(((၁၂))) ((10))(ခ))
ရသာယတနံ- ရသာရုံသည်၎င်း (ဝါ) စါးချင်စရာ အဖြာဖြာ အရသာရှိလှစွာသော စားစရာ မျိုစုံသည်၎င်း ဖောဋ္ဌဗ္ဗာယတနံ - ဖောဋ္ဌဗ္ဗာရုံ အားလည်းကောင်း ၊ (ဝါ) ထိချင်စရာ ကိုင်ချင်စရာ ထိုင်ချင်စရာ အိပ်ချင်စရာ ထွေးပိုက်ချင်စရာ အဖြာဖြာ နူးညံ့လှစွာသော သက်ရှိ သက်မဲ့အရာ အားလုံးတို့သည်၎င်း ၊ မနောဓာတုယာစ - မနောဓာတ် အားလည်းကောင်း (ဝါ) တွေးကြံစဉ်းစါးမနေမနား ကောင်းမှု မကောင်းမှုတို့ဖြင့် အစဉ်တစိုက်ပျော်လိုက် ပျင်းလိုက် မကျေနပ်လိုက် တစ်ဟိုက်ဟိုက် မော၍နေသော စိတ်အစဉ်အား၎င်း ၊ တံ သမ္ပယုတ္တကာနံ - ထိုမနောဓာတ်နှင့်ယှဉ်ကုန်သော ၊ ဓမ္မာနဉ္စ - စေတသိက်တရား တို့အားလည်းကောင်း ၊ အာရမ္မဏပစ္စယေန - ဆွဲကိုင်ရာ ပမာဏ အာရမ္မဏ သတ္တိဖြင့် ၊ (ဝါ) ဆွဲအားကြီး ရေစီးကြောင်းများကြီးမှ ဝဲသြဂကြီးများနှင့် ၎င်း ဆွဲပြင်းထန် အတန်တန်သော စွမ်းပကားနှင့် ပြည်စုံလှစွာသော ကရိန်းကားကြီးများနှင့် ၎င်း ပမာတူစွာ ရွေ့ပါလာအောင် ပြုတ်ပါလာ
အောင် ပြတ်ပါလာအောင် ဆွဲယူနှိုင်သော စွမ်းအားကြီးများနှင့် ပစ္စယော ဥပကာရကော -
ဆွဲဆောင်ကြမှုကျေးဇူးပြုသည် ၊ စွမ်းအားထပ်ထပ် ရစ်ပတ်ချီနှောင် မရှောင်သာအောင် ဆွဲဆောင်ကြသည် ဆွဲ၍ဆောင့်ကြသည် ဟောတိ -ဖြစ်၏ ။ (ဝါ) အင်အားကြီးစွာ သူတို့နောက်ပါအောင် အင်အား ကြီးကြီး အနည်းနည်းနှင့် အနိုင်အထက် ဆွဲယူလျှက်ရှိကြ၏ သဗ္ဗေ- ခပ်သိမ်းကုန်သော ၊ ဓမ္မာ - အာရုံခြောက်ပါး (ဝါ) မြင်စရာ ကြားစရာ မွှေးနမ်းစရာ စားစရာ ထိကိုင်မှီပွေ့ ကြည်မွေ့စရာ တွေးကြံစရာ အကြောင်းတရားတို့သည် ၊ မနောဝိညာဏ ဓာတုယာစ - ကြံသိသဘာဝ မနောဝိညာဏ ဓာတ်အား၎င်း ၊ တံသမ္ပယုတ္တကာနံ - ထို မနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော ၊ ဓမ္မာ နဉ္စ - စေတသိက် တရားတို့အားလည်းကောင်း ၊ အာရမ္မဏပစ္စယေန - ဆွဲကိုင်ရာ ပမာဏ အာရမ္မဏသတ္တိဖြင့် ပစ္စယောဥပကာရကော - ဆွဲဆောင်ကြမှုကျေးဇူးပြုသည် ၊ ဟောတိ - ဖြစ်၏ ။ ယံယံဓမ္မံ - အကြင်အကြင် အာရုံခြောက်ပါးပစ္စည်းတရားတို့ကို ၊ (ဝါ) မြင်စရာ ၊ ကြားစရာ မွှေးစရာ ၊ စါးစရာ ၊ ထိတွေ့စရာ ၊ ကြံတွေးစရာ တို့ကို အကြောင်း တရားတို့ကို အာရဗ္ဘ - အာရုံပြု၍ ၊ (ဝါ) တွေးတောကြံစီ၍ စဉ်းစား၍ စိတ္တ စေတသိကာ ဓမ္မာ - စိတ် စေတသိက် တရားတို့ဖြစ်ကုန်သော ၊ ယေယေဓမ္မာ - အကြင်အကြင် အာရုံပြုငြား (ဝါ) အမျိုးမျိုး စဉ်းစားလျှက် ပစ္စယုပ္ပန်တရားတို့သည် ၊ (ဝါ) အကျိုးတရားတို့သည် ၊ အဖြစ်တရားတို့သည် ၊ ဥပဇ္ဇန္တိ - ဖြစ်ကြကုန်၏ ။ တေတေဓမ္မာ - ထိုထိုအာရုံခြောက်ပါး ပစ္စည်းတရားတို့သည် ၊ (ဝါ) အဆင်း ၊ အသံ ၊ အနံ့ အရသာ ၊ တွေ့ထိစရာ ကြံတွေးစရာ အကြောင်းတရား ခြောက်မျိုး အကောင်း အဆိုးတို့သည် တေသံ တေသံ ဓမ္မာနံ - ထိုထိုအာရုံပြုငြား စိတ်စေတသိက် ပစ္စယုပ္ပန်တရားတို့အား ၊ (ဝါ) တွေးတောစဉ်းစား ကြံစည်စိတ်အား အာရမ္မဏ ပစ္စယေန - ဆွဲကိုင်ရာပမာဏ အာရမ္မဏသတ္တိဖြင့် ၊ ပစ္စယော ဥပကာရကော ဆွဲဆောင်ကြမှု ကျေးဇူးပြုသည် ၊ ဟောတိ-ဖြစ်၏ ။
ဆောင်ပုဒ်
(၁) အာရုံငါးထွေ ၊ ငါးဝိညေ ၊ မှတ်လေအာရမ္မဏ ၊ကြောင်းကျိုးရ ။
(၂) အာရုံငါးရပ် ၊ မနောဓာတ် ၊ စွဲမှတ်အာရမ္မဏ ၊ကြောင်းကျိုးရ ။
(၃) အာရုံခြောက်ရပ် ၊ဝိညာဏ်ဓာတ် ၊ စွဲမှတ်အာရမ္မဏ ၊ကြောင်းကျိုးရ ။
(၄)အာရုံရှိသမျှ ၊ ကျိုးဖလမှ ၊ စိတ္တစေသာ ၊ မှတ်ပါအာရမ္မဏ ၊ အချုပ်ပြ ။
(၅) အာရုံ အာရမ္မဏိ၊ပြောင်းလေဘိ ၊ မှတ်သိအနိစ္စ ၊ ရှုပါကြ ။
ဤသည်တို့ ကား ရွာပဋ္ဌာန်းအရ စကားတည်း ၊။
ဤပါဠိတော်လာ မြန်မာစကားကို အကျဉ်းချုပ်ပြဆိုရသော်
အဆင်းကြောင့် မြင်သိဖြစ် ၊ အသံကြောင့် ကြားသိဖြစ် ၊ အနံ့ကြာင့် နံသိဖြစ် ၊ အရသာကြေင့် ၊ စားသိဖြစ် ၊ အတွေ့ကြောင့် တွေ့သိဖြစ် ၊ အာရုံခြောက်ပါးကြောင့် ကြံသိဖြစ် ၊ ပေါင်းအာရုံခြောက်ပါး အာရမ္မဏ ပစ္စည်း တရားတို့တည်း (ဝါ) အကြောင်း တရားများ ဖြစ်ကြသည်။ (ဝါ) ဖြစ်စေသော တရားများ ဖြစ်ကြသည် ဟု ပြဆိုအပ်၏ ။ ဤမြန်မာပြန် စကားတို့သည်ကား ရွာပဋ္ဌာန်း စကားတို့တည်း ။။
No comments:
Post a Comment