စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, August 16, 2015
ပဋ္ဌာန်လေးမျိုး အမှတ် ၅
(((၇)))(5))
၁၁=ဥာဏသမ္ပယုတ်
ဖြစ်ပွားရန်နှင့်
တိဟိတ်ဥက္ကဋ္ဌဖြစ်ရန်ကို
ဖော်ပြချက်
ရှေးက
ပြဆိုခဲ့ပြီးသော
ကုသိုလ်
အကုသိုလ် 
အဗျာကတ
ဟိတ်သုံးပါး
(ဝါ) အခြေခံ
အခြေအမြစ်
(ဝါ) အရင်ဆုံး
ဖြစ်သော
အစဆုံးဖြစ်သော
အကျိုးများကို
ဖြစ်စေသော
တရား
အကြောင်း
ပစ္စည်းတရား
ဖြစ်ကြရာ၌
ပစ္စယ    ပါဠိအစစ်
ပစ္စည်း   ပါဠိပျက်ဟုဆို
အကြောင်း
အရင်ဆုံး ဖြစ်သော  မြန်မာ
အယုတ်ဆုံးကံ ၊
ကံ၏အကျိုးကို
ယုံကြည်သိရှိ၍ ၊
ပြုလုပ်ပြောဆို
ကြံစည်ကြပါမူ
ဥာသမ္ပယုတ်
ဖြစ်ကြောင်း ၊
ဤသို့မျှမသိပါမူ
ဥာဏဝိပ္ပယုတ်
ဖြစ်ကြောင်းများကို
ထင်ရှားသိစေလို၍ -
ကမ္မဉ္စ ဖလဉ္စ
သဒ္ဓဟိတွာ ကတံ
သမ္ပဇာနကတံနာမ ။
ကမ္မံပိ ဖလံပိအဇာနိတွာ
ကတံ
အသမ္ပဇာန
ကတံနာမ ။
သမ္ပဇာနကရဏံပန
စတူဟိ ဥာဏ
သမ္ပယုတ္တေဟိ ။
အသံပဇာနကရနံ
စတူဟိ
ဥာဏ ဝိပ္ပယုတ္တေဟိ ။
           (အဋ္ဌသာလိနီ)
ကမ္မဉ္စ-
ကံကိုလည်းကောင်း ၊
ဖလဉ္စ-
ကံ၏အကျိုးကို
လည်းကောင်း
သဒ္ဓဟိတွာ-
ယုံကြည်၍
ကတံ -
ပြုခြင်းသည် ၊
သမ္ပဇာန-
ပညာဖြင့်ဆင်ခြင်မူ၍
ပြုခြင်းမည်၏ ။
ကမ္မံပိ -
ကံကိုလည်းကောင်း ၊
ဖလံပိ-အကျိုးကိုလည်းကောင်း ၊
အဇာနိတွာ -
မသိမူ၍ ၊
ကတံ -
ပြုခြင်းသည် ၊
အသံပဇာနကတံနာမ -
ပညာဖြင့်မဆင်ခြင်မူ၍
ပြုခြင်းမည်၏ ။
သမ္ပဇာနကရနံပန-
ပညာဖြင့်ဆင်ခြင်၍ ၊
ပြုခြင်းမည်သည်ကား ၊
စတူဟိ 
ဥာဏသမ္ပယုတ္တေဟိ -
သမ္ပယုတ်လေးပါး
တို့ကြောင့် ၊
ဟောတိ -
ဖြစ်၏ ။
အသမ္ပဇာနကရနံ - ပညာဖြင့်မဆင်ခြင်ဘဲ ၊
ပြုခြင်းသည် ၊
စတူဟိ 
ဥာဏဝိပ္ပယုတ္တေဟိ -
ဥာဏဝိပ္ပယုတ်လေးပါး
တို့ ကြောင့် ၊
ဟောတိ - ဖြစ်၏ ။
         ဆောင်ပုဒ်
(၁) အကျိုးနှင့်ကံ၊ 
သိသူမှန်၊
  ဖြစ်ရန်ဥာဏ       
သမ္ပယုတ္တ ။
(၂) အကျိုးနှင့်ကံ၊ 
မသိမှန်၊
ဖြစ်ရန်ဥာဏ      
ဝိပ္ပယုတ္တ ။ ဟု
အဋ္ဌသာဠိနီအဋ္ဌကထာ မိန့်မှာတော်မူတိုင်း
ဥာဏသမ္ပယုတ်
တိဟိတ်ကုသိုလ် ၊ 
တိဟိတ်အဗျာကတတို့
လက်ငင်း ဖြစ်ကြခြင်းကို
အသေအချာ
သိကြပါလေ ။
ထိုမှတပါး 
ဥာဏ်ဖြစ်ပွားရန်
အကြောင်းကံကို 
ပြုလိုကြပြန်မူ
မိမိတို့ ကိုယ်တိုင်
သူတပါးအား
တရားသဖြင့်
ဟောပြော ပြသ
ဆုံးမပဲ့ပြင်
သွန်သင် ပို့ချခြင်း ၊
အပြစ်မရှိသော
အသက်မွေးကြောင်း
ဖြစ်သော
အတတ်များ ၊ အမှုများ ၊
ပညာများကို 
