ယော ပဋိစ္စသမုပ္ပါဒံ ပဿ
တိ ၊ သော ဓမ္မံ ပဿ
တိဿ
'
ယော... အကြင်ပုဂ္ဂိုလ်သည် '
ပဋိစ္စသမုပ္ပါဒံ... ခန္ဓာဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို..'
ပဿ တိ..သိမြင်၏။ '
သော..ထိုပုဂ္ဂိုလ်သည် '
ဓမ္မံ.. တရားကို'
ပဿ တိ..သိ၏။မြင်၏ ။'
ပဋိစ္စသမုပ္ပါဒ်ကို နားလည်တဲ့ ပုဂ္ဂိုလ်ဆိုရင် သစ္စာသိမယ် ။
သစ္စာကိုသိချင်ရင် ပဋိစ္စသမုပ္ပါဒ်ကို လေ့လာပါ။
ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ မြန်မာလို #အကြောင်းနဲ့အကျိုး
အကြောင်းက ခန္ဓာဖြစ်ကြောင်း
အကျိုးက ခန္ဓာဖြစ်ကျိုး..
ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာဖြစ်ကျိုး ကိုပြတဲ့ တရားဖြစ်တယ် ။
ဤခန္ဓာ၏ အကြောင်းနဲ့အကျိုးကိုသိသောသူသည် သစ္စာ ကိုသိသော သူဖြစ်သည် ။
ဤသစ္စာတရားသည် လူတိုင်းသိထားရန် လိုအပ်လှပေသည်။
ခန္ဓာရှိသူတိုင်း အကြောင်းနဲ့အကျိုး ကိုပြသော သစ္စာ တရားကိုရှာဖွေသင့်လှပေသည် ။
✏ ဓမ္မရံသီဆ၇ာတော် ဘဒ္ဒန္တသုနန္ဒ
No comments:
Post a Comment