စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, August 13, 2015

ဟိရိသြတ္တပ္ပအကြောင်း ၂

ဟီရိသြတ္တပ္ပအကြောင်း (၂)
ဟီရိသြတ္တပ္ပအကြောင်း (၂)
==================
     'ငါတစ်ယောက် မကောင်းမှုပြုလိုက်လျှင် ငါ့မိ
  ငါ့ဖ ငါ့ဆွေ ငါ့မျိုး ငါ့ဆရာသမားများကို သူတစ်
ပါးတို့ က ကဲ့ရဲ့လိမ့်မည်။
ငါ့ကိုလည်းလလူ့ အဖွဲ့စည်းကြီးက စက်ဆုပ်ရွံရှာ
ကြမည်။
မျက်စောင်းထိုးကြမည်။ ဤသို့  စပ်ဆိုင်သူများ
နှင့် မိမိကိုယ်မိမိ ငဲ့ညာတတ်သူ၌ ဒုစရိုက်မှ
ကြောက်လန့် တတ်သော သြတ္တပ္ပတရား ထင်
ရှားလေသည်။
မိမိဂုဏ်သိက္ခာကိုလည်း မငဲ့ ဆရာသမားဆွေမျိုး
ကိုလည်းမငဲ့ချင်တိုင်း ရွဲ့သူ၌ကား ဟီရိသြတ္တပ္ပ
  နှစ်မျိုးစလုံးကင်းစင်၍ ဒုစရိုက်တွေ ပြည့်တင်း
နေလေပါတော့သည်။
    ထို့ ကြောင့် ဟီရိသြတ္တပ္ပ တရားနှစ်ပါးသည်
ကမ္ဘာသူ ကမ္ဘာသား လူများကို သားနှင့်အမိ
မောင်နှ စသည်ခြားနားအောင် စောင့်ရှောက်
တတ်သောကြောင့် လောကပါလ - လောကကို
စောင့်သောတရားဟူ၍လည်းကောင်း ဖြူစင်သန့် 
ရှင်း အပြစ်ကင်းစင်အောင်ပြုတတ်သောကြောင့်
'သုတ္တဓမ္မ' ဖြူစင်သော တရားဟုလည်းကောင်း
နာမည်ရသည်။
လူ့ လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရ
စ္ဆာန်တို့ နှင့် မခြားဘဲ မှားချင်တိုင်းမှား၍ မကြား
ကောင်း မနာသာ ဖြစ်ရာကုန်၏။

No comments:

Post a Comment