စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Friday, July 31, 2015
**လှူခြင်းအင်္ဂါအဖြာဖြာ **
   လှူခြင်းအင်္ဂါအဖြာဖြာ
°°°°°°°°°°°°°°°°°°°°°
၁.. သဒ္ဓါယဒါနံ​ဒေတိ
၂.. သက္ကစ္စံဒါနံ​ဒေတိ
၃.. ကာ​လေနဒါနံ​ဒေတိ
၎.. အနုဂ္ဂဟ စိ​တ္တောဒါနံ​ဒေတိ
၅.. အတ္တာနဉ္စ ပရဉ္စ အနုပတစ္စ ဒါနံ​ဒေတိ ဟူ၍ ငါးမျိုးရှိ၏..။
(၁ ) သဒ္ဓါယဒါနံ​ဒေတိ
       ```````````````````````` 
        သဒ္ဓါယ .. ​ကောင်းတာလုပ်​ရင်​ ​ကောင်းကျိုး ရကို ရမယ်​.. ။  မ​ကောင်းတာလုပ်​ရင်​ မ​ကောင်းကျိုးကို ဖြစ်​​ကို ဖြစ်​မယ်​ ဆိုတဲ့ ..
ကံ.. ကံ၏အကျိုးကို ယုံကြည်​​သော သဒ္ဓါတရားနှင့်​.. (ဝါ ) ဘုရား တရား သံဃာရတနာ သုံးပါးအ​ပေါင်းကို ကြည်​ညို ယုံကြည်​​သော သဒ္ဓါတရားနှင့်​..
          ဒါန.. အလှူဒါနကို.
   ဒါ​ကြောင့်​ အကျိုး ​ပေးကို ​ပေးရမယ်​ ဆိုတဲ့ ယုံကြည်​မှုသဒ္ဓါတရားနှင့်​ ​ပေးလှူရပါတယ်​။
( ၂ )  သက္ကစ္စံ ဒါနံ ​ဒေတိ
        ````````````````````````````  
သက္ကစ္စံ..   ရို​သေစွာ.. ​လေးမြတ်​စွာ..
ဒါနံ ..        အလှူဒါနကို
ဒေတိ ..    ပေးရ၏။
                ရိုရို​သေ​သေ ​ပေးလှူရပါမယ်​။ ပစ်​ချတာ.. ပစ်​ကြဲတာတို့ ကုသိုလ်​ရ​ပေမယ့်​ အင်္ဂါမ​မြောက်​ပါဘူး..။
                တစ်​နည်းအားဖြင့်​ အကျိုး​ပေးတယ်​.. အကျိုးမများတဲ့အတွက်​ ဖြစ်​သလို မလုပ်​သင့်​​ပေ။
                လှူမယ်​ဆိုရင်​ ကြီးကြီးငယ်​ငယ်​ ရွယ်​ရွယ်​လတ်​လတ်​ မြတ်​သည်ဖြစ်​​စေ.. ယုတ်​သည်​ဖြစ်​​စေ ရိုရို​သေ​သေလှူရမည်​..။
( ၃ ) ကာ​လေနဒါနံ​ဒေတိ..
        ´´´´´´´´´´´´´´
ကာ​လေန.. အခါအား​လျော်​စွာ.
ဒါနံ      ​    .. အလှူဒါနကို
ဒေတိ       .. ​ပေးလှူ၏။
** ဒီ​နေရာမှာ ကာလဆိုတာ အချိန်​ကာလ တစ်​ခုထဲကို ဆိုလိုတာ မဟုတ်​ပါဘူး..။
    အလှူခံပုဂ္ဂိုလ်​က လိုအပ်​​နေတဲ့ ပစ္စည်း ဝတ္ထုကို လိုအပ်​သလို အခါအား​လျော်​စွာ ​ပေးလှူရပါမယ်​။
      ဥပမာ.. အလှူခံပုဂ္ဂိုလ်​က အ​အေးကိုလိုအပ်​တဲ့အခါမှာ အပူကိုလှူ​တော့ ကုသိုလ်​ရ​ပေမယ့်​ အလှူခံပုဂ္ဂိုလ် မှာ​တော့ စိတ်​မချမ်းမသာ သုံး​ဆောင်​လိုက်​ရတဲ့အတွက်​ ဒါကို သိလိုက်​တဲ့ အလှူရှင်​က​ရော စိတ်​ချမ်းသာနိုင်​မှာ မဟုတ်​ပါဘူး..။
    စိတ်​မချမ်းမသာ ဖြစ်​ရတဲ့ အလှူက​ရော မွန်​မြတ်​တဲ့ အလှူ ဖြစ်​ပါ့မလား...။
   ဒွိဟစိတ်​​တွေ ... သံသယစိတ်​​တွေ နဲ့ ပထမအင်္ဂါ .. တတိယအင်္ဂါ ချို့တဲ့တဲ့ အတွက်​ အကျိုးမများနိုင်​ပါဘူး..။
      အလှူခံပုဂ္ဂိုလ်​က သင်္ကန်း စာအုပ်​လိုတာသိလို့ သင်္ကန်း စာအုပ်​ လှူလိုက်​​တော့ အလှူခံပုဂ္ဂိုလ်ကလည်း ဝမ်း​မြောက်​ဝမ်းသာနဲ့ သုံး​ဆောင်​တယ်​..။
     ဒါကိုမြင်​တဲ့ အလှူရှင်​ကလည်း ကြည်​နူးစွာနဲ့ အလှူဒါနရဲ့ စစ်​မှန်​တဲ့ ပီတိကိုရမှာပါ။
ဒါ​ကြောင့်​ လိုအပ်​တာကို လိုအပ်​တဲ့အချိန်​မှာ လှူဒါန်းပါ..။
( ၄ ) အနုဂ္ဂဟစိ​တ္တော ဒါနံ ​ဒေတိ
      ````````````````````````````````````````
အနုဂ္ဂဟစိ​တ္တော..  ကျွတ်​လွတ်​​သောစိတ်​ဖြင့်
ဒါနံ  ..... အလှူဒါနကို
ဒေတိ.... ​ပေးလှူရ၏။
    ကျွတ်​ကျွတ်​ လွတ်​လွတ်​ လှူပါ.။
