စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, August 23, 2015
ပဋ္ဌာန်းလေးမျိုး အမှတ် ၉
(((၁၁)))((9))
ထိုမှတဖန် ဆရာသမားတို့
အထံက
ဝိပဿနာရှုရန်ကိုရ၍
တို့မှာ
ဝိပဿနာ
ရှုလိုပါမူ ကောင်းတာတွေ
မြင်သိ
သမျှတို့လဲပျက် ၊
ဆိုးတာတွေ မြင်သိ
သမျှတို့လဲပျက် ၊
သာမညတွေကို
မြင်သိသမျှတို့လဲပျက် ၊
၎င်းအပျက်
ကို ပါဠိလို အနိစ္စုခေါ်၏ ။
၎င်းအပျက် အနိစ္စကို
အဖန်ဖန်ရှုမှုကို
ဝိပဿနာဆို၏ ။
ဤမြင်၊ သိ၊ ပျက်
အနိစ္စဝိပဿနာကို
ထိုထိုဇောဝီထိ
ဖြစ်သမျှတို့ မှာ
ဟေတုပစ္စည်းတို့နှင့်
ချည်းဖြစ်ကြပါ
သော
မြင် ၊သိ ၊
ဇောတို့ အသစ်
အသစ် ပြောင်းသမျှ
အဟောင်း
အဟောင်းတို့
အမြဲပျက်ပျက်လိုက်
နေသည်တို့ကို
ဥာဏ်နှင့်မိမိ
ပြူးပြူးကြည့်၍
ဥာဏ်နှင့်မိမိ
စူးစိုက်ကြည့်၍
အနိစ္စ ၊ အနိစ္စ
ဟု အခါခါ
ရှုကြစေရန်
စိတ်ရည်သန်၍
ဟေတုပစ္စယ ၊
ဖြစ်ပျက်ကြ ၊
အနိစ္စစု
ထင်အောင်ရှု ။
ဟု   
ရေးပြအပ်
ပါသတည်း ။
ဤမျက်စိပေါက်အတူ နားပေါက်
စသည်တို့မျာလည်း    ကောင်းတာ
တွေကို
ကြားကြ နမ်းကြ
စားကြ ထိတွေ့ကြ
ကြံစီ ကြသည်၌
လောဘဟိတ် ၊
မောဟဟိတ် ၊
ဆိုးတာတွေ
ကိုတော့
ဒေါသဟိတ် ၊
မောဟဟိတ် ၊
သာမညတွေကိုတော့
မောဟဟိတ်တို့
ဖြစ်နှိုင်ကြောင်းကို
မေးလေ ဖြေလေ ။
ဝိပဿနာအရာမှာကား
ကောင်းတာ  သိသမျှ
တို့လဲ ပျက် ၊
ဆိုးတာသိသမျှ
တို့လဲပျက် ၊
သာမညသိသမျှတို့
လဲပျက် ၊
ဤသို့
ပျက်ပျက်လိုက်သမျှ
တို့ကို
ဥာဏ်နှင့်မိမိ
ပြူးပြူးကြည့်၍
စူးစိုက်ကြည့်၍
အခါခါရှုကြပါလေ ။
ဤကား လူမဆိုထား
နှင့်ဦး
တိရန္ဆာန် အပါယ်
သားတို့ပင်
(၆) ဒွာရတို့မှာ
လောဘ ၊ ဒေါသ ၊
မောဟ စသော
ဟေတုပစ္စည်း
ပဋ္ဌာန်းတရားကြီးတို့
အသီးသီးဖြစ်နှိုင်ကြပုံ
ကို
စာမတတ်သူတို့ပင် 
သိသာထင် မြင်
်ကြအောင်
ကြံဆောင်ရေးပြချက်
တို့ပေတည်း ။
သြော် ဤသို့
သိလွယ်အောင်
ရေးသားထားသည်ကို
မသိ သိအောင်
အထပ်ထပ်
ကြည့်ခဲစွ ၊ ကြံခဲစွ ၊
မေးခဲစွ ၊ နှလုံးသွင်းခဲစွ ၊
ဤကား သဟဇာတတ္ထိ မျိုးထဲမှာပါသည့်
ဟေတု ပစ္စည်း အရ
အကျဉ်းမျှပြချက်ပါတည်း  ။
ဤ သဟဇာ
တတ္ထိမျိုး၌
ရထိုက်သော
ပစ္စည်းတို့ကား -
(၁) ဟေတု
(၂) သဟဇာတာဓိပတိ
(၃) သဟဇာတ
(၄) အညမည
(၅) သဟဇာတနိဿယ
(၆) သဟဇာတ ကမ္မ
(၇) ဝိပါက
(၈) နာမ်အဟာရ
(၉) သဟဇာတိန္ဒြိယ
(၁၀) ဈာန
(၁၁) မဂ္ဂ
(၁၂) သမ္ပယုတ္တ
(၁၃) သဟဇာတ
ဝိပ္ပယုတ္တ
(၁၄) သဟဇာတတ္ထိ
(၁၅) သဟဇာတ
အဝိဂတ
ဤတဆယ့်ငါးပါး
ပစ္စည်း တရားတို့သည်
အတူတကွ
ဖြစ်ကြသော
နာမက္ခန္ဓာနှင့်
စိတ္တဇရုပ် ၊
ပဋိသန္ဓေကမ္မဇရုပ်
တို့အား
ထိုက်သင့်သည်
အားလျော်စွာ
မိမိတို့၏   ဟေတု 
စသောသတ္တိဖြင့်
ကျေးဇူးပြုကြကုန်၏
ဟု သိကြပါလေ ။
  ဟေတုပစ္စည်း
အကျဉ်း ပြီ၏ ။
No comments:
Post a Comment