စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 9, 2016

စစ်မှန်သောယုံကြည်မှု

" စစ်မှန်သော ယုံကြည်မှု့"
🍀🌺🍀🌺🍀🌺🍀🌺🍀

           'ကံနှင့် ကံ၏အကျိုး ကို ယုံကြည်၏။
ရတနာသုံးပါး ကိုယုံကြည်၏ ။ သံသရာကို
ယုံကြည်၏။  ထိုသို့ ယုံကြည်မှ 'သဒ္ဓါ' အစစ်
ဖြစ်၏ ။'
             ရှေးခေတ်အခါကဲ့သို့  နေကိုကိုးကွယ်
ခြင်း, လကိုကိုးကွယ်ခြင်း, ဂြိုလ် နက္ခတ်တို့ကို ကိုးကွယ်ခြင်း, တိရစ္ဆာန်များကို ကိုးကွယ်ခြင်း,
လိမ်ညာ စားသောက်သော  ဘိုးတော်အတု
အယောင်, ဆရာအလိမ်အညာ များကို ကိုး
ကွယ်ခြင်း, အပြောအဟောကောင်း ရုပ်ရည်
တင့်တယ်  ဆေးဝါးကုသမှု့ ကောင်းသော
ပျို ရွယ်သူများကို ကိုးကွယ်ခြင်း ကား  သဒ္ဓါ
အစစ်မဟုတ် ,ထုံဖျင်းသော မောဟအကုသိုလ်
ဖြစ်၏ ။တပ်မက်မှု့ , လောဘနှင့်  နွယ်သော
ကြည်ညို မှု့ ဖြစ်သည် ။

            သဒ္ဓါတရားဟူသည် ကုသိုလ်စေတသိက်
ဖြစ်သော်လည်း   'သဒ္ဓါလွန်လျှင် ..တဏှာကျွံ'
သည် ဟူသော စကားကိုလည်းသတိမူသင့်၏။
သဒ္ဓါတရားစစ်စစ် ဖြစ်ရန်' ဥာဏ်နှင့်သတိ' တွဲ
ဖက်ရန်လိုပါ၏။

            မည်သည့် အကြောင်းကိစ္စ ကို မဆို
သတိတရားလက်ကိုင်ထား၍ သူတော်ကောင်း
တရားတို့၌  မမေ့လျော့သောသတိ  မှန်ကန်
သော သဒ္ဓါတရား ဖြင့်  လျှောက်လှမ်း ကြ
ရမည်ဟု  မှတ်သားထားပါသည် 

သစ္စာရှင်[ မြတ်ဗုဒ္ဓ၏သာသနာ page ]
https://www.facebook.com/DhammaSarpay/

No comments:

Post a Comment