မြွေသာဆိုရင် ပေါက်ပြီတဲ့
သုံးကြတယ် မဟုတ်လား
စကားတော့ ကြမ်းတာပေါ့လေ
ဟုတ်တယ့့်
ငယ်စဉ်က လူကြီးမိဖတွေက
ချောင်တစ်ခုခုက ပစ္စည်းကို ရှာခိုင်းလိုက်လို့
ကိုယ်ကလည်း ပေါ့ရှန်းရှန်းနဲ့ တွေ့အောင်မရှာပဲ
ဝါစါကမာလောက်သာ ရှာပြီး
မတွေ့ပါဘူး အဖေအမေရယ်ဆိုရင်
မိဖလုပ်သူတို့က ဟိုမှာလေ့ မမြင်ဘူးလား
'' မြွေသာဆိုရင် ပေါက်ပြီ '' လို့ မြည်တွန်တောက်တီးကြတာပေါ့
နို့ ပစ္စည်းက ရှိနေတာလည်း အမှန်ပဲ
မရှိလို့လားဆိုတော့ ရှိတာလည်း ဧကန်
ဘာကြောင့်များ မတွေ့ပါသလည်းဆိုမှ
တွေ့အောင်လည်း မရှာ
မရှိလောက်ပါဘူးလို့လည်း ထင်
ရှာပြန်တော့လည်း ခိုင်းလို့သာ ရှာရ
စိတ်မပါ လက်မပါဆိုတော့ မတွေ့နိုင်ဘူးပေါ့
အေ့း့ ဒို့တွေ ငယ်ငယ်က ဖြစ်လေ့ ရှိကြပါတယ် ။
ဧကန်ရှိနေတဲ့ ပစ္စည်းတစ်ခုနေရာမှာမြွေတစ်ကောင်သာရှိလို့
မိမိပေါ့ဆမှုကြောင့် အပေါက်ခံရလို့ သေရင်လည်း
တစ်ဘဝစါပဲပေါ့ ။
ဟုတ်တယ့် ဒို့များ ဝိပဿနာကို အားထုတ်နေကြတာဟာ
ဝေဒနာနောက်က တဏှာမလိုက်အောင်
ဝိပဿနာမဂ်နဲ့ ဖြတ်နေကြရတာ့
ဒီလို မဟုတ်လားးးးးး
ဝိပဿနာမဂ်နဲ့ ဖြတ်တယ်ဆိုပေတဲ့လို့
သစ်သီးတစ်ခုကို ဒါးနဲ့ ဖြတ်သလို
ဖြတ်လို့ ရတာမျိုး မဟုတ်ပြန်ဘူးတဲ့
ပေါ်လာတဲ့ ဝေဒနာဆိုတာဟာ
ဒုက္ခဖြစ်ချင် ဖြစ်နိုင်သလို
သုခ, ဥပေက္ခာ, ဒေါမနဿ နဲ့ သောမနဿတွေလည်း
ဖြစ်နိုင်သေး မဟုတ်လားးးးးး
အေ့း့ ဒုက္ခတို့ ဒေါမနဿတို့ ပေါ်တုန်းတော့ ပျောက်ပါစေ ပျက်ပါစေ
လိုလားဆန္ဒရှိပြီး
သုခတို့ သောမနဿတို့ကျ မှိန်းနေချင်တယ်
ဥပေက္ခာဝေဒနာကျတော့ ပေါ်လို့ ပေါ်မှန်းမသိဘူးလို့
လုပ်လို့ မရဘူးနှော့့်
ဒါကြောင့်လည်း ဒို့များ
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက
'' ဘာလာလာ ဖြစ်ပျက်ရှု l ပေါ်ရာရှုလို့ မှာခဲ့တယ်
မဟုတ်လား ။
ဟုတ်တယ့့် သံသရာ ဝဋ်ဆင်းရဲကြီးကို
ရွံပါတယ်မုန်းပါတယ်ဆိုရင်