    ကြိုးတန်းလန်းနဲ့ မလှူပါနဲ့..။
ဆိုလိုတာက.. နိုင်​တဲ့ ဝန်​ ထမ်းပြီး နိုင်​သ​လောက်​ လှူပါ..။
လှူနိုင်​​အောင်​လဲ ကြိုးစားပါ။  မနိုင်​ဝန်​ မထမ်းပါနဲ့..။
    ကိုယ့်​မှာရှိတာက ​ထောင်​ဂဏာန်း.. ​သောင်းဂဏာန်းပဲ ရှိတာ ... သိန်းဂဏာန်းလှူတယ်​ဆို​တော့ ​ကြွေးမြီတင်​တယ်​..။   အဲ့ဒီ​ကြွေးမြီ​ကြောင့်​ စိတ်​မချမ်းသာစရာ​တွေ ရနိုင်​သလို ​နောင်​တလည်း ရနိုင်​ပါတယ်​။
    ငါ ဒီ​လောက်​​လေး လှူလိုက်​ရရင်​ အ​ကောင်းသားဆိုတာမျိုး..။    ငါ့မှာဘာလုပ်​စရာ ရှိ​သေးတယ်​.. ​မေ့သွားလို့ ပြန်​​တောင်းလို့လဲမရဘူးဆိုတာမျိုး..။ 
     ငါအကုန်​လှူလိုက်​​တော့ ​ရှေ့​လျောက်​ အဆင်​​ပြေပါ့မလား ဆိုတာမျိုး.. ကိုယ်​လှူတဲ့ ဝတ္ထုပစ္စည်း အ​ပေါ်မှာ သံ​ယောဇဉ်​ တွယ်​​နေရင်​ လှူရကျိုးမနပ်​နိုင်​​တော့ပါဘူး..။
     ဒါ​ကြောင့်​ ကိုယ်​နိုင်​သ​လောက်​ စိတ်​သန့်​သန့်​နဲ့ လွတ်​လွတ်​ကျွတ်​ကျွတ်​ လှူရမယ်​လို့ မြတ်​​ဗုဒ္ဓက မိန့်​ထားခဲ့ပါတယ်​..။
( ၅ ) အတ္တာနဉ္စ ပရဉ္စ အနုပတစ္စ ဒါနံ ​ဒေတိ
        ````````````````````````````````````````````````````
ဘိက္ခ​ဝေ.. ရဟန်း​တော်​များ  ၊ အိုချစ်​သားတို့
အတ္တာနဉ္စ..   မိမိကိုယ်​ကိုယ်​ ချီး​မြှောက်​ ပလွှားခြင်းသည်​ ၄င်း..
ပရဉ္စ.       ..    သူတစ်​ပါးကို ကဲ့ရဲ့ရှု့တ်​ချခြင်းသည်​ ၄င်း..
အနုပတစ္စ..     ချီး​မြှောက်​ ရှုတ်​ချ တစ်​ခုမှ မပြုမူ၍
ဒါနံ..                အလှူဒါနကို
ဒေတိ      ..       ​ပေးလှူရ၏..။
ဥပမာဆိုရ​သော်​...
      " ငါက​တော့ သူလိုမဖြစ်​​အောင်​ အ​ကောင်းဆုံး လှူတာ.. """ လို့ ဂုဏ်​ပြိုင်​ ပကာသနပြိုင်​.. အလှပြိုင်​.. ​ကျောင်းပြိုင်​   ဆရာ​ကောင်းပြိုင်​..
ထိုသို့ပြိုင်​ခြင်းတွေမလုပ်​ပဲ
#နည်းများမဟူ ​ပေးလှူစွန့်​ချ ဒါနမည်​သည်​ကား #မြတ်​​သောပါရမီ အလုပ်​တစ်​ခုပင်​ ဖြစ်​သည်​ဟူ​သော စိတ်​ထားဖြင့်​ လှူ​သော ဒါနမျိုးကို ဆိုလိုပါသည်​..။
★ ★မြတ်​​သောပါရမီ ဒါနများဖြင့်​ လှူဒါန်းသူများဖြစ်​ကြပါ​စေ​သော်​..
Thursday, July 30, 2015
အရှုံးဘဝ
အရှုံးဘဝ
~~~~~~~
ဒုက္ခ ဒုက္ခ နှုတ်ကဆိုတာ
ပြုပြုသမျှ လောကတွက်သာ
မိမိကိုယ်ကျိုးတစ်မတ်ဖိုးမပါ
လူဖြစ်ရ ရှုံးလှ ဘဝတာ။
သစ္စာ မသိသူ
~~~~~~~~~~
မသိတာလိုချင် လိုချင်တော့စွဲလန်း
စွဲလန်းတော့ပြုလုပ် ပြုလုပ်နော့ရရှိ
ရရှိ၍ သေသော် မသာပေါ်။
သစ္စာ သိသူ
~~~~~~~~~
သိတော့ မလိုချင် မလိုချင်တော့မစွဲလန်း
မစွဲလန်းတော့ မလုပ် မလုပ်တော့ငြိမ်း
ခန္ဓာသိမ်း၏။
မလွတ်​တန်​ရာဝဋ်​ကြမ္မာ
ဆိတ်တစ်ကောင်အကြောင်း..
>°<>°<>°<>°<>°>°<>°<
    အတိတ်က ဗာရာဏသီပြည်မှာ ဒိသာပါမောက္ခဆရာကြီးတစ်ဦး ရှိတယ်..... သူက တစ်နေ့ ဆွမ်းသွပ်ဖို့ ဆိုပြီး ဆိတ်တစ်ကောင်ကို ရှာထားတယ်။
    #အဲ့ဒီဆိတ်ဟာဘ၀ကိုပြန်သိတဲ့ဥာဏ် ရတော့ ... #ငါတော့ဒီနေ့အသတ်ခံရတဲ့ဒုက္ခမှလွတ်မြောက်တော့မယ်.. လို့.သိပြီး ရယ်တယ်။
   ပြီးတော့ တစ်ခါ #အင်းဒီပုဏ္ဏားတော့ငါ့သတ်ပြီးရင်ငါရတဲ့ဒုက္ခမျိုးရဦးမှာပဲ... ဆိုပြီး ပုဏ္ဏားအပေါ် သနားဂရုဏာနဲ့ ငိုသတဲ့ ။
    အဲ့ဒီလို .. ရယ်လိုက် ငိုလိုက် ဖြစ်နေတဲ့ ဆိတ်ကို ပုဏ္ဏား က မေးသတဲ့..
