စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 13, 2015

မေတ္တာမှန်​​သော်​ ချစ်​တာပြန်​မ​မျှော်

♥မေတ္တာမှန်သော် ချစ်တာပြန်မမျှော် ♥
   
     စိတ် အေးချမ်းမှု့ လိုလားသူတိုင်း
#တုံ့ပြန်မှု့မျှော်လင့်တဲ့စိတ်
#ပတ်သက်မှု့သာယာတဲ့စိတ် ဖြစ်လာခဲ့ရင်
"" ဒါ မေတ္တာမဟုတ်ဘူး.. တဏှာလို့..:" ရဲရဲကြီး ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်.. ။

    ""တဏှာမဟုတ်ပါဘူး.. မေတ္တာပါလို့ "" ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီး စကားလုံးအကောင်းတွေနဲ့ချည်း နှစ်သိမ့်ကျေနပ်နေရင်တော့ တဏှာလှည့်ပတ်သမျှ ခံနေရ.. ပူလောင်နေရဦးမှာပါပဲ..။

    မေတ္တာစစ် မေတ္တာမှန်မှာ တုံ့ပြန်မှု့ကိုလည်း လုံးဝမမျှော်လင့်သလို ပတ်သတ်မှု့ကိုလည်း လုံးဝ မသာယာပါဘူး..။

×××××××××××=====×××××××××

     ✏ ဆရာတော်အရှင်ဆန္ဒာဓိက

No comments:

Post a Comment