ဖြစ်ပျက်မြင်အောင် ရှုဖို့ သိပ်အရေးကြီးတာပေါ့
ဖြစ်ပျက်မြင်တော့
မလိုချင် မလိုချင်မှ
တဏှာဟာ ငါ့ကိုယ်ငါ့ဟာမှန်း သိသွားမှ
နောက်ဆုတ်တာမျိုးကိုး
အဲဒီ တဏှာနောက်ဆုတ်တယ်ဆိုတာဟာ
အားထုတ်နေခိုက် ဖြစ်ပျက်မြင်ခိုက်မှာ
တဏှာသေတယ် မဆိုနိုင်လား ။
ဒါကြောင့် ဒို့များ ဝိပဿနာအားထုတ်ခိုက်
သောတာပန်တည်ဖို့
တဏှာချုပ် ဥပါဒါန်ချုပ် ကံချုပ်ပြီး
လောင်စါသိမ်း မီးငြိမ်းရာ
( ဥပါဒါန်ချုပ်ရင် လောင်စါလည်းသိမ်းမီးလည်းငြိမ်း တာပါပဲ )
အသင်္ခတနိဗ္ဗာန်ကို မျက်မှောက်ပြုရေးဟာဖြစ်ပျက်မြင်ဖို့
သိပ်အရေး မကြီးပါလား ။
ဟုတ်တယ့့် ဒါကြောင့်လည်း
ဖြစ်ပျက်ကို တစ်ခါသာ မြင်ဘူးပါစေ့
အသက်တစ်ရာနေရတာထက် မြတ်တယ်လို့
ဆုံးမတော် မူကြတာပေါ့
အားတော့ ထုတ်နေပါရဲ့ ဖြစ်ပျက်မမြင်သေးဘူးဆိုရင်
လိုသေးတယ်လို့ မှတ်ရပါမယ်
ဖြစ်ပျက် မမြင်ပါဘူး ဆိုရအောင်လည်း
ဖြစ်ပျက်က မရှိလို့လာ့း့ အားထုတ်ပါမှ ပေါ်လာတာမျိုးလား
လို့လည်း အင်မတန် တွေးဖို့ ကောင်းပါတယ်နှော် ။
တကယ်တော့ မိတ်ဆွေတို့ရေ
ဖြစ်ပျက် ဖြစ်ပျက်ဆိုတဲ့ ဥပါဒ နဲ့ ဝယဟာ
ဟိုးးးးး အနမတဂ္ဂ သံသရာများစွာကတည်းက
ရှိပြီးသားက ဧကန် မဟုတ်လား
ဘုရား မပွင့်ခင်ကလည်း ရှိ
ဘုရားပွင့်လာတော့လည်း ဟောဖေါ်ညွှန်ပြတော်မူလို့
ဒို့များ သိခွင့် ရကြတာပေါ့ ။
အဲဒီတော့
စါးလည်း ဖြစ်ပျက် သွားလည်း ဖြစ်ပျက်
အားထုတ်နေလည်း ဖြစ်ပျက်
ယုတ်စွအဆုံး
ဘဝင်စိတ်နဲ့ အိပ်ပျော်နေတောင်မှ
ဖြစ်ပျက်နဲ့ တဖြစ်တည်းဖြစ် တပျက်ထဲပျက်နဲ့ ဒီဖြစ်ပျက်ဆိုတာကြီးကို
မိမိတို့ တစ်တွေ ဘာကြောင့်များ မတွေ့နိုင်ကြသလည်းဆိုရင်တော့
သတိရင်လည်း လိုလို့
သမာဓိရင်လည်း လိုသေးလို့
သဒ္ဓါရင်လည်း လိုနေလို့
ဝိရိယရင်လည်း လျော့နေလို့
ပညာရင်လည်း နည်းနေလို့
ဆရာရင်လည်း လိုသေးလို့
အားလုံးကြောင့်လည်း လိုသေးလို့
မမြင်ကြတာ ဖြစ်ပါတယ် ။
