ထူးကဲသော အကျင့် မြတ် ၁၃ ပါးအကြောင်း '
ဦး ဇင်း ယနေ့ ဓုတင် အကျင့် အကြောင်း သိသလောက် ပြော ပြ ပါ မယ် ။ ဒကာ တစ် ဦး က ဓုတင် အကြောင်း သိချင်လို့ ရေး ပေး ပါ ဘုရား လို့ တောင်း ဆို လာ လို့ ပါ ။
ဦးဇင်း တို့ တတွေ ဟာ ဓုတင် ဆို တဲ့ စကားလုံးကို ကြားဖူးနားဝ ရှိနေကြပါ တယ် ။
သို့ပေမယ့် တစ်ချို့က ဘာ မှန်း မသိကြပါဘူး ။
ဓုတင် ဆိုတာ ကိလေသာတို့ကို တဖြည်းဖြည်း ခေါင်းပါးအောင် ကျင့်တဲ့ အကျင့်မြတ် ပါ ။
ရဟန်း တိုင်း ကျင့်ရတာလဲမဟုက်ပါဘူး ။ ကျင့် ခြင်တဲ့ သူ ကျင့် မကျင့် နိုင် တဲ့ သူ မကျင့်....
လို့ ရပါ တယ် ။
၁၃ ပါး လုံး မကျင့် ပဲ ကိုယ် ကျင့်ချင် သလောက် ဓုတင်ပဲ ကျင့် လို့ လဲရပါတယ်။
ဓုတင် ကျင့် တဲ့ ပုဂ္ဂိုလ် မြတ်တွေ က ဓုတင် ကျင့် မှန်း လူ သိ ခံ လေ့ မရှိ ကြ ပါ ဘူး ။ လူတွေ သိရင် အထင်ကြီး ကြ လိမ့် မယ် လာဒ်လာဘ ပေါများ လိမ့်မယ် ဒါတွေ ကို ဓုတင်ဆောင် ပုဂ္ဂိုလ် တွေ က နည်းနည်း မှ မနှစ်သက်ကြပါ ။ မနှစ်သက် လို့ လဲ ဓုတင်ကျင့် ကြ တာပေါ့ ။
ယင်း ဓုတင် ၁၃ ပါးက တော့
၁။ ပံ့သကူ ဓုတင် = ပံ့သကူရသော သင်္ကန်းကို ဝတ်ရုံသုံးဆောင်သော အကျင့်
၂။ တိစီဝရိက် ဓုတင် = အပို သင်္ကန်း မထား သင်္ကန်း သုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်သော အကျင့်
၃။ ပိဏ္ဍပါတ် ဓုတင် = ဆွမ်းခံ၍ စားသော အကျင့်
၎။ သပဒါနာစာရိက ဓုတင် = အိမ်စဉ် မကျော်ပဲ ဆွမ်းခံသော အကျင့်
၅။ ဧကာသနိက် ဓုတင် = တနေရာတည်း၌ သာ ဣရိယာပုထ် မပြောင်းပဲ စားသော အကျင့်
၆။ ပတ္တပိုဏ် ဓုတင် =သပိတ်ထဲ ၌ သာ စားဖွယ်အားလုံး ရောထည့်၍ စားသော အကျင့်
့်၇။ ခလုပစ္ဆာဘတ် ဓုတင် = တော်ပြီဟု ထားမြစ်ပြီးနောက် (အတိရိတ် ဝိနည်းကံ ပြုထားသော စားဖွယ်ကိုပင် ) မစားတော့သော အကျင့်
၈။ အာရညကင် ဓုတင် = တောရ ကျောင်း၌ နေသော အကျင့်
၉။ ရုက္ခမူ ဓုတင် = သစ်ပင် အောက်၌ နေရသော အကျင့်
၁၀။ အဗ္ဘောကာသိက ဓုတင် = အမိုး မရှိသော လဟာပြင်၌နေသော အကျင့်
၁၁။ သုသာန် ဓုတင် = သင်္ချိုင်း သုသာန်၌ နေရသော အကျင့်
၁၂။ ယထာ သန္တတိ ဓုတင် = မိမိ အတွက် သတ်မှတ် ထားသော ကျောင်း အိပ်ရာ နေရာ၌သာနေရသော အကျင့်
၁၃။ နိသဇ္ဇိ ဓုတင် = လျောင်း ခြင်း ( တုံးလုံး လဲ ၍ အိပ်စက်ခြင်း ) မပြုပဲ နေရသော အကျင့် တို့ ဖြစ်ပါ တယ် ။
အားလုံး သော ဓမ္မမိတ်ဆွေ စာဖတ် ပရိတ်သတ်ကြီး ကျမ်းမာ ချမ်းသာ ကြ ပါ စေ ။ ဤ သို ဗုဒ္ဓ စာပေ များ ဓမ္မဒါနပြု ရခြင်း ကုသိုလ်ကြောင့် ကြုံတွေ့ နေ ရ သော သဘာဝ ဘေး တို့ မှ သတ္တ၀ါ အားလုံး ကင်းဝေး ကြ ပါစေ။ ကျရောက် ဆဲ ကျရောက် လတ္တံသော ဘေး အပေါင်း တို့ သည် လည်း မကြာမီ ပပြောက်ကြ ပါ စေ ။
အရှင် ဗုဒ္ဓ သိဿ
No comments:
Post a Comment