စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, August 20, 2015

ကောင်းမြင့်​မြတ်​သူ..

ကောင်းမြင့်မြတ်သူ
  **><**><**><**
❆ စိတ်ထားကောင်းမှ လူကောင်းမယ်။
     စိတ်ထားဆိုး  လူဆိုးဖြစ်လိမ့်မယ်..။
❆ စိတ်ထားမြင့်မှ လူမြင့်မယ်..
     စိတ်ထားနိမ့် လူနိမ့်ဖြစ်လိမ့်မယ်..။
❆ စိတ်ထားမြတ်မှ လူမြတ်မယ်
     စိတ်ထားယုတ် လူယုတ်ဖြစ်လိမ့်မယ်။
❆ လူကောင်းတစ်ဆူ ဖြစ်လိုမူ ထိုသူစိတ်ထား  ကောင်းရမယ်..။
❆ လူမြင့်တစ်ဆုဖြစ်လိုမူ ထိုသူစိတ်ထား မြင့်ရမယ်။
❆ လူမြတ်တစ်ဆူ ဖြစ်လိုမူ ထိုသူ စိတ်ထားမြတ်ရမယ်..။
❆ ကောင်း မြင့် မြတ်သူ ဖြစ်ခဲ့မူ ဇမ္ဗူကျော်လို့ တင့်လိမ့်မည်။
❆ ကိုယ် နှုတ် နှစ်ပါး ဆောင့်ထိန်းငြား မှတ်သားသီလခေါ်..။
❆ သီလဖြူစင် ကောင်းကျိုးထင် မည်တွင်မြတ်သူတော်..။
❆ သူတော်ကောင်းစစ် အားထုတ်လစ် အနှစ်နိဗ္ဗာန်ပေါ်..။
❆ ဖြစ်ပေါ်လာဆဲ အိုခြင်းလည်း အမြဲလိုက်ပါသည်။
❆ အိုခြင်းဆောင်ပို့ နာခြင်းသို့ ရောက်ဖို့နီးလာပြီ ။
❆ နာခြင်းဆောင်ပို့ သေခြင်းသို့ ရောက်ဖို့နီးလာပြီ။
❆ အို နာ သေရေး ဒုက္ခ ဘေး ငွေပေးမလွတ်ပြီ..။
❦ ❦ တရားရှုမှ ယင်းဒုက္ခ မုချလွတ်ရမည်။
                      ✏ အရှင်အဇဋာ
                            ( ရွှေ ဥ ယု )

No comments:

Post a Comment