သံသရာစက်ကြီး ပြတ်ချင်ရင်
🔺🔺🔺🔺🔺🔺🔺🔺🔺
သံသရာစက်ကြီး ပြတ်ချင်ကြရင်, သံသရာဝဋ်မှ လွတ်ချင်ကြရင် မိမိကိုယ်လဲ မချစ်ကြနဲ့၊ သူတစ်ပါးကိုလဲ မချစ်ကြနဲ့၊ချစ်ရင် ငါးပေါက်မှားပြီး ငါးပါးမှောက်လိမ့်မယ်။
ငါးပေါက်ဆိုတာ ကာယတံခါး တစ်ပေါက်၊ စက္ခုတံခါး
တစ်ပေါက်၊ သောတတံခါး တစ်ပေါက်၊ ဃာနတံခါး
တစ်ပေါက်၊ ဇီဝှါတံခါး တစ်ပေါက်၊ အဲ့ဒါ ငါးပေါက်ပဲ။
ဒီ ငါးပေါက်ထဲမှာ ကာယတံခါးပေါက်သည်
စက္ခုတံခါးစသော တံခါးလေးပေါက်တို့အတွက် ဝိပဿနာရှုရာတွင် ယောဂီပုဂ္ဂိုလ်၏ဉာဏ်တွင် ထင်လွယ် မြင်လွယ်သည်။ သမာဓိရလွယ်သည်၊ နာမရူပပရိစ္ဆေဒဉာဏ်ကို
ရင့်သန်စေသည်။
ထို့ကြောင့် ကာယတံခါးပေါက်က စောင့်ပြီး သံသရာစက်ကြီးကို ဖြတ်ရတယ်။
ဘယ်လိုဖြတ်ရသလဲဆိုတော့ ခန္ဓာပေါ်မှာ သမာဓိတရားကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာကို သတိနှင့် လိုက်ပြီးသုံးသပ်ရတယ်၊။
သုံးသပ်တော့ ဖဿ ဖြစ်လာတယ်။
ဖဿဖြစ်တော့ ဝေဒနာ ဖြစ်လာတာပဲ၊ ဝေဒနာ ဖြစ်လာရင်တဏှာ ဥပါဒါန် စသည် မဖြစ်ရအောင် သတိနှင့်ကပ်၍ရှုရပါတယ်။ ကပ်၍ ရှုလိုက်တဲ့အခါ ဝေဒနာပညာ ဖြစ်လာပြီးတစ်ခါတည်း ဥဒယဗ္ဗယဉာဏ် ရင့်သန်လာတော့တာပဲ။
ထိုဉာဏ်ရင့်သန်လာပြီဆိုရင် သင်္ခါရုပေက္ခဉာဏ်ထိ
တက်လာပါတယ်၊ ထိုနောက် ပရိကံ, ဥပစာ, အနုလုံခေါ်သည့် စိတ်သုံးပါးက ကိလေသာတရား စင်သွားအောင်လုပ်လိုက်တော့ ဂေါတြဘူတ နိဗ္ဗာန်သို့ ညွတ်ပြီ၊ထိုနိဗ္ဗာန်ကို အမှီသဟဲပြုကာ မဂ်က သံသရာဝဋ်ထဲကမထွက်ချင်တဲ့ တဏှာစသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်လိုက်တဲ့အခါ နိဗ္ဗာန်သို့ဆိုက်ပြီး သံသရာစက်ကြီး
ပြတ်သွားတာပါပဲ။
သောတာပန်က အပါယ်သံသရာမှ ပြတ်တယ်၊
သကဒါဂါမ်က ကာမဘုံ တစိတ်တစ်ဒေသ သံသရာမှ
ပြတ်တယ်၊ အနာဂါမ်က အလုံးစုံသော ကာမဘုံ သံသရာမှပြတ်တယ်၊ ရဟန္တာက အလုံးစုံသော သုံးဆယ့်တစ်ဘုံမှပြတ်တယ်လို့ ဘုရားရှင်က ဟောတော်မူပါတယ်။
🙏🏻ကျေးဇူးတော်ရှင် စွန်းလွန်းဂူ ဆရာတော်ဘုရားကြီး🙏 🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻
Credit to original writer.
No comments:
Post a Comment