★ ★ အသုဘရှေ့မှ သံဃာများကြွကောင်းပါသလား..★ ★
ဝိနယသမူဟ ၀ိနိစ္ဆယတွင် ဖြေထားချက်အား ဖော်ပြပါမည်..။
""ယခုကား ကျေးတောရပ်ရွာဒေသများမှာ မသာအသုဘရှိရာ ရွာတွင်း ပြည်တွင်းသို့ဝင်၍ များသောအားဖြင့် မသာရှေ့က သွားကြ လိုက်ကြသည်။
ယင်းသည် ၀ိနည်း ပညတ် သိက္ခာပုဒ်တော်နှင့် လျော်...မလျော်.. ညီ..မညီ... လဇ္ဇီ သူတော်ကောင်းတို့ အလေ့အကျငိ့ဟုတ်.. မဟုတ် သိလိုပါသည်.....တဲ့ .
➳ ➳ မတာနံပရိဝါရတ္ထံ အာဂစ္ဆန္တူ တိပက္ကော
... သန္တိ နဂန္တဗ္ဗံ....
လူသေ အသုဘတို့၏ အခြံအရံ အလို့ငှါ ကြွတော်မူပါကုန်လော ဟု ပင့်လာကုန်အံ့.. မလိုက်.. မသွားအပ်...။
(တတိယပါရာဇိက အဋ္ဌကထာ )
❆ ❆ သိဝထိကဒဿ နေ . အသုဘ ဒဿ နေစ မရဿ တိံ... ပဋိလဘိဿာ မာတိ ကမ္မဋ္ဌာနသိသေန ဂန္တုံ ၀ဋ္ဋတိ....
သုသာန် တစပြင်ကို မြင်ရသော်လည်းကောင်း... အထူးထူး အထွေထွေ လူသေတို့ကို မြင်ရသော်၎င်း... မရဏဿ တိရကုန်အံ့ဟု အသုဘကမ္မဋ္ဌာန်း မရဏဿဘ. တိ ကမ္မဋ္ဌာန်းကို အရင်းမူသဖြင့် သွားသင့်၏...။
( တတိယပါရာဇိက အဋ္ဌကထာ )
➳ ➳ ➳ ဂန္တုံ ၀ဋ္ဋတီတိ ပရိဝါရတ္ထာယ အာဂစ္ဆန္တူ တိ ၀ုတ္ထေပိဧ၀ံသလ္လက္ခေတွာ ဂန္တုံ ၀ဋ္ဋတိ....
သွားသင့်၏ ဟူသည်ကား အသုဘ တို့၏ အခြံအရံ အလို့ငှါ ကြွတော်မူပါကုန်လော ... ဤသို့ ပင့်ခေါ်လာသောလည်း.
ဤသို့အဋ္ဌကထာဆိုတိုင်း ကမ္မဋ္ဌာန်းကို. မှတ်၍ သွားသင့် ...ကြွသင့်၏...။
( သာ၇တ္ထဋီ )
မှတ်ဖွယ်အဓိပ္ပါယ်အချုပ်ကား...
❆ ❆ အသင့်အတင့် ကမ္မဋ္ဌာန်းတရားကို နှလုံးထားနိုင်လျှင် ရွာတွင်း.. မြို့တွင်းမဆို... အခြံအရံ အလို့ငှါ ကြွတော်မုပါဟု ပင့်ခေါ်လာသော်လည်း... လိုက်သွားအပ်၏..။
****အသုဘရှုကြွတော်မူပါ...စသော ဓမ္မယုတ္တတရားန့င့် လျော်သော.... ကပ္ပိယ... အပ်သော စကားဖြင့် ပင့်ခေါ်လာမူကား သွားအပ်သည်သာတည်း...။
❆ ❆ မသာ အသုဘ၏ ပရိသတ် အခြံအရံ အစည်အပင် အတင့်အွ ကိုလိုသော... အယောနိသေညမနသိကညရ...
မသင့်မတင့် နှလုံးသွင်းမူ ကမ္မဋ္ဌာန်းမှ လွတ်သောစိတ်ရှိမူကား ""အသုဘကြွပါ ..."""စသောူုဓမ္မယုတ္တတရားနှင့် လျော်သော ..ကပ္ပိယ အပ်သော စကားဖြင့် ပင် ပင့်ခေါ်လာသော်လည်း..မသွားအပ် မလိုက်အပ်ပေ...။...။
ထိုသို့မှတ်ယူသော... ပညာရှိနည်းမှီ လဇ္ဇီသူတော်ကောင်းတို့. ကဲ့ရဲ့ပြစ်တင်ခြင်းမကင်းလွတ်ရာသော သဘောရှိ၍ မပင့်အပ်... မသွားအပ်...ဟု မှတ်ယုရမည်...။....
#ဤကား၁၂၁၇ ခုနှစ် အမရပူရေ၇ွှမြိုတော် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ် ဖြစ်ပါသည်..။...။
No comments:
Post a Comment