စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 6, 2016

အမေ့မျက်ဝန်းမှာတွဲခိုနေသလား

အမေ့မျက်ဝန်းမှာများ တွဲခိုနေသလား
--------------------------------

မိဘတွေဟာ သားသမီးတွေအပေါ်ကို
အသက်ကြီးလေ အားကိုးလေ တဲ့။

အသက်ကြီးလို့ သားသမီးတွေကို မှီခိုနေရတဲ့
မိဘတွေရဲ့ မျက်ဝန်းထဲမှာ...

သားတို့ သမီးတို့ ရယ်
အမေတို့ အဖေတို့ အားကိုးရာမဲ့နေလို့ 
တလှည့်ပြန်ပြီး လုပ်ကွှေးကြပါဦး ဆိုတဲ့
အဓိပ္ပါယ်ထွက်တဲ့ မျက်ဝန်းတွေကို ရှာကြည့်ကြစမ်းပါ တွေ့ ပါလိမ့်မယ်။

အိမ်ထောင်သည် သားသမီးတွေဟာလည်း
ကိုယ့်ယောက်ျား ကိုယ့်မိန်းမက
မြှောက်ထိုးပင့်ကော်ပြောလို့  မိဘကို
မကျေနပ်ကြတဲ့ သားသမီးတွေကလည်း
မိဘတွေရဲ့မျက်ဝန်းမှာ...

အမေတို့ အဖေတို့  မပြောရပါဘူးကွာ
ဆိုတဲ့ မျက်ဝန်းမျိုး တွေကို ရှာကြည့်စမ်းပါ
တွေ့ ရပါလိမ့်မယ်။

အသက်ကြီးလာလို့
ခန္ဓာကိုယ်က အချဉ် အငံ အစပ် ကို
တောင်းဆိုတဲ့အခါမှာ အမေတို့ အဖေတို့ 
စားမလားလို့ မေးရင် မစားတော့ဘူးလို့ 
အားနာလို့ ပြောပေမဲ့ သူတို့ ဟာ
တကယ်တမ်းကျတော
စားချင်နေကြတာပါ။

လိမ်ပြောလား မပြောလားဆိုတာကို
ကြည့်ကြစမ်းပါ။ သူတို့ တွေရဲ့မျက်ဝန်းမှာ
မုသာဝါဒ တွေတွဲခိုနေတာကို တွေ့ ရပါလိမ့်မယ်။

အသက်ကြီးလာလို့  ငယ်မူပြန်တဲ့အခါ
နေရာတကာ ပါတာတွေ...
ထပ်ခါတလဲလဲပြောတာတွေ ဖြစ်လာတဲ့အခါ
သားတို့ သမီးတို့ ရယ် အမေတို့ အဖေတို့ က
သဘာဝတရားကြောင့်ပါ မငြုငြင်ကြပါနဲ့ ဆိုတဲ့
မျက်ဝန်းတွေကို ရှာကြည့်ကြစမ်းပါ။
တွေ့ ရပါလိမ့်မယ်။

မိဘမရှိတော့တဲ့ သားသမီးတွေဟာလည်း-
(ဘုရားရှင်ဟောထားခဲ့တဲ့
မျှော်လင့်ခြင်းငါးမျိုးထဲမှာ ငါတို့်
ကွယ်လွန်သွားတဲ့အခါ သားသမီးများသည်
ငါတို့ အား အလှု၏အဖို့ ကို
ပေးဝေကြလိမ့်မည်လို့ ဟောထားခဲ့ပါတယ်)

- ကိုယ်ရဲ့မိဘတွေဟာ ငါတို့ကိုလည်း
ကုသိုလ်အမျှအတမ်း ပေးကြပါဦး
သားတို့ သမီးတို့ရယ် လို့....
အော်ပြောနေကြတယ် တဲ့
သေသေချာချာ နားထောင်ကြည့်ပါ။
ကြားရပါလိမ့်မယ်။

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

“ ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့”
•••••••••••••••••••

ငါတို့အိုမင်းသွားတဲ့အခါ “ ကူညီထောက်ပံ့ ” တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့ မင်းတို့ငယ်ငယ်တုန်းက ငါတို့သုံးနှုန်း ခဲ့တာ “ ကျွေးမွေးပြုစု ” တယ်ဆိုတဲ့စကားလုံးပါ ။ ငါတို့ဟာ သားသမီးတွေ ရဲ့ ထောက်ပံ့မှုနဲ့ရပ် တည်ချင် တဲ့သူတွေမဟုတ် ၊ သားမီးတွေကိုသာ လိုအပ်တဲ့အရာမှန် သမျှ ထောက်ပံ ကူညီပေးချင်နေသူတွေပါ ။

ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင်း ငါတို့က “ လိုအပ်ချက် ” လို့ မမြင် ပဲ “ အကောင်းအတိုင်း ” မြင်ပြီး လက်ခံခဲ့ယုံသာမက အရာ ရာချောမွေ့အောင်ဖြည့် ဆည်းပေးခဲ့ကြတာပါ ။

ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်း ကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ် သင်ပေးခဲ့ကြတာပါ ။

ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက် တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခိုင်အောင် ငါတို့ ပြုစု ထိမ်းကျောင်းခဲ့ကြတာပါ ။

ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသ မီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေ စက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ် ။

ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့ မင်းတို့ မကဲ့ရဲ့ပါနဲ့ ။ မင်းတို့ကို သင်ပေးခဲ့တဲ့ လူ့ဘ၀ သင်ခန်းစာတွေ က ခေတ်ပေါ်အသုံးအဆောင်တွေထက် ပို ခေတ်မှီပါတယ် ။ အဲဒါကို “ လောကနီတိ ” လို့ခေါ်တယ် ။

ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့ က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတယ် ။

ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ “ ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် ” ဆိုတဲ့ အတွေးမျိုးမ၀င် ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန် သဘော မျိုးမဟုတ်ဘူး ။

ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေ ရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်းမြေ့မှုပါပဲ ။

ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေ တဲ့အချိန်လေးမှာ ခိုးခိုးနမ်းရတာလည်း ငါတို့ မိဘတွေရဲ့ အကြည်နူးရ ဆုံးအချိန်အ ခိုက်အတန့် လေးတွေပါပဲ ။

မဟာသီဟသူရ ဗလမင်းထင်

No comments:

Post a Comment