
ဝါဒပေးနေသည့်အခါ မှတ်မိနားလည်အောင်
သတိထား၍ နားထောင်၏။
ကမ္မဋ္ဌာန်းနှလုံးသွင်းသည့်အခါ အာရုံပျောက်မ
သွားအောင် စူးစူးစိုက်စိုက် နှလုံးသွင်း၏။
နက်ဖြန်ပြုရမည့်ကုသိုလ် သို့ မဟုတ် နောင်
အတော်ကြာမှ ပြုရမည့်ကုသိုလ်ကို ကြိုတင်အ
မှတ်ရ၏
မိမိဆောက်တည်အပ်သော သီလသိက္ခာပုပ်များ
မကျိုးမပေါက်ရအောင် သတိထား၏။
ဆရာသမား၏ အဆုံးအမကို သတိရ၏။
ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမှုဆိုင်ရာ
ကိစ္စစုတို့ ကို အမှတ်ရနေခြင်းသည်သာ သတိအ
စစ်ဖြစ်သည်။သတိအစစ်ဟုလည်းခေါ်သည်။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, August 11, 2015
သတိအကြောင်း သိကောင်းစရာ
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment