*** မစ္ဆရိယ( ၅ )မျိုး ***
><><><><><
၁... လာဘ်ပေါတာကို မလိုခြင်း လာဘမစ္ဆရိယ
၂... အခြွေအရံ အပေါင်းအသင်းပေါတာကို
မလိုခြင်း.. ကုလမစ္ဆရိယ
၃... နေရာဌာနကောင်းကောင်း ရှိတာကို မလိုခြင်း
အာဝါသမစ္ဆရိယ
၎... အဆင်းဂုဏ်ဒြပ် ကြီးမားတာကို မလိုခြင်း
ဝဏ္ဏ.( ဂုဏ)မစ္ဆရိယ
၅... စာပေ ဗဟုသုတ ပြည့်စုံကြွယ်ဝတာကို
မလိုခြင်း ဓမ္မမစ္ဆရိယ..။
အဲ့ဒီလို မစ္ဆရိယငါးပါး တစ်ပါးပါး က အနိုင်ခံလိုက်ရတဲ့ သူရဲ့ နောင်ဘဝ.. နောင်သံသရာမှာ ကြုံလာတွေ့လာ.. ဖြစ်လာရမယ့် ဘဝကို မတွေးဝံ့အောင် ကြောက်စရာ ကောင်းလှပါတယ်..။
လောကမှာရှိတဲ့ ရန်သူမျိုးငါးပါး နှိပ်စက်ခံရရင် ထိုးခုတ် သတ်ဖြတ် ညှည်းဆဲရင် #တစ်ဘဝပဲ သေရမှာပါ..။ ဒါက အပြင်ကဖြစ်တာမို့. အပြင်ရန်သူ ဖြစ်တယ်..။
အတွင်းရန်သူကတော့ အကုသိုလ်စိတ် စေတသိက် တွေပါပဲ..။ အကုသိုလ်စိတ်တွေသာ နှိပ်စက်နေရင်တော့ #အကုသိုလ်ကံက ကိုယ့်သံသရာနောက် ပါသွားမှာမို့ #သံသရာတစ်လျှောက်လုံး နှိပ်စက်ခံရမှာပါ..။
တစ်ချို့က ဒါနပြုရင် သံသရာရှည်တယ်..
ဒါနမပြုနဲ့လို့. တားမြစ်တာတွေရှိတယ်..။ ဘာကြောင့်ပဲ တားမြစ် တားမြစ် .... တားမြစ်ပြီဆိုရင် အလှူခံပုဂ္ဂိုလ် တွေရဲ့ လာဘ်လာဘ အန္တရာယ်ကို ဖြစ်စေတဲ့ အတွက်.. #လာဘန္တရာယ် ထိုက်ပါတယ်..။
အလှူရှင်တွေရဲ့ ကုသိုလ်ကောင်းမှု့ .. ဘုန်းကံကြီးမားမှု့ကို ပိတ်ပင်တဲ့ အတွက် #ပုညန္တရာယ်.
ကောင်းမှု့ရှင်တွေသွားရာ နတ်ရွာ.. နိဗ္ဗာန်လမ်းကို တားမြစ်တဲ့အတွက် #သက္က န္တရာယ်..ထိုက်ပါတယ်..။
ဒီလိုအန္တရာယ်တွေ လုပ်ထားမှတော့ တရားအားထုတ်လည်း ဒီစိတ်ကို မပယ်နိုင်သရွေ့တော့ ကြီးစွာသော အန္တရာယ်နဲ့ပဲ ရင်ဆိုင်ရပါတယ်..။
ဒါကြောင့် မစ္ဆရိယအကုသိုလ်ဟာ ဒါနသဒ္ဓါတရားကို နှောင့်ယှက်သလို ဘာဝနာတရား အားထုတ်မှု့ကိုလည်း တားဆီးတတ်လို့. ချက်ခြင်းပယ်သတ်နိုင်အောင် ကြိုးစားသင့်ပါတယ်..။..။..။
✏ အရှင်အဇဋာ
(ရွှေ ဥ ယု )
No comments:
Post a Comment