စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, July 23, 2015
မြတ်​ဘုရား၏ပါရမီ​တော်​..
   ဘူမိံ ပရာဇိယ သမံသ မဒါသိ ဒါနံ ။
  မြတ်​စွာဘုရားအ​လောင်း​တော်​သည်​ ပါရမီဖြည့်​ရာ ​လေးသ​င်္ချေနှင့်​ ကမ္ဘာတစ်​သိန်းအတွင်း၌...
( ၁ ) ပင်​လယ်​သမုဒ္ဒရာ​ရေတုထက်​ ပိုလွန်​စွာ ​သွေး​တော်​များကို လှူဒါန်း​ပေးကမ်းခဲ့ပါတယ်​..။
( ၂ ) နှစ်​သိန်း​လေး​သောင်း ပမာဏ ရှိတဲ့ မဟာပထဝီ ​မြေကြီး ​မြေထု​မြေမှုန့်​ထက်​ များပြားစွာ အသား​တော်​ ​တွေကို လှူဒါန်း ​ပေးကမ်းခဲ့ပါတယ်​ ။
( ၃ ) မြင်းမိုရ်​​တောင်​ပမာဏထက်​ များပြားကြီးကျယ်​တဲ့ ဦး​ခေါင်း ​မြောက်​မြားစွာကို လှူဒါန်း​ပေးကမ်းခဲ့ပါတယ်​ ။
( ၄ ) မိုး​ကောင်းကင်​က ကြယ်​တာရာ​တွေထက်​ များပြားပိုလွန်​တဲ့ မျက်​လုံး​တော်​​တွေကို ​ပေးကမ်းလှူဒါန်းခဲ့ပါတယ်​..။
                  ★ အရှင်​နန္ဒမာလာ
No comments:
Post a Comment