ထိုအခါ ..ဆိတ်က.. ..** အကျွန်ုပ်သည် ရှေးက သင်ပုဏ္ဏားကြီးလိုပဲ ဆွမ်းသွပ်ဖို့ ဆိုပြီး ဆိတ်တစ်ကောင် သတ် လှူခဲ့ပါတယ် ။ .... အကျွန်ုပ်ဟာ ဆိတ်တစ်ကောင်ကို လည်လှီးပြီးသတ်ခဲ့တဲ့ အတွက် ၄၉၉ ဘ၀ လည်လှီး အသတ်ခံခဲ့ရပြီးပါပြီ .။    ......    ယခုဘ၀ဟာ ဘ၀ငါးရာပြည့်မယ့်ဘ၀ပါ..။    ဒီနေ့လည်လှီး သတ်ခံရပြီးရင် အကျွန်ုပ် ဒုက္ခ မှလွတ်ပါပြီ..။     အဲ့ဒီအတွက် ၀မ်းသာမိ၍ ရယ်ပါတယ်  ။
    ငိုရခြင်းမှာ အကျွန်ုပ် လည်လှီးသတ်မိတဲ့အတွက် ဘ၀ပေါင်း ၅၀၀ ဒုက္ခပြန်ခံခဲ့ရသလို..  ယခု အသင်ပုဏ္ဏားကြီးသည်လည်း လည်လှီး သတ်မည်ဖြစ်၍ ငါ့လို ဒုက္ခမျိုး အသင်ပုဏ္ဏားကြီး လည်း ပြန်ခံရမည် ကို သနားမေတ္တာ ကရုဏာဖြစ်မိ၍ ငိုရခြင်းဖြစ်တယ်.....
လို့ ပြန်ဖြေတယ်..
ထိုအခု ပုဏ္ဏားကြီးက #မကြောက်နဲ့ သင့်ကို ငါမသတ်ဘူး... လို့ပြောတယ်။
   အဲ့ဒီလိုပြောတော့ ဆိတ်က ** ပုဏ္ဏားကြီး .. သင်သတ်သည် ဖြစ်စေ.. မသတ်သည်ဖြစ်စေ.. ယနေ့ အကျွန်ုပ် သေဘေးမှ မလွတ်တော့ပါ..   ဟု ပြန်ပြောလေတယ်။
   ဒီတော့ ပုဏ္ဏားကြီးက ** မကြောက်နဲ့ သင့်ကိုငါ စောင့်ရှောက်မယ်..  .  ... ဆိုပြီး .. ဆိတ်နဲ့အတူ ဆိတ်ကျောင်းလေသည်..။
    အဲ့ဒီအခါ ဆိတ်က သင့်ရဲ့အစောင့်အရှောက်က နည်းလှပါတယ်..။    အကျွန်ုပ် ပြုထားတဲ့ အကုသိုလ် ကံကများလှပေတယ်.. ...
....
   အဲ့ဒီလိုပြောတော့ ပုဏ္ဏားကြီးက ဆိတ်ကိုလွှတ်ပြီးတော့ .. ဆိတ်ကျောင်းလေသည်....
   ပုဏ္ဏားကြီးလက်ကလွတ်တယ်ဆိုရင်ပဲ  ဆိတ်ဟာ ကျောက်ဖျာကိုမှီ ပေါက်နေတဲ့ ချုံ ကို ဦးခေါင်းမော့ပြီး စားဖို့ ကြိုးစားနေတုန်း.. မိုးကြိုး ပစ်ချလိုက်တယ်... ကျောက်လွှာပဲ့ပြီး ဆိတ်လည်ပင်း ပြတ် လေသတဲ့  ... ..
  ထိုဆိတ်ပြုထားခဲ့တဲ့ အကုသိုလ် ကံရဲ့. မကောင်းကျိုး ပေးပုံလေးပေါ့..
ဒါကြောင့် လှံထမ်းလာတာ သာမြင်ရတယ်... ကံထမ်းလာတာ မမြင်ရဘူး.. ဆိုသလိုပေါ့..
ဒါကြောင့် မဃဒေ၀လင်္ကာမှာ မာန်လည်ဆရာတော်ဘုရားကြီးက
ပုဗ္ဗေရှေးက ပြုခဲ့ကြသည့် .. ပါပအကျိုး ထိုကံဆိုးကြောင့် မိုးကြိုးကျရာ ခံမိစွာခဲ့ သံသရာရှည်ဓွန့် ဘယ်မစွန့်ဘူး... လို့ လင်္ကာစီခဲ့ လေသည်..
တိတ်​​နေတဲ့စိတ်​ကိုရ​အောင်​ပြုစုပါ..
💥 တိတ်နေတဲ့စိတ်ကိုရအောင်ပြုစုပါ 💥
     ငြိမ်းချမ်းပြီးတော့ တိတ်နေတဲ့ စိတ်အခြေအနေထဲမှာ ဘာသောကမှ မရှိဘူး ။
ဘာပြဿနာမှ မရှိဘူး ။
ဘာအကြောင်းအရာကိုမှ တွေးမနေဘူး ။
ဒီလိုစိတ်အခြေအနေက မြင့်မြတ်တဲ့အသိမျိုး ဖြစ်လာဖို့ အကောင်းဆုံး ရေ .. မြေ.   ဖြစ်တယ်။
အကောင်းဆုံး အထောက်အပံ့ ပေးနိုင်တဲ့ အခြေအနေဖြစ်တယ်။
            တိတ်ပြီးတော့ သတိအားပြည့်ပြီး ကြည်လင်နိုးကြားနေတဲ့စိတ် .. လင်းနေတဲ့စိတ်...     ပေါ့ပါးသန့်ရှင်းနေတဲ့စိတ်ဟာ  ရှင်းလင်းတိကျတဲ့ အမြင်ကို ဖြစ်ပေါ်စေနိုင်တယ် ။
       ခဏလေးစိတ်တည်ငြိမ် အေးချမ်းပြီး  ပေည့ပါးတဲ့ စိတ်နဲ့ နေနိုင်ရင်တောင် စိတ်အားပြည့်လာမယ် ။
စိတ်ချမ်းသာလာမယ်  ။.. နေ့တိုင်း ကြည်လင်အေးချမ်း သန့်ရှင်းတဲ့ စိတ်မျိုးနဲ့ ခဏလောက် နေနိုင်ရင် တနေ့တခြား   အသိဥာဏ်ပိုပြီး နက်နဲလာမယ် ။
The cultivation of silence has an immence therapeutic value .
   တိတ်နေတဲ့ စိတ်ဖြစ်နေအောင် လေ့ကျငိ့ပြုစုတာဟာ စိတ်ရဲ့ကျန်းမာရေးအတွက် အင်မတန် တန်ဖိုးရှိတယ် ။
      တိတ်နေတဲ့စိတ် မျိုးနဲ့ မနေနိုင်ရင် လူ့ဘ၀ရဲ့ အမြင့်ဆုံးအရာ ဖြစ်တဲ့ နက်နဲသိမ်မွေ့ တဲ့ အသိဥာဏ်ကို မရနိုင်ပါဘူး ။၊ပစ္စည်းနဲ့ အပျော်အပါးပဲရမယ် ။
အပျော်အပါး.. ၁၀.နှစ်ခံစားလို့လဲ ဘာမှအဆင့်အတန်း  မြင့်မလာဘူး။
ဘယ်လောက်စိတ်ထားပိုကောင်းလာမလဲ...
ဘာမှ မထူးလာဘူးနော် .....
#တရားနဲ့နေသွားမှစိတ်ဓာတ်အဆင့်အတန်း .. အသိဥာဏ် အဆင့်အတန်း တစ်နေ့တစ်ခြား မြင့်လာမယ်..။
💫💫💫💫💫💫💫💫💫💫💫💫💫
➳ ➳ ➳ ➳ ➳  ဆရာတော်ဦးဇောတိက
မေတ္တာပြယုဂ်
မေတ္တာ ပြယုဂ်အတွက် ဆင်းဂါးအပ်ချုပ်စက်'
     လူ့လောကတွင်အမြင့်ဆုံးသဘောထားရမည့် အရာမှာ လူသားနှင့် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။
      ဆင်းဂါးအပ်ချုပ်စက်အကြောင်းကိုကြည့်ပါ။တီိထွင်သမျှ အရာထဲတွင် အသုံးဝင်သရွေ့ထဲမှ စက်တစ်မျိုးဖြစ်သည်။
   ယင်းဆင်းဂါးအပ်ချုပ်စက် တီထွင်လာရပုံမှာလည်း စိတ်ကူးယဉ်စရာ နောက်ခံ အကြောင်းကလေးနှင့်ဖြစ်၏။
    ဆင်းဂါးဆိုသော ပုဂ္ဂိုလ် သည် မိမိ၏ဇနီးသည်၏ လက်ဖြင့်  ငြီးငွေ့ ဖွယ်ရာ အပ်ချုပ်သီတွက်နေရသည့် အမှုကို မြင်ပြီး ဇနီးသည်အပေါ် ချစ်မြတ်နိုးလွန်းမှု့ကြောင့် အားမစိုက်သင့်ဘဲ အချိန်ကုန် လုပ်အားထုတ်နေရသည့် အဖြစ်မှ ကယ်တင်ရန် အပ်ချုပ်စက်တစ်ခုကို  တီထွင်လုပ်ကိုင်လိုက်ခြင်းဖြစ်သည် ။
    သို့သော် ဆင်းဂါးသည် မိမိဇနီးသည်၏ လုပ်အားကိုသာ သက်သာစေသည်မဟုတ်တော့ဘဲ အပ်ချုပ်စက် ၀ယ်နိုင်သူအားလုံးကိုပါ  အကျိုးပြုခဲ့ခြင်း ဖြစ်လာပါတော့သည် ။
    ဤသည်မှာ ကျွန်ုပ်လိုချင်သော လုပ်အားဆိုင်ရာ အပြောင်းအလဲဖြစ်သည်။
   ယနေ့ဖြစ်ပေါ်နေသော ဥစ္စာပစ္စည်း နောက် အရူးအမူးလိုက်နေရသည့် အဖြစ်ကိုမူ ၇ပ်ပစ်လိုက်ရလိမ့်မည်။
     ဆင်းဂါးအပ်ချုပ်စက်သည် ချစ်ခင်မှု့အရင်းခံဖြင့် ပေါ်လာခဲ့ရသည်။
      ဤတွင် သူ့ဇနီး တည်း...ဟူသော လူသားတစ်ဦးချင်းကို အမြင့်အမြတ် သဘောထားခြင်း  ပါဝင်၏။
     လူတစ်ဦးချင်း၏ လုပ်အားစိုက်ရမှု့ သက်သာခွင့် သည် ရည်ရွယ် ရင်းအချက်ဖြစ်သည်။     ထို့အပြင် ရိုးသားသော လူမှု့ရေးဆိုင်ရာ  သဘောထားသည် လောကရမ္မက်၏ နေရာ၌ အစားဝင်ကာ #စေတနာတရားဖြစ်လာသည်။
လောဘကို မေတ္တာ ဓာတ်ဖြင့်အစားထိုးလျှင် အရာခပ်သိမ်းသည် အမှန်သို့ ရောက်လာပါလိမ့်မည်။'
               ✏ မဟတ္တမဂန္ဒီ
Wednesday, July 29, 2015
ပညာရှိရင်​ငြမ်း​ကောင်းဆင်
❆ ❆ ဘုရားမိန့်ရွတ်   ပိဋကတ်ကို
        မွတ်မွတ်ဖြူဖွေး  ပေထက်ရေး၍
        ဆေးလေးကြပ်ကြပ် အထပ်တစ်ရာ
        တည်းဖြတ်ပါလည်း  အက္ခရာပုဒ်ဆွေး
        မှားယွင်းသေး၏ ။
         ညစ်ကြေးစပ်ယှဉ်   ပုထုဇဉ်သာ
         ငါတို့မှာကား    မမှားဘယ်သို့ ရှိလေမြို့လိမ့်၊
          ယွင်းချို့အက္ခ၇ာ ပျက်ယိုရာ၌ ပညာရှိရင်
           ငြမ်းကောင်းဆင်သို့. ပြင်စေသတည်း...။...။
          ( ဥတိန္နပျို့..ပိုဒ်ရေ.၁၄၃.)
မေတ္တာ​ပေါက်​​ရောက်​ရန်​အင်္ဂါ..၈ တန်​..
