စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 8, 2015

ဂုဏ်​​တော်​ကိုးပါး

ဘုရားဂုဏ်တော်..၉.ပါး
၁.. အရဟံ...   လူနတ်တို့၏ ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား ။
၂.. သမ္မာသမ္ဗု ဒ္ဓေါ..  အလုံးစုံသော တရားတို့ကို မဖောက်မပြန်ကိုယ်တော်တိုင်သိတော်မူသောမြတ်စွာဘုရား။
၃.. ၀ိဇ္ဇာစရဏသမ္ဗန္နော..  ၀ိဇ္ဇာသုံးပါး..၀ိဇ္ဇာ ရှစ်ပါး.. စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။
၎..  သုဂတော.. .. ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ။
၅..လောက၀ိဒူ..  လောကသုံးပါးကို သိတော်မူတတ်သောမြတ်စွာဘုရား ။
၆.. အနုတ္တရောပုရိသဒမ္မသာရထိ။  အတုမရှိမြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသော လူယောကျာ်း နတ်ယောက်ျား .. တိရစ္ဆာန်ယောက်ျား တို့ကိုယဉ်ကျေးအောင်ဆုံးမတော်မူတတ်သော မြတ်စွာဘုရား ။
၇.. သတ္ထာဒေ၀မနုဿ နံ..  နတ်..လူ..တို့၏ ဆရာဖြစ်တော်မူတတ်သော မြတ်စွာဘုရား ။
၈.. ဗုဒ္ဓေါ... သစ္စာလေးပါးကို သိတော်မူတတ်သောမြတ်စွာဘုရား ။
၉.. ဘဂ၀ါ..   ဘုန်းတော်အလွန်ကြီးတော်မူတတ်သောမြတ်စွာဘုရား ။

No comments:

Post a Comment