****စသတ်..၁၀ ပါ.****
^^^^^^^^^
နှစ်.. လစ်.. ညစ်.. ယစ် .. ဖြစ်... ချစ်... မြစ်.. ဖြစ်... နှစ်.. သစ် ဆယ်တန်။
၁..#နှစ်တစ်ပါး
ဂတိလေးပါး လိုက်မိမှား ပျက်ပြားအပါယ်နစ်တတ်သည်။
၂.. #လေးတစ်ပါး
အာရုံခြောက်ပါး ကျူးလွန်မှား တရားမမှန်လစ်တတ်သည်။
၃.. #ညစ်တစ်ပါး
ရဟန်း.ရသေ့.. သူမြူတွေ့ သိမ်မွေ့သီလညစ်တတ်သည်။
၎.... #ယစ်တစ်ပါး
ကာမဂုဏ်ငါးဦး လိုက်စားကြူး.. ရွှင်မြူးအာရုံယစ်တတ်သည်။
၅.. #ဖြစ်တစ်ပါး
အသစ်တွေ့ရှောင် တစ်စိတ်ပြောင်း.. အပေါင်းမခင်ဖြစ်တတ်သည်။
၆.. #ချစ်တစ်ပါး.
အဟောင်းကိုပစ် အာရုံယစ် အသစ်စုံမက်ချစ်တတ်သည်။
၇.. #မြစ်တစ်ပါး
ကိုယ့်ဟာမှန်လျက် သူများလက် နေ့ရက်ရှည်သော် မြစ်တတ်သည်။
၈.... #ဖြစ်တစ်ပါး
တရားမလျော်.. ကျင့်မတော်... သေသော်မချောင် ဖြစ်တတ်သည် ။
၉.. #နစ်တစ်ပါး
တဏှာလောဘ... မျက်ဒေါသ မောဟအပါယ်နစ်တတ်သည်။
၁၀... #သစ်တစ်ပါး..
ဖြတ်တန်း.. ဖြတ်စား မသေချာ ...မှုမှာတစ်ဖန် သစ်တတ်သည် ။
No comments:
Post a Comment