မေတ္တာ ပေါက်ရောက်ရန်အင်္ဂါရှစ်တန်'
၁.. အာသေ၀ိတ....မိမိမှာဖြစ်သော မေတ္တာစိတ်ကို ပျက်မသွားရအောင် တရိုတသေ ဂရုတစိုက်ရှိစေရမည်။
၂.ဘာဝိံ တ... မေတ္တာ စိတ်ပျက်မသွားစေပဲ တိုးပွားလာအောင်လုပ်ရမည်။
၃. ဗဟုလီကတ... မေတ္တာ ကိုတစ်ခါတစ်လေသာမက. အကြိမ်ကြိမ်ဖြစ်စေရမည် ။
၎.ယာနီကတ... မေတ္တာ ကိုစီးစရာယာဉ်လို သဘောထားပြီး မိမိသွားရာ မေတ္တာ အမြဲပါရမည်။
၅. ၀တ္ထု ကတ... မေတ္တာသည် ငါ၏ တည်ရာ မှီရာဟု စိတ်စွဲထားရမည်။
၆.အနဋ္ဌိတ... မေတ္တာကိုရှေ့သွားပြုရမည်။ ဘယ်သွားသွား  ဘာလုပ်လုပ်  မေတ္တာ ကို ရှေ့ကထားရမည်။
၇. ပရိစိတ...  မိမိဝန်းကျင်မှာ မေတ္တာ စိတ်ဖြင့်ရံထားရမည် ။
၈. သုသမာရဒ္ဓ...  ကောင်းစွာပြုရမည်။  ကောင်းစွာအားထုတ်ရမည်။
★ ★  ၀ါးလုံးသစ်လုံးကြီးများကို ၀ါးဖောင် သစ်ဖောင်ဖြစ်အောင် ကြိမ်ကြိုးတို့ဖြင့် ကောင်းစွာချည်နှောင်ဖွဲ့ရသည် ။   ကြိုး...ကြိမ် မရှိလျှင် မဖြစ်နိုင် ။
    အိမ်. ကျောင်း လှေ သင်္ဘော စသော အဆောက်အဦး ကြီးတွေဖြစ်အောင် သံစို့တို့ဖြင့် ရိုက်နှက် ဆက်သွယ်ရသည်။  သံစို့မရှိလျှင် မဖြစ်နိုင် ။
     အထပ်ပေါင်းများစွာ ရှိသော တိုက်တာ ဘုရားစေတီများ တည်ဆောက်ရာဝယ်  ဘိလပ်မြေ အင်္ဂတေတို့ဖြင့်  ဖွဲ့နှောင်ရာ၏ ။     ဘိလပ်မြေ အင်္ဂတေ မရှိက မဖွဲ့နှောင်သကဲ့သို့ ပင်....။
    လောက၌ မေတ္တာ ဓာတ်စွမ်းရည်သည် အကောင်အထည်မရှ်သော်လည်း ဖွဲ့နှောင်ချည်တွယ်တာမှု့ကို ဖြစ်စေသော သတ္တိထူး ရှိလေသည်....။'
          ✏ တက္ကသိုလ်ရှင်သီရိ
( ဓမ္မာစရဇိယ..ဘီအေ )
Tuesday, July 28, 2015
မျက်​စိ( ၃)မျိုး
"မျက်စိ (သုံး) မျိုး"
===========
၁။ ပပဉ္စမျက်စိ (တဏှာ|မာန|ဒိဋ္ဌိ)
၂။ ဗြဟ္မစိုရ်မျက်စိ (မေတ္တာ|ကဂုဏါ|မုဒိတာ|ဥပေက္ခါ)
၃။ဥာဏ်မျက်စိ (သစ္စာလေးပါးသိသောဥာဏ်)
၁။ ပပဉ္စမျက်စိ 
==========
လူကိုကြည့်သောအခါ(မြင်သောအခါ) လူကို လူဟုမမြင်ဘဲ  တရုတ်ဟူ၍လည်းကောင်း 
ကုလားဟူ၍လည်းကောင်း  သူဌေးဟူ၍လည်းကောင်း  ဆင်းရဲသားဟူ၍လည်းကောင်း အစသဖြင့် မြင်တတ်သော မျက်စိဖြစ်၏။
ယင်းမျက်စိသည် ကြည့်သောသူ မိမိအား ချစ်ခြင်း​ကိုဖြစ်စေ....
  မုန်းခြင်းကိုဖြစ်စေ ဖြစ်ပေါ်စေနိုင်၏။
ယင်းမျက်စိသည် တဏှာနှင့် ဒေါသကိုဖြစ်စေ၏။
၂။ ဗြဟ္မစိုရ် မျက်စိ
    ==========
ဗြဟ္မစိုရ်မျက်စိဆိုသည်မှာအကြောင်းရာ တစ်ခုဂုဏ်ဝိသေသနတို့ကိုကျော်၍
မြင်တတ်သော ဥာဏ်ပင်ဖြစ်၏။
  လူကိုကြည့်သောအခါ(မြင်သောအခါ) လူအဖြစ်သာမြင်၏။
တရုတ်ဟူ၍လည်းမမြင်ကုလားဟူ၍လည်း မမြင်.. ဆင်းရဲသား  သူဌေးသား ဟူ၍လည်းမမြင်.. လူကို လူအဖြစ်သာမြင်၏။
ဤအမြင်မျိုးဖြင့်ကြည့်လျှင်မည်သည့် လူကိုဖြစ်စေ အရာဝတ္တုကိုဖြစ်စေ တွေ့ရ ကြုံရစေကာမူ တဏှာမဖြစ်  ဒေါသမဖြစ်ပဲ ကြည့်သူကိုမေတ္တာဓာတ် ရှိစေသည်။
ကရုဏါကိုလည်းဖြစ်စေ၏။
မုဒိတာလည်းဖြစ်စေ၏။
ဥပေက္ခာကိုလည်းဖြစ်စေ၏။
၃။ ဥာဏ်မျက်စိ (သစ္စာ ဥာဏ်)
   ==================
သစ္စာဥာဏ်(ယထာဘူတဥာဏ်)ဖြင့် လောကကိုကြည့် သောအခါ ရုပ်နှင့်နာမ် နှစ်ပါးသာရှိကြောင်း ထိုရုပ်နာမ် ၂ပါးတို့သည်လည်း ခဏတိုင်း ခဏတိုင်း ဖြစ်  ပျက် နေကြကြောင်း အရှိကို အရှိတိုင်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ပြီး ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်ပေါ်၌ တပ်မက်မှုမရှိတော့ဘဲငြီးငွေ့ကာ လွတ်မြောက်ရာကို ရှာကြမည့် ဥာဏ်မျိုးကိုသာဆို၏။ 
ထိုသူ့ထံ၌ တဏှာမရှိတော့လျှင် ကိလေသာ ခေါင်းပါး၍ ကုန်ဆုံးခဲ့လျှင် ထိုသစ္စာဥာဏ်၏အထွတ်အထိပ်ဖြစ်သော အရမာတမဂ်ဥာဏ်ကို ရယူကာ နိဗ္ဗာန်သို့ ရောက်ရှိ၍ သုခချမ်းသာစစ်စစ်ကို ခံစားရပေမည်။
သင်္ဂဟတရား( ၄ )ပါး
သင်္ဂဟတရား လေးပါး
==============
၁။ ဒါန
    ပေးကမ်းခြင်း
၂။ ပေယျဝဇ္ဇ
    ချစ်ဖွယ်သောစကားကိုသာပြော
     ခြင်း
၃။ အတ္တစရိယ
