(((1))) (((2))) (((3)))(1)))
ပဋ္ဌာန်းလေးမျိုး ဝိပဿနာ
တရားတော်မြတ်ကြီးကို
အမှား အယွင်း
အကျ အပျောက်
မရှိရ လေအောင်
တစ်လုံးခြင်း တစ်ပိုဒ်ခြင်း
အသေ အချာ စီစစ်ကာ
ကူးယူရေးသား၍
ရိုသေစွာ တင်လှူ
ဓမ္မဒါန ပြုလုပ်
လိုက်ပါသည်
သူတော်ကောင်း
အပေါင်းတို့ခင်ဗျား
**********
မုံရွာမြို့နယ်အတွင်းက
မိုးညှင်းတောရ ကိုယ်တော်ကြီးသည်
ရတနာရှင်တို့
မိမိလွယ်အိပ်မှ
ပါလာ သော
ရတနာတို့ကို
အလိုရှိရာ
အခါတိုင်းတို့မှာ
အသုံးပြုနှိုင်ကြတာလို
သတ္တဝါတိုင်းတို့၏
အတွင်းမှာ
အချင်း
ခပ်သိမ်းရှိနေကြသော
ပဋ္ဌာန်းတရား
အနှစ်
နိဗ္ဗာန်ပေါက် ရတနာအစစ်တို့ကို
အလိုရှိရာအခါတိုင်းတို့မှာ အထူး လွယ်ကူစွာ
နားလည်
သိရှိကြပါ၍
ဝိပဿနာအစစ်
ဓမ္မရတနာအနှစ်များကို
အားသစ်ကြကာ
နိဗ္ဗူတာသို့
လျှင်မြန်စွာ ပေါက်ရောက်
စေကြခြင်း အကျိုးငှာ
ဂုဏ်ထူးရှိကြပါသော ပုဂ္ဂလိကဝိသေသ တို့က
တောင်းပန်
ချက်အရ
စီရင်ရေးပြလိုက်သော
ပဋ္ဌာန်းဝိပဿနာကျင့်စဉ်
တရားတော်ကြီး
သာသနာ ၂၅၅၀ ၊
ကောဇာ - ၁၃၆၈
ခရစ်- ၂၀၀၆
*************
((( 2 )))
ပဋ္ဌာန်းဝိပဿနာကျင့်စဉ်
တရားတော်ကြီး
*******
နမောတဿ
ဘဂဝတော
အရဟတော
သမ္မာသမ္ဗုဒ္ဓဿ
၁။ ပဏာမ နှင့် ပဋိညဉ်
ပဋ္ဌာနံ သမ္မသန္တဿ ၊ ဆဗ္ဗဏ္ဏရံ
သိဇာလေန္တံ ၊
တဒ္ဒေသိတံ နမဿိတွာ ၊
လိက္ခိဿာမိ ဣမံ ဂန္ထံ ။
ပဋ္ဌာနံ-အနန္တ နယ
သမန္တ မည်မှန်း
ပဋ္ဌာန်းကျမ်းကြီးကို ၊
သမ္မ သန္တဿ-
သုံးသပ်ဆင်ခြင်
တော်မူသော
မြတ်စွာ ဘုရားအား ၊
ဆဗ္ဗဏ္ဏရံ သိဇာ လန္တံ ၊
နီလ ၊ ပီတ ၊ လောဟိတ၊
သြဒါတ၊မဉ္ဇိဋ္ဌပဗဿရ
ဟုဆိုအပ်သော ခြောက်ပါးသော
ရောင်ချီတော်
တို့ကို
ဖြစ်စေတော်မူ
တတ်သော
တဒ္ဒေသိတံ -
ထိုအနန္တ နယ
သမန္တ- ပဋ္ဌာန်းကျမ်း
ဒေသနာတော်
အခန်းခန်းတို့ကို
ဟောကြားတော်မူ
တတ်သော
ဘုရားမြတ်ကို၊
နမဿိတွာနမာမိ-
ခြေ၊ လက်၊ နဖူး၊
တံတောင်၊ ဒူးဟု
ဆိုအပ်သော
ငါးဦးသောထိခြင်းဖြင့်
ဦးချဝန္ဒနာ ရှိခိုးပါ၏။
နမဿိတွာ-
ရှိခိုးပြီး၍၊
ဣမံဂန္ထံ -
ဤဝိပဿနာ
ကျင့်စဉ်ကျမ်းကို ၊
လိခိဿာမိ-
ရေသားပေအံ့ ။။
*********
၂။ ပဋ္ဌာန်းကျမ်းကို လေ့လာသူတို့အား
တန်းခိုးရှိန်စော်
အာနုဘော်
ကြီးထွားလာပုံကိုပြခြင်း
((( 3 )))
ယခုရေးပြမည့် ပဋ္ဌာန်းဝိပဿနာ
ကျင့်စဉ်ကျမ်း၌
ပဋ္ဌာန်းဟူသော
စာစကားတည်း။
ဤစာစကားအရကို
ရွာစကားနှင့်ပြောဆိုရမူ
''အထူးထူး
အပြာပြားသော
အကြောင်း
တရားတွေ'' ဆိုအပ်၏ ။
ထို့ကြောင့်-
ကေနဋ္ဌေန ပဋ္ဌာနန္တိ နာနပ္ပကာရ-
ပစ္စယဋ္ဌေန ပကာရောတိ၊
နာနာပ္ပကာရတ္ထံ ဒီပေတိ၊
ဌာနသဒ္ဒော ပစ္စယတ္တံ ။
ကေနဋ္ဌေန-
အဘယ်သို့သော
အနက်သဘောကြောင်၊့
ပဋ္ဌာနံ-
ပဋ္ဌာန်းမည်သနည်း။
ဣတိစေ-
ဤသို့မေးငြားအံ။့
နာနပ္ပကာရပစ္စယဋ္ဌေန-
အထူးထူး-အပြားပြား
အများအပြားဟူသော
(ဝါ)
အကြောင်းများ ဟူသော
အနက် သဘောကြောင့်၊
ပဋ္ဌာနံ -
ပဋ္ဌာန်းမည်၏
ဟိ - ထိုစကားအရကို အကျယ်ပြဆို
ဦးအံ့။
ပကာရော -
အထူးထူးအပြားပြား
အများအပြား
ဟူသော-
အနက်ကို၊
ဒီပေတိ - ပြ၏ ။
ဌနသဒ္ဒော -
ဌာနသဒ္ဒာသည် ၊
ပစ္စယတ္တံ -
အကြောင်း ဟူသော
အနက်ကို၊
ဒီပေတိ - ပြ၏''
ဟု
ပဋ္ဌာန်း
အဋ္ဌကထာ၌
ပြတော်မူအပ်ပေသည့်
အတိုင်း
စကား
အတိုသုံးနှင့်
ပြောဆို ရမူ
"အကျိုးတရားတို့၏ တည်ရာဖြစ်သော
(၂၄) ပါးသော
အကြောင်းတရားတို့ ကို "
''ပဋ္ဌာန်းဟု ဆိုအပ်၏ "
ဟု သိကြပါလေ ။
*****
-=*=-
No comments:
Post a Comment