ပရိတ်ရွတ်ဖတ်ပူဇော်ရာ၌ ပါရမီဆယ်ပါး ဖြစ်ပုံ᠌᠌᠌
🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀
၁။ ဒါနပါရမီသည် ᠌᠌᠌ မိမိပိုင်ပစ္စည်းကို သူတစ်ပါးအား ပေးကမ်းခြင်းဖြစ်သည်။ ထို့အတူ ပရိတ်ရွတ်တိုင်း နတ်ဒေဝါများနှင့် နာကြားသူများကို ပင့်ဖိတ်၍ နာကြားစေသဖြင့် ဒါနပါရမီဖြစ်ပါသည်။ ᠌᠌᠌
၂။ သီလဟူသည် ᠌᠌᠌ စောင့်ထိမ်းရမည့် အကျင့်ဖြစ်ပေသည်။ ပရိတ်မရွတ်မီ သီလဆောက်တည်ကြရသဖြင့် သီလပါရမီလည်း မည်ပါပေသည်။ ᠌᠌᠌
၃။ နိက္ခမ္မပါရမီသည် ᠌᠌᠌ စည်းစိမ်ကိုစွန့်၍ တောထွက်ခြင်းဖြစ်သည်။ ပရိတ်ရွတ်ဖတ်နေစဉ် ကာမဂုဏ်စွဲလမ်းမှုတို့ ကင်းသဖြင့် နိက္ခမ္မပါရမီမည်ပါသည်။ ᠌᠌᠌
၎။ ပညာပါရမီဟူသည် ᠌᠌᠌ အပြစ်ကင်းသည့် ပညာကို သင်ယူပို့ချခြင်းဖြစ်သည်။ ပရိတ်တော်လာ အနက်၊ အကျိုး၊ အာနိသင်တို့ကို မေးမြန်းဆွေးနွေးသဖြင့် ပညာပါရမီဖြစ်ပါသည်။ ᠌᠌᠌
၅။ ဝီရိယပါရမီသည် ᠌᠌᠌ ထက်သန်သော လုံ့လဖြင့် သတ္တဝါတို့အကျိုးကို သယ်ပိုးခြင်းဖြစ်သည်။ ပရိတ်ရွတ်နေချိန်တွင် လုံ့လပြု၍ပျင်းရိခြင်းကို ပယ်ဖျောက်သဖြင့် ဝီရိယပါရမီဖြစ်ပါသည်။ ᠌᠌᠌
၆။ ခန္တီပါရမီဟူသည် ᠌᠌᠌ သည်းခံခြင်းဖြစ်သည်။ ပရိတ်ရွတ်ရာတွင် ဖြစ်ပေါ်လာသော ဝေဒနာတို့ကို သည်းခံ၍ ရွတ်ဖတ်ရသဖြင့် ခန္တီပါရမီလည်းဖြစ်သည်။ ᠌᠌᠌
၇။ သစ္စာပါရမီသည် ᠌᠌᠌ မှန်ကန်ဖြောင့်မတ်ခြင်းဖြစ်သည်။ ပရိတ်တရားတော် ရွတ်ဖတ်ခြင်းသည် မှန်ကန်သော ဒေသနာဖြစ်သဖြင့် သစ္စာပါရမီမည်ပါသည်။ ᠌᠌᠌
၈။ အဓိဋ္ဌာန်ပါရမီသည် ᠌᠌᠌ ကောင်းသောအလုပ်ကို မဖြစ်မနေလုပ်ခြင်းဖြစ်သည်။ ထို့အတူ နေ့စဉ်နေ့တိုင်း ဝတ်ထား၍ ပရိတ်ရွတ်ဖတ်ခြင်းသည်လည်း အဓိဋ္ဌာန်ပါရမီ ဖြစ်စေပါသည်။᠌᠌᠌
၉။ မေတ္တာပါရမီသည် ᠌᠌᠌ သတ္တဝါတို့ကို သနားချစ်ခင်ခြင်းဖြစ်သည်။ ပရိတ်ရွတ်ရာတွင် မေတ္တာတရား ရှေ့ထား၍ ရွတ်ဖတ်ရခြင်းကြောင့် မေတ္တာပါရမီမည်ပါသည်။ ᠌᠌᠌
၁၀။ ဥပေက္ခာပါရမီသည် ᠌᠌᠌ လျစ်လျူရှုခြင်း ဖြစ်သည်။ ပရိတ်ရွတ်ရာတွင် ယုံကြည်- မယုံကြည်၊ ချီးမွမ်း- ကဲ့ရဲ့ခြင်းတို့ကို လျစ်လျူရှုနိုင်သဖြင့် ဥပေက္ခာပါရမီမည်ပါပေသည်။ ᠌᠌᠌
ဤသို့အာရုံပြုလျက် ရွတ်ဖတ်ကြရန်ဖြစ်ပါသည်။ ᠌᠌᠌
https://www.facebook.com/DhammaSarpay/
မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page ဓမ္မ စာပေရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ ဓမ္မဒါနကုသိုလ်ပြုပါသည်။
သူတော်ကောင်းများအားလုံး ပါရမီဆယ်ပါး အကျင့်မြတ်တရားများ ကျင့်ကြံကြိုးစား အားထုတ်နိုင်ကြပါစေ။
No comments:
Post a Comment