စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 25, 2015

ပဋ္ဌာန်းလေးမျိုး အမှတ်၁၂

(((၁၂)))((12)
အာရမ္မဏ ပစ္စည်း
တရားအစစ် သတ္တဝါတိုင်းမှာ ဖြစ်နေကြတာကို စာမတတ်သူပါ သိအောင်ဖေါ်ပြချက်

ဤစာပဋ္ဌာန်း ရွာပဋ္ဌာန်းအရတို့ ကို သူငါတို့  အတွင်းမှာ အချင်းခပ်သိမ်း များသောအားဖြင့် ဖြစ်ပျက်ရှိနေကြသော ငါပဋ္ဌာန်း အရကိုဘယ်ဟာမဆို မဟုတ်ဘူးမမှန်ဘူးဟု မငြင်းဆန်နှိုင်ကြအောင် ထင်ထင်ရှားရှားသိ နေကြသည်ကို ပြဆိုရပါမူ။ မျက်စိပေါက်ကတသက်လုံး မြင်သိ 
ဖြစ် နေ သမျှသော စိတ် စေတသိက် သဘောတရားတို့သည် မြင်စရာ အဆင်းအာရုံ အကြောင်း အာရမ္မဏ ပစ္စည်းရှိမှသာလျင် မြင် သိ လုံး ဖြစ်နှိုင်ကြသည်ကို မည်သည့် ဘာသာကမှ မငြင်းဆိုနှိုင်ကြ သည်လည်းတချက်။ နားပေါက်က တသက်လုံး ကြား သိဖြစ် နေကြသမျှသော စိတ် စေတသိက် သဘောတရား တို့သည် ကြားစရာ အသံ အာရုံ အကြောင်း အာရမ္မဏပစ္စည်း ရှိမှသာလျင် ကြားသိလုံး ဖြစ်နှ်ိုင်ကြသည်ကို မည်သည့် ဘာသာကမျှ မငြင်းဆိုနှိုင်ကြသည်လည်း တစ်ချက်။ နှာခေါင်းပေါက်က တသက်လုံး နံသိဖြစ်နေသမျှသော စိတ် စေတသိက် သဘောတရားတို့သည်  နံစရာ အနံ့ အာရုံ အကြောင်း အာရမ္မဏပစ္စည်း ရှိမှသာ နံသိလုံး ဖြစ်နှိုင်ကြသည်ကို မည်သည့်ဘာသာ ကမျှ မငြင်းဆိုနှိုင်ကြသည်လည်း တစ်ချက် ။ လျာပေါက်က တသက်လုံး လျက် သိဖြစ်နေသမျှသော စိတ် စေတသိက် သဘောတရားတို့ သည် လျက်စရာ အာရုံ အာရမ္မဏပစ္စည်း ရှိမှသာလျှက် သိလုံး လေး ဖြစ်နှိုင်ကြ သည်ကို မည်သည့် ဘာသာကမျှ မငြင်းဆိုနှိုင်ကြ သည်လည်း တစ်ချက် ။ ကိုယ်ပေါက်က တသက်လုံး ထိသိ ဖြစ်နေကြသော စိတ် စေတသိက် သဘောတရားတို့ သည် ထိစရာ အာရုံ အာရမ္မဏပစ္စည်း ရှိမှသာ ထိ သိ လုံး လေးဖြစ်နှိုင်ကြသည်ကို မည်သည့် ဘာသာကမျှ မငြင်းဆိုနှိုင်ကြ သည်လည်းတစ်ချက် ။

No comments:

Post a Comment