လူတစ်ဦး၏ နောင်ဘ၀တွင် ကြုံမည့်ကံကြမ္မာသည် သူယုံကြည်ကိုးကွယ်သော ဘာသာအယူဝါဒအပေါ်မှာ မတည်ပေ။ သူက ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်၊ သူကြုံတွေ့ရမည့်ကောင်းမှု၊ ဆိုးမှု၊ ဆင်းရဲမှု၊ ချမ်းသာမှုတို့သည် သူပြုမူခဲ့သော ကာယကံ၊ ၀စီကံ၊ မနောကံပေါ်မှာသာ မှီတည်သည်။
သူ ဘယ်ဘာသာကို ကိုးကွယ်သည်ဆိုတာက အရေးမကြီးပါ။ သူပြုမူခဲ့သော ယခုဘ၀ကောင်းမှုကံများအတွက် နောင်အနာဂတ်ဘ၀တွင် သူသည် အစွန်းအထင်းကင်းသော ကောင်းကျိုးချမ်းသာကို ခံစားရမည်သာဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုခံတဲ့လူတွေသာပဲ နောင်တမလွန်ဘ၀မှာ နတ်ပြည်သုဂတိကို ရောက်ရမည့်သူတွေရှိတယ်ဆိုတဲ့ အယူကို လုံးဝလက်မခံပါဘူး။ ဒါမျိုးကို မြတ်စွာဘုရားက ဘယ်အခါကမျှ ဟောတော်မူခြင်းမရှိပါဘူး။
ဗုဒ္ဓဘာသာအမြင်မှာ ဘယ်အယူဝါဒကိုပဲ ကိုးကွယ်သည်ဖြစ်စေ၊ သူ့ကြမ္မာဟာ သူပြုတဲ့ကုသိုလ်၊ အကုသိုလ်ကံတွေ ပေါ်မှာသာတည်ပြီး၊ ဒီဘ၀မှာရော၊ နောင်ဘ၀မှာပါ ကံသတ္တိတစ်ခုတည်းကသာ ကံပြုသူ၏ ကောင်းကြမ္မာ၊ ဆိုးကြမ္မာကို ပြုပြင် ဖန်တီးတာဖြစ်တယ်လို့ယူဆပါတယ်။ ဗုဒ္ဓဘာသာတရားတော်အရ ကမ္မနိယာမက လူ့လောကထဲမှာ မညီမမျှဖြစ်နေကြရတာ၊ ဆူကြုံနိမ့်မြင့်ဖြစ်နေကြရတာ ဘာကြောင့်လဲဆိုတာဖြေရှင်းဖို့အတွက် ဟောကြားတော်မူခြင်းဖြစ်ပါတယ်။
“ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက”
ဆန်းလွင်(ရှင်အာဒစ္စရံသီ)(၁၉၃၈-၂၀၀၂)
မူလရေးသူ>>>ဓမ္မပန်းခင်း
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
https://www.facebook.com/Dhamma Sarpay
No comments:
Post a Comment