    သူ့အကျိုးကိုသာဆောင်ရွက်ပေးခြင်း
၎။သမာနတ္တတာ
    မိမိနှင့်ထပ်တူပြု ၍ ဆက်ဆံခြင်းတို့ဖြစ်​သည်​။
**ကလျာဏမိတ္တ တို့​ဘေး(၅)ပါးမှလွတ်​ပုံ
ကလျာဏ မိတ္တ တို့ဘေး ၅ ပါး မှ လွတ်
ကင်းပုံ။
၁။ အသက်မွေးမှုဟူသော အာဇီဝ
     ဘေး။
၂။အကျော်အစောမဲ့ မည်ကိုစိုးရိမ်ခြင်း
    ဟူသော အသိလောကဘေး။
၃။ပရိတ်သတ်အလယ်၌ကြောက်ရွံ့
   ခြင်းဟူသောပရိသသာရဇ္ဇဘေး။
၎။သေခြင်းဟူသော မရဏဘေး။
၅။ပဋိသန္ဓေနေရခြင်းဘေး။
(အရိယာ ကိုသာ ဆိုလိုသည်။ )
Sunday, July 26, 2015
ဟင်္သာအ​ကြောင်းသိ​ကောင်းစရာ
စေတီ ပုထိုး စတာတွေ မှာ မကြာခဏ တွေ့ မြင် နေရတတ်တဲ့ နူတ်သီးမှာ အသီးလေးတစ်လုံးကို ကိုက် ချီ ထား တဲ့ ပုံ ဟင်္သာ ရုပ်လေး အကြောင်း ဦးဇင်း ရေးပြ ပါ မယ် ။
               တစ်ချို့ သိ ပြီး သားဖြစ်နေပင်မဲ့ မသိတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ရေးပြတာပါ ။
နောက်မို့ ဘာအဓိပ္ပါယ် နဲ့ လုပ်ထား မှန်း လဲ မသိ ..။
ပါးစပ် က ဘာကြီး ချီ ထား မှန်း လဲ မသိ ဘဲ ဘုရားဖူးသွား ချိန် မသိကြ တဲ့ မိတ်ဆွေ တွေ မေးလာရင်​ မ​ဖြေတတ်​မှာ  စိုးလို့ ပါ ။
ဗုဒ္ဓဘာသာဝင် အားလုံး သိသင့် သိထိုက် တဲ့ ဇာတ်ကြောင်း လေး တစ်ခု ပါ ။
            ရှေးအခါ ဗာရာဏသီပြည် ဗြဟ္မဒတ္ထ မင်း လက်ထက်​မှာ   ဗုဒ္ဓလောင်းလျာ ဟာ ဟိမဝန္တာတော အတွင်း ဇဝန ဟံသ ဟင်္သာ မျိုး မှာ ဖြစ်တော် မူ ခဲ့ ပါ တယ် ။
            ဘုရား အလောင်း ဟင်္သာမင်းမှာ
ညီဟင်္သာ နှစ်ကောင်​လဲရှိပါတယ်​..။
ဇနဝဟံသ ဟင်္သာ မျိုး တွေ က အလွန် လျင်မြန်စွာ ပျံ သန်းနိုင်ပါတယ် ။ ထို့ ကြောင့်  လည်း ဇဝန ဟံသ ရယ် လို့ ခေါ်ကြ တာ ပါ ။
ဇဝန = လျင်မြန်ခြင်း ။
ဟံသ = ဟင်္သာ ။ လျှင်မြန် တဲ့ ဟင်္သာ တွေ လို့ အဓိပ္ပါယ် ရတာ ပေါ့ ။  
          တစ် နေ့ မှာ ဟင်္သာ ညီငယ် နှစ်ကောင် က စဉ်းစားမိကြတယ်..​။
ငါတို့ အမျိုးနွယ် ဟာ အလွန် ပျံသန်း မူမြန်ကြ တယ် ။
နေမင်းကြီး ဟာလဲ အလွန် သွားနူန်း မြန်တယ် ။ ငါတို့ နဲ့ နေမင်း ပြိုင် ကြရင် ကောင်းမယ်လို့ အတွေး ပေါ်သွား ကြပါ တယ် ။
            အဲဒိ အခါ ညီငယ်ဟင်္သာ နှစ်ကောင် က နောက်နေ့ အရုဏ်တတ် လို့ နေမင်းကြီး စထွက် ချိန် မှာ ပြိုင် မယ် လို့ ဆုံးဖြတ်ပြီး ဘုရားအလောင်း ဟင်္သာမင်းကို တိုင်ပင် ကြပါတယ် ။
            အလောင်းအ​​လောင်း​တော် ဟင်္သာ မင်းက နေမင်းကို တုဖက်ပြီး ပြိုင်ခြင်း မပြု သင့်ကြောင်း ညီငယ်တွေကို တားမြစ်ပါ တယ် ။
သို့ သော် ညီငယ် တွေ က စိတ်ဓာတ် တတ်ကြွ နေတဲ့ သူငယ်တွေ ဖြစ်တော့ အလောင်းတော် ဟင်္သာမင်း၏ တားမြစ်မူ့ ကို လက်မခံ ကြပါ ဘူး ။
လူငယ်ဆိုတာက ပင်ကိုယ်​အရွယ် သဘော အရ စမ်းသတ်မူ့တွေ သိပ်​လုပ်ချင် ကြတယ်လေ။
         ဒိလို နဲ့ နောက်တစ်နေ့ အရုဏ် မတတ်ခင် ဟင်္သာ ညီငယ် နှစ်ကောင် ဟာ ယုဂန္ဓုရ် တောင်ထက်၌ နေမင်းကြီး ကို စောင့်နေကြ ပါ တယ် ။
           ပြိုင်ဆိုင်ဖို့အတွက် စိတ်ဓာတ်တွေ အရမ်း တတ်ကြွနေ ကြ တဲ့ ဟင်္သာ ပျို နှစ်ကောင် မျှော် လင့် နေတုန်း မှာ နေမင်း ကြီး စတင်ထွက် ပေါ်လာ ခဲ့ပါ တယ် ။
ဟင်္သာပျိုနှစ်ကောင် လဲ လျှန်မြန်သော အဟုန်ကိုအသုံးပြုပြီး နေမင်းကြီး နဲ့ ယှဉ်ပြိုင် မူ့ စတင် ကြ ပါ တော့ တယ် ။
  ညီငယ် ဟင်္သာ ပျိုး နှစ်ကောင် ဟာ နေမင်း ကြီး နဲ့ ယှဉ်ပြိုင် ပျံသန်း ကြ ပါ တယ် ။ မွန့်တည့်ခါနီးအချိန် ရောက်တော့ အငယ် ဆုံး ဟင်္သာ ညီငယ်လေး ဟာ ခံနိုင်ရည် မရှိတော့ ပါ ဘူး ။
                 နေမင်းကို တုပြီး အလွန် လျင်မြန်စွာ  အစွမ်းကုန် ပျံ သန်းရ တဲ့ အတွက် အတောင် တွေကြားက မီး တောက်လောက် အောင်ပူပြင်း လာပါ တော့တယ် ။
အဲ့ဒီအချိန်မှာ အလောင်းတော် ဟင်္သာမင်း က ညီငယ်တွေကို စိတ်မချလို့  လိုက်လာပါ တယ် ။
                ဆက်ပြီး မပျံနိုင်တော့ တဲ့ ညီ ငယ် တွေကို တွေ့သောအခါ ...
