စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, August 17, 2015

ယ​နေ့ဖြစ်​တည်​​နေ​သော​ခေတ်​အလှူရှင်​များ

**ယ​နေ့ဖြစ်​တည်​​နေ​သော ​ခေတ်​အလှူရှင်​များ**
     ^^^^^^^^^^^^^^^^^^^^^^^^^^^
၁.. အချို့​သောသူ​တွေဟာ ဒါန.. ဒါနရဲ့အကျိုးကို မယုံကြည်​ အမျိုးဘာသာ.. ထုံးစံမပျက်​ရုံသာ ​ပေးလှူတယ်။  လူကဲ့ရဲ့လွတ်​ယုံ ​ပေးလှူတယ်​။

၂.. အချို့လူမျိုးဟာ အလှူခံပုဂ္ဂိုလ်​ကို မ​လေးမစား မထီမဲ့မြင်​နဲ့ မ​ကောင်းတတ်​လို့သာ ​ပေးလှူတယ်​။

၃.. အချို့လူများက သူ့အချိန်​အခါနဲ့သူ ​ပေးလှူရတဲ့ ​ပေါ်ပင်​ဒါနမျိုးကို မပြုပဲ..(ဘာသာ လဝါ) ကိုယ့်​ဆန္ဒအ​လျှောက်​ ပြုချင်​တာ ပြုတတ်​တယ်​..။

၎.. အချို့လူမျိုး​တွေက​တော့ ​လောကီစီးပွားကို ကူညီဖူးတဲ့ အလှူခံပုဂ္ဂိုလ်​တွေကိုပဲ ​ရွေးချယ်​ပင့်​ဖိတ်​ပြီး  လှူတယ်​..။    အလှူခံပုဂ္ဂိုလ် ​တွေရဲ့ အထံမှာ ကိုယ်​လှူတဲ့ ဒါနကို အ​ကြောင်းပြုပြီး တစ်​စုံတစ်​ခု ပစ္စည်းဝတ္ထု .. ပစ္စုန်​ပ္ပန်​ ​လောကီစီးပွားချမ်းသာ အကူအညီ ပြန်ပြီး ရယူချင်​လို့ လှူတယ်​ ။

   ❆ ❆ ❆ မလှူခင်​ ဝမ်း​မြောက်
                 လှူဆဲလည်း ဝမ်းသာ
                 လှူပြီးမှာလဲ ပီတိဖြစ်​ ဆိုတဲ့ ပု​ဗ္ဗ မုဉ္စ အပရ​စေတနာ သုံးဖြာလုံး ပြည့်​စုံ​အောင်​ အလှူ​ပေးနိုင်​တယ်​..။   နှလုံးမသာယာခြင်း ဆိုတဲ့ ဝိပ္ပဋိ သာရ ဖက်​ပြီး လှူတယ်​။   လွတ်​လွတ်​စွန့်ကြဲမှု့​ခေါ်တဲ့   မုတ္တစာဂ ဖြစ်​​အောင်​ မလှူဘူး..။

၅.. အချို့သူ​တွေများ ဆိုရင်​ ပလွှားကြွားဝါပြီး ဒီလိုဒါနမျိုးကို ငါသာလျှင်​လှူနိုင်​တယ်​..။  သူများ​တွေ ငါ့လိုမလှူနိုင်​ဘူးလို့ ဂုဏ်​ပကာသနကို လိုလား ဝါကြွား ပလွှားပြီး ​ပေးလှူတယ်​..။    သူတစ်​ပါးကို ကဲ့ရဲ့ ရှု့တ်​ချပြီး လှူတယ်​..။

       ဒီလိုဒါနမျိုး​တွေ ပြုတဲ့အခါမှာ အလှူရှင်​ရဲ့ ​စေတနာကိုလိုက်​ပြီး အကျိုး​ပေးတဲ့အတွက်​  အကျိုး​ပေးပုံကလည်း   ကွဲပြား​နေပါတယ်​..။

                                   ✏ အရှင်​အဇဋာ
                                        (​ရွှေ ဥ ယု)

No comments:

Post a Comment