စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 4, 2015

ကြွက်​ဥပမာ

ကြွက်ဥပမာ ပုဂ္ဂိုလ် ( ၄ )မျိုး
```````´***´´´´´´´
၁.. တွင်းထူးရုံသာတူး၍ မအောင်းသောကြွက်။
     #ပရိယတ္တိကိုသာသင်ကြား၏ ။ သစ္စာ လေးပါးကိုမသိသော ပုဂ္ဂိုလ်. ။

၂.. အောင်းရုံသာအောင်း၍ တွင်းမတူးသောကြွက် ။
         #သစ္စာလေးပါးကိုသာ သိ၏ ။ ပရိယတ္တိကို မသင်ကြားဖူးသော ပုဂ္ဂွိုလ်.

၃.. တွင်းလည်းတုး အောင်းလည်းအောင်းသော ပုဂ္ဂိုလ် ။
         #ပရိယတ္တိကိုလည်းသင်ကြား .. သစ္စာ လေးပါးကိုလည်း သိသောပုဂ္ဂိုလ်..။
၎.. တွင်းလည်းမတူး.. အောင်းလည်းမအောင်းသောကြွက် ။
          #ပရိယတ္တိကိုလည်းမသင်ကြား .. သစ္စာလေးပါးကိုလည်း မသိသောပုဂ္ဂိုလ်...။
×°×°×°
       (မူသိကသုတ် အံ ပါ ၄၂၂.. ဌ.. ၃၂၇  )

No comments:

Post a Comment