"" ညီငယ်တို့ စိုးရိမ်ခြင်း မဖြစ်ကြပါ နဲ့ ။ ညီ ငယ် တို့ အား နောင်တော် ကယ် တင်အံ့ ....""""
.............ဟုပြောဆိုပြီး ညီအငယ်ဆုံး ဟင်္သာ ညီလေးကို အတောင် ကြားတွင် ညှပ်ကာ စိတ္တကူဋ် တောင် သို့ ပြန် သယ်ဆောင် ခဲ့ ပါ တယ် ။
           ထိုနောက် ညီအလတ် ထံ သို့ တဖန် လိုက် သွားပါ တော့ တယ် ။ ညီ အလတ် လဲ မပျံသန်း နိုင်တော့ ပါ ဘူး ။
တဖန် ညီအလတ် ကို သယ် ဆောင်ပြိး ပြန် ပို့  ပြန်ပါတယ်။ ညီငယ် တွေ ကို ကယ်ဆယ်ပြီး သော အခါ ကိုယ်တိုင် မိမိ အား အစွမ်း ကို စမ်းသပ်ကြည့် သော အားဖြင့် နေမင်း နဲ့ ယှဉ်ကြည့် ပါ တယ် ။
               ဟင်္သာ မင်း သည် နေမင်း ရဲ့ ရှေ့ ၊ နောက် ၊ ဝဲ ၊ယာ ပေါင်း ဆုံးပျံသန်း ရင် အကြံတစ် ခု ဖြစ်ပေါ်လာ ပါ တယ် ။ တစ်ချိန်က ငါ ဗာရာဏသီမြို့ ပေါ်က ဖြတ်ပျံတုန်း က ပြည်ရှင်မင်း ကြီးက မိတ်ဆွေဖွဲ့ ဘူးတယ် ။
ခုလို အကျိုးမရှိ နေမင်း နဲ့ ပြိုင် နေတာ ထက်စာရင် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ္ထ မင်းကို တရားသွားဟောတာ အကျိုး ရှိတယ် လို့ အကြံဖြစ်သွားပါ တယ် ။
          အင်မတန် အတုယူစရာ ကောင်း ပါတယ် ။   
                 ယ္ခုကြည့် ပါ ဟင်္သာ မင်းဟာ အနိုင်ရရှိရေး ဂုဏ် ပုဒ်ကို မယူပဲ အများ အကျိုး ဆောင် ရွက်ဖို့ အတွက် ဗာရာဏသီ ပြည့်ရှင်မင်း ထံ ပျံသန်း လာပါ တယ် ။
                  ဗာရာဏသီပြည့်ရှင် မင်းကြီး လဲ ဟင်္သာမင်းလာတာ ကို မြင်လျှင် ကြို ဆို ဧည့်ခံပြီး ပန်းပေါက်ပေါက် စသည်တို့ဖြည့် ကြွေးမွေးပါတယ် ။
ထို့​နောက် လာရင်းအကြောင်းကိုမေးရာ အလောင်းတော် ဟင်္သာမင်းသည် နေမင်း နှင့် ယှဉ်ပြိုင်ပုံအကြောင်းစုံကို မင်းကြီး အား လျောက်တင်ပါ တယ် ။
               မင်းကြီး လဲ နေမင်း ကို ယှဉ်ပြိုင် ခဲ့ တဲ့ အဟုန်ကို ရှုစားလိုပါ၏ဟု...
