**ကုသိုလ် မှတ်တမ်း **
မှတ်တမ်းရှိတော့
ဇာတ်လမ်းကြည့်နေရသလို
အသိအာရုံထင်ရှား
ပီတိအဟုန် ပိုတိုးသွားတာမို့
ကုသိုလ် မှတ်တမ်း ရေးထားသင့်တယ်...
အဟောင်းရဲ့စွမ်းအားက
အသစ်အတွက် တွန်းအားဖြစ်လို့်
ကုသိုလ် အဟောင်းပြန်ဖတ်မိတိုင်း
ကုသိုလ် အသစ်ထပ်လုပ်ဖြစ်ပြန်ရော..
ကောင်းမှု့မှတ်တမ်းရဲ့
တောင်းဆုအမြတ်စခန်းက
နိဗ္ဗာန်နန်း ဖြစ်နေလေတော့
ကောင်းမှု့ကုသိုလ် ကဲလျှံလေ
နိဗ္ဗာန်စခန်း အမြန်ရောက်လေပေါ့...။...။
No comments:
Post a Comment