စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, July 9, 2015

❆ ❆ ဝိပဿနာကမ္မဋ္ဌာန်းဆိုတာ ❆ ❆

မေး...၀ိပဿနာကမ္မဋ္ဌာန်း ဆိုတာ ဘာလဲ..
          ထိုကမ္မဋ္ဌာန်းတရားအားထုတ်ရင် ဘာဖြစ်မလဲ..။

##ဖြေ.. ရှိရှိသမျှ ရုပ် နာမ် ဓမ္မ သင်္ခါရ တွေဟာ အမြဲမရှိဆင်းရဲ၏..။   အစိုးမရဟု အဖန်ဖန် ရှုမြင်သုံးသပ်မှု့ကို ၀ိပဿနာ လို့ ခေါ်ပါတယ်..။
ဒီလက္ခဏာရေးသုံးပါးကို အထပ်ထပ် ရှု့မြင် သုံးသပ်ရင် ရုပ်နာမ်တရားတွေကို တပ်မက်စွဲလမ်းမှု့ မဖြစ်တော့ဘူး..။
       မတပ်မက်ရင် ငြီးငွေ့လာမယ်..။
       ငြီးငွေ့လာရင် ဒီရုပ်နာမ်တွေ ချုပ်ငြိမ်းရာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့ သောတာပန်.. သကဒါဂါမ်..  အနာဂါမ်..  ရဟန္တာ အဆင့်ဆင့် ဖြစ်သွားနိုင်ပါတယ် ။
        ရဟန္တာ ဖြစ်ပြီးရင်တော့ ဘာသာရေးကိစ္စ လမ်းဆုံးပြီ..။
        နောက် အနာဂါမ် ကိစ္စ နှင့် ပတ်သက်ပြီး ဘာမှလုပ်စရာ မလိုတော့ဘူး..။
        လောကီဈာန် အကြားအမြင်တွေကိုလဲ တစ်ခါပြန် ပျောက်သွားရိုး မရှိဘူး..။
        ဒါ ၀ိပဿနာ ရှု လို့ရတဲ့ အကျိုး ဖြစ်ပါတယ်..။
        အရဟတ္တမဂ်ကိုရမှု ရဟန္တာဖြသ်မှု့ဟာ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ပါပဲ..။
        ရဟန္တာ အဖြစ်ထက် ပိုမြင့်တဲ့ ဘာသာရေး ရည်မှန်းချက် မရှိတော့ပါဘူး..

No comments:

Post a Comment