တောင်းဆိုပါတယ် ..။
ထိုအခါ ဟင်္သာမင်းက နေမင်းကို ပြိုင်ဆိုင် ခဲ့ တဲ့အဟုန် အစစ်ကို ပြလို့ မလွယ်လှပါ ။
သို့သော် နေမင်းကို ပြိုင်ဆိုင်တဲ့ အဟုန်ကို သိနိုင်ရန် အတုလုပ်ပြပါမည်ဟုဆိုပါတယ် ။
ထိုလေးသည်တော် လေးယောက် တို့ ၏ အလယ်တွင် တိုင်တစ်တိုင် စိုက်စေ၏ ။
ဟင်္သာမင်း၏ လည်တွင် ခြူတစ်လုံး ကို ချိတ်ဆွဲစေ၏ ။
ထို့​နောက်​ ဟင်္သာမင်းသည်​ ​လေးသည်​​တော်​တို့အား မိမိအားတပြိုင်​တည်း ပြစ်​ရန်​ မှာကြား​လေ၏..။
             ဟင်္သာမင်းသည် တိုင်တိပ်၌ နား လေ၏ ။
လေးသည် တော် တို့ ၏ အရပ်လေးမျက် နှာ သို့ ပြိုင်တူ ပြစ်သော မြားတို့ ကို ဟင်္သာ မင်း သည် လျှင်မြန်စွာ ပျံသန်ပြီး နူတ်သီး ဖြင့်ရ​အောင် ချီလေ၏ ။
ထို့နောက်​လေးသည်တော် တို့၏ ခြေရင်း၌ စုပုံထားပေး၏ ။
ထိုသို့ ပျံသန်း သော အဟုန်သည် မြန်လွန်း ၍ ဟင်္သာမင်းကို မမြင်ရ ခြူသံကိုသာ ကြားရလေ၏။
                       လေးသည်တော်တို့၏ မြှား များ ကုန်သော အခါမှ ဟင်္သာမင်းသည် မူလ တိုင်ထိပ်တွင် ပြန်နားလေ၏။
မင်းကြီး အား.... " အရှင် မင်းကြီး အကျွန်ူပ် တို့ ၏ အမြန်နူန်း သည် ဟီန ၊ အညံ့စား ။ မစ္ဆီမ ၊ အလယ် လတ်စား ၊ ပဏီတ ၊ အမြတ်စား ဟုသုံးမျိုးရှိလေ၏ ။
ယ္ခု ပျံသန်းသောနူန်း သည် ဟီန ဟု ခေါ်သော အညံ့စား မြန်နူန်း မျှသာ ဖြစ်ပါ ၏ ။ " ဟုဆိုလေ၏။
                    ထိုအခါ မင်းကြီး သည် " အဆွေတော် ဟင်္သာ မင်း ဤ အဟုန်သည် ဤ မျှမြန်နေလျှင် သင်တို့၏ ပဏီတ ဟု ခေါ်သော အမြန်ဆုံး  အဟုန်နူန်း ကတော့ ဆိုဖွယ်ရာ မရှိတော့ ပြီ  ။
လောကကြီးမှာ အမြန်တကာထက်  အမြန်ဆုံး ဖြစ်ရမယ် ။
ဒိထက် မြန်သေးသော အရာ ရှိနိုင်အုံး မည် လော ? " ဟု ဟင်္သာ မင်း ကို မေး လေ ၏။
                    ထိုအခါ ဟင်္သာ မင်း သည်  "အရှင် မင်းကြီး ...... အကျွန်ူပ် တို့ ၏ အဟုန် ထက် သေခြင်းတရား သည် အဆပေါင်း ထောင် , သောင်း မက မြန်လှပါတယ်..."" ဟု အစချိ၍ သေခြင်းတရား ၏ မြန်ပုံ နှင့် မသေခင် ကုသိုလ် ကောင်းမူ့ များ ပြုရန် တရားဟောလေ၏။
                      သေခြင်းတရား သည် အလွန် လျင်မြန်လှပါ သည် ။
သတ္တ၀ါတို့သည် သေခြင်းတရားကို မေ့လျော့နေပြိး လောဘ..ဒေါသ ..မောဟ တွေနဲ့သာ အချိန် တွေကုန်နေကြ၏။
ငါဒီနေ့ သေသွားရင် ဘယ်ဘုံရောက် နိုင် လဲ ကုသိုလ်တွေ ဘယ်လောက် လုပ်ထား ပြီးပြီ လဲ ဟု အမြဲ ဆင်ခြင် နေ ရ ပါ မည် ။
သေခြင်း တရားကို မည်သူမျှ အစိုးမရ ပါ။
သေမင်း သည် ကြီးတယ် ငယ်တယ် မရွေး ချယ် ပါ ..... အစရှိသဖြင့် မသေခင် ကျန်ရှိသေး တဲ့ အချိန်လေး မှာ ကုသိုလ် ကောင်းမူ များ အလျင် အမြန်ပြု ရန် ဟင်္သာ မင်းသည် ဗာရာဏသီ မင်း အား တရား ဟော လေ ၏။
                     ဗာရာဏသီ ပြည့်
ရှင်မင်းကြီး လဲ ဟင်္သာမင်း၏ တရားကို နာရ သဖြင့် ဟင်္သာ မင်း အပေါ်ကြည် ညို မူများ ပိုမို ဖြစ်ပွားလာပြိး ဟင်္သာမင်း၏ အဆုံးအမ အတိုင်း လိုက်နာလေတော့ ၏။
ဟင်္သာမင်းနားခဲ့တဲ့ တိုင်ထိပ်တွင် လည်း ဟင်္သာမင်းရုပ် ထုပြုလုပ်စေခဲ့ ၏။
            ထိနုအချိန်မှစ၍ အများ ပြည် သူများ သည်  သေခြင်းတရားကို တရားဟော ပြ သော ဟင်္သာ မင်း ကို ဂုဏ် ပြုသော အားဖြင့် ဟင်္သာရုပ်ကို တံခွန်တိုင် ထိပ်များတွင် ထုလုပ်ထားကြလေ၏ ။
တစ်န​ည်းအားဖြင့် ဟင်္သာမင်း ခြူလေး ကို ချီနေပုံကို တွေ မြင်ပြီး ဟင်္သာမင်း ဟောခဲ့ တဲ့ သေခြင်း၏ လျင်မြန်ပုံကို အမှတ်ရကာ မသေခင် ကုသိုလ် တရားများ ပြုလုပ် ထားကြ စေလို၍လည်း ဖြစ်ပါတယ် ။
ယ္ခု တိုင်  စေတီ ပုထိုး ကျောင်း စသည် များ တွင် ဟင်္သာ မင်း ခြူလေး ကို ချီထား ပုံ များကို တွေ့  မြင် နိုင် ကြ ပါ သည် ။
          ( မှတ်ချက်။    ။ တစ်ခါ တစ်ရံ  ဟင်္သာ မင်း ၏ နူတ်သီးတွင် ခြူ အစား သစ်သီး ဝလံ စတာတွေ ကို ချီထားတဲ့ ပုံ တွေ့ရတတ် ပါ တယ် ။ မူရင်း အတိုင်း ခြူလေး ကို ချီထား တဲ့ ပုံ ပဲ လုပ်သင့် သည် ဟု ထင်မိပါ သည်။)
            ဤ ဟင်္သာမင်း ဇာတ် တော် ကို တေရသက နိပါတ်တော် ၊ ဇဝနဟံသ ဇာတ် မှ ထုက်နုတ်ပြီး ရေး ပါ သည် ။ ဦးဇင်း ရေး သော စာ ပေ များ ကို မည်သူ မဆို လွတ်လပ်စွာ ထပ်ဆင့် မျှဝေ ဒါန ပြု နိုင် ပါ သည် ။
             ဓမ္မမိတ်ဆွေ စာဖတ် သူ အပေါင်းသည် လည်း ဟင်္သား ဟော ခဲ့ သည့် အတိုင်း သေ ခြင်း ၏ လျင်မြန် ပုံကို ဆင်ခြင် နှလုံးသွင် ၍ မသေခင် အချိန် လေး မှာ ကုသိုလ် တရား တွေ များစွား ပြုနိုင် ကြ သူ များ ဖြစ်ကြပါ စေ။
                                       အရှင် ဗုဒ္ဓ သိဿ