သင်စေခြင်း ၊
ထိုထိုဓမ္မကထိကတို့အား
ပူဇော် သက္ကာရ ကိုပြု၍ 
တရားဓမ္မကို ဟောပြော ပို့ချ
ဆုံးမပဲ့ပြင် သွန်သင်
စေခြင်း ၊
ကုသိုလ်ပြုတိုင်းတို့မှာ
ပညာကြီးရပါလို၏
ဟု ဆုတောင်းခြင်း
စသည်တို့ ကိုပြုလုပ်
ကြက 
ပညာကြီးခြင်း၏ အကြောင်း ကောင်းမြတ်သော
ဥာဏသမ္ပယုတ် ကုသိုလ်ဖြစ်
ကြောင်းကို -
ယောဟိ ပရေသံ
ဓမ္မံ ဒေသေတိ ၊
အနဝိဇ္ဇာနိ သိပ္ပာယတန
ကမ္မာယတန
ယတနဝိဇ္ဇာဋ္ဌာနာနိ
သိက္ခာပေတိ ၊
ဓမ္မကထိကံ သက္ကာရံ
ကတွာဓမ္မံကထာပေတိ ၊
အာယတိံပညာဝါ
ဘဝိဿာမီတိ ပတ္ထနံ
ပဌပတွာ နာနပ္ပကာရံ
ဒါနံ ဒေတိ ၊
တဿ ဧဝရူပံ
ကမ္မံဥပနိဿာယ
ကုသလံ ဥပ္ပဇ္ဇမာနံ
ဥာဏသမ္ပယုတ္တံ
ဥပ္ပဇ္ဇတိ ။
  ဟိ -မှန်၏ ။
ယော - အကြင်ဓမ္မကထိ
စာချ စာသင်
စသောပုဂ္ဂိုလ်သည် ၊
ပရေသံ -
သူတပါးတို့အား ၊
ဓမ္မံ - တရားကို ၊
ဒေသေတိ -
ဟောပြောပြသ ဆုံးမ
ပဲ့ပြင် သွန်သင်ပို့ချ၏ ။
အနဝိဇ္ဇာနိ -
အပြစ်မရှိကုန်သော
၊သိပ္ပာယတန
ကမ္မာယတန ဝိဇ္ဇာဋ္ဌာနာနိ -
အသက်မွေးကြောင်း
ဖြစ်ကုန်သော
အတတ်
အမှု ပညာတို့ကို ၊
သိက္ခာပေတိ -
သင်စေတတ်၏ ။
ဓမ္မကထိကံ -
တရားဟောပုဂ္ဂိုလ်
စသည်ကို၊
သက္ကာရံ  -
ကောင်းစွာ ပြုအပ်သော
ပူဇော်သက္ကာရ
အရပ်ရပ်ကို ၊
ကတွာ
ပြု၍ ၊
ဓမ္မံ-
တရားကို၊
ကထာပေတိ-
ပြောဟောပို့ချ
ဆုံးမပဲ့ပြင် သွန်သင်
စေ၏ ၊
အာယတိံ-
နောင်အခါ၌ ၊
ပညာဝါ - ပညာရှိသောသူသည် ၊
ဘဝိဿာမိ -
ဖြစ်ရပါလို၏ ။
ဣတိ- ဤသို့ ၊
ပတ္ထနံ-တောင့်တခြင်းကို၊
ပဋ္ဌပတွာ-ဖြစ်စေ၍ ၊
နာနပ္ပကာရံ -
အထူးထူးအပြားပြား
များစွာသော၊
ဒါနံ-
အလှူကို၊
ဒေတိ-
ပေလှူ၏ ။
တဿ-
ထိုသူ၏ 
၊(ဝါ)
တဿ-
ထိုသူအား ၊
ဧဝရူပံ-
ဤသို့ သဘောရှိသော ၊
ကမ္မံ-
အမှုကို၊
ဥပနိဿာရ-
မှီ၍ ၊
ကုသလံ-
ကုသိုလ်သည် ၊
ဥပ္ပဇ္ဇမာနံ-
ဖြစ်သည်ရှိသော်၊
ဥာဏသမ္ပယုတ္တံ-
ဥာဏ်နှင့်ယှဉ်သော
ကုသိုသည် ၊
ဥပဇ္ဇတိ-
ဖြစ်၏ ။
ဆောင်ပုဒ်
ပြောဟောသင်စေ
ဟောကြာားစေနှင့်၊
တစ်ထွေဆုတောင်း ၊ ကြီးကြောင်းဥာဏ ၊
မှတ်ကုန်ကြ ။
ဟု 
အဋ္ဌသာလိနီ
အဋ္ဌကထာ
မိန့်မှာတော်မူတိုင်း ၊
ဥာဏသမ္ပယုတ်
ဖြစ်ကြောင်း
နည်းကောင်းနည်မြတ်
တို့ကို ရရှိမှတ်မိကြ၍ 
အရာရာတိုင်းတို့ မှာ
ဥာဏ်ကြီးကြောင်း
အလုပ်ကို
အားထုတ်ပြုလုပ်နှိုင်
ကြပါစေသတည်း
ဤကား တိဟိတ်
ကုသိုလ် အလုပ်ကို
အားထုတ်ရန်
အကျဉ်းချုပ်တည်း ။
****           ***
--*--*--*--     --*--*--
No comments:
Post a Comment