ဒီလောက် အရေးကြီးတဲ့ ဖြစ်ပျက်ကို
တစ်ခါလောက်မြင်ပြန်တော့လည်း
သံသရာစခန်းဖြင့် သိမ်းလုပေါ့လို့ ဝမ်းမြောက်ကြဖို့ပါပဲ ။
ကဲ့ ဈေးကဝယ်လာတဲ့ အာလူးကို ပန်းကန်စင်အောက်မှာ
ထားရာက သမီးငယ်က ရှာလို့ မတွေ့ရာကနေ
အဲဒီအဝါရောင် ကြွတ်ကြွတ်အိပ်ထဲမှာလေ့ ညွှန်ပြရင်း
မနောထဲကလည်း အင့်း့ မြွေသာဆို ပေါက်ပြီလို့ ပြောမိရာကနေ
တရားက တော်တော် ရှည်သွားပြီ
ကဲ့ တရားသိမ်းကြရအောင်
အမြဲရှိတဲ့ ပစ္စည်း တစ်ခုကို ရှာမတွေ့ပဲ အဲဒီပစ္စည်းနေရာမှာ
မြွေတစ်ကောင်သာရှိနေရင် အပေါက်ခံရလို့ တစ်ဘဝသာ သေရန်ရှိပေမယ့်
အခုလို သာဿနာနဲ့လည်း ကြုံ
ပါရမီတွေကလည်း ပြည့်
ထောင်တတ်တဲ့ နားလည်း အရှိသား
ဟောပြောတတ်ရာ ဆရာတော်သမားတော်တွေလည်း
မရှားပါးပါပဲနဲ့ မိမိပေါ့လျော့ညံ့ဖျင်းမှုကြောင့်
ဧကန်ရှိနေရာ ဖြစ်ပျက်ကိုမှ မြင်အောင် မရှုနိုင်ကြတော့ပါဘူးဆိုရင်တော့
မိမိတို့တစ်တွေဟာ တဏှာရေအလျင်ကြောမှ မျောချည်တစ်ခါ
မြုပ်ချည်တစ်လှည့်နဲ့သာ အဖန်ဖန် သေကြရဦးတော့မှာ
ဖြစ်ပါတော့တယ် ခင်ဗျာ ။
တရားကို ပေါင်းချုပ်လိုက်ရင်တော့ -
ဖြစ်ပျက်ဟာ ချောင်ထဲမှာ သိမ်းဆည်းထားရာပစ္စည်းနဲ့
အလားသဏ္ဍာန် တူပါတယ်
ပစ္စည်းကို ရှာမတွေ့သူဟာ ဖြစ်ပျက်မမြင်ရာ
မိမိတို့ ပုထုဇဉ်မိုက် ပမာပါ
စေ့စပ်သေချာအောင် မရှာဖွေမှုကတော့
သတိသီလသမာဓိပညာ နည်းပါးမှုတွေပေါ့
ဧကန်ရှိလေရာ ပစ္စည်းနေရာမှာ
မရှိတဲ့ မြွေသာ ပေါက်ရင် တခါသေရသလို
အရှိဖြစ်ပျက်ကို မရှိတဲ့ ခိုင်တယ်မြဲတယ်လို့
တဏှာမြွေ လှည်းစါးပေါက်သတ်မှုနဲ့ ဆင်တူတာကြောင့်
ပုထုဇဉ်မိုက်တို့မှာဖြင့် အိုနာသေမွဲကွဲတို့နဲ့သာ
အဖန်ဖန်ကြုံတွေ့ ခံစါးနေကြရမှာ ဖြစ်ပါတော့တယ်တဲ့ ခင်ဗျာ ။
ဖြစ်ပျက်ကို •••
မြင်
မုန်း
ဆုံးနိုင်ကြပါစေ ။
ဆန္ဒမွန်ဖြင့်
ကျော်လွင်ခိုင် ( မိုးကုတ်ယောဂီ )
# Kyaw Lwin Khaing
No comments